အရေပြားကင်ဆာရောဂါဖြစ်နေလို့ ဓာတ်ရောင်ခြည်နဲ့ အထူးသီးသန့် ကုသခဲ့ရတဲ့ ခြင်္သေ့

တောင်အာဖရိကနိုင်ငံ Tashwane မြို့က ဆေးရုံတစ်ရုံမှာ ကင်ဆာရောဂါအတွက် ဓာတ်ရောက်ခြည်ကုထုံး ခံယူနေတဲ့ ခြင်္သေတစ်ကောင်ရဲ့ ဓာတ်ပုံတွေဟာ အခု အင်တာနက်ပေါ်မှာ အာရုံ စွဲဆောင်မှုတစ်ရပ်လို့ ရှိနေပါတယ်။

Kara Heynis, Lory Park Zoo

ခြင်္သေ့ရဲ့ နာမည်ဟာ Chaos လို့သိရပြီး အသက် ၁၆ နှစ်အရွယ်ရှိနေပါပြီ။  ပြီးခဲ့တဲ့ အင်္ဂါနေ့က ခြင်္သေ့ကြီးဟာ Muelmed Mediclinic ဆေးရုံမှာ အရေးပြာကင်ဆာအတွက် ကုသမှု ခံယူခဲ့ရပါတယ်။ ဆေးရုံမှာ ၄င်းရဲ့ ပထမဆုံး ဓာတ်ရောင်ခြည်ကုသမှု ခံယူနေပုံတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တခြားလူနာတွေ ထိတ်လန့်မှာ၊ မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်မှာစိုးလို့ ဆေးရုံရဲ့ အနောက်ဘက်က အခန်းတစ်ခုမှာ သီးသန့်ပြင်ဆင်ပြီး ကုသမှုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ Chaos ရဲ့ပိုင်ရှင်ဟာ Lory Park Zoo က Kara Heynis ဆိုသူဖြစ်ပါတယ်။  Lory Park Zoo က တိရိစ္ဆာန်နဲ့ ဇီးကွက် ဘေးမဲ့တောဖြစ်ပြီး တောင်အာဖရိကနိုင်ငံ မစ်ဒ်ရန်းဒ် မှာတည်ရှိပါတယ်။

READ
နံရံပေါ်မှာ အေးခဲပြီးသေဆုံးနေခဲ့တဲ့ အမြင့်တက်သမားတစ်ဦးရဲ့ ဖြစ်ရပ်
Kara Heynis, Lory Park Zoo

ခြင်္သေ့ဟာ ဆေးရုံမှာ ဓာတ်ရောင်ခြည်ကုထုံးကို စုစုပေါင်း လေးကြိမ် ခံယူရမှာဖြစ်ကြောင်း News 24 ရဲ့ဖော်ပြချက်များအရသိရပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ဓာတ်ရောင်ခြည်ကုထုံးအတွက် ပစ္စည်းကိရိယာ လုံလုံလောက်လောက်မရှိတဲ့အတွက် သီးသန့် ဆက်တင်ပြုလုပ်ပြီး ဆောင်ရွက်ကြရတာဖြစ်ပါတယ်။

အလေးချိန် ပေါင် ၅၇၀ ရှိတဲ့ ခြင်္သေ့ကြီးရဲ့ ကုသမှုမှာ ရေဒီယို သတ္တိကြွ ဒြပ်မှုန်များနဲ့ ကုသတဲ့ ပညာရှင် အဖွဲ့ ငါးဖွဲ့နဲ့ ကင်ဆာကုသရေး အဖွဲ့တစ်ဖွဲ့ ပါဝင်ကြောင်းလည်း သိရပါတယ်။

Kara Heynis, Lory Park Zoo

လွန်ခဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက ခြင်္သေရဲ့ နှာခေါင်းပေါ်က ဒဏ်ရာကို ဓာတ်ခွဲစစ်ဆေးကြည့်တဲ့အခါ ကင်ဆာရောဂါ ဖြစ်နေတာကို တွေ့ရှိခဲ့ရတာကြောင့် အခုလို ကုသဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ကုသတဲ့ ဆက်ရှင်မှာ မျက်လုံးတွေ၊ နှာခေါင်းရဲ့ ကောင်းမွန်တဲ့ ကျန်အပိုင်းတွေကို ဖုံးအုပ်ပြီး ကုသတာကို တွေ့ရပြီး အချိန် ငါးမိနစ်ကြာမြင့်ခဲ့တယ်လို့ The Times သတင်းဌာနရဲ့ ဖော်ပြမှုများတွေ့ရပါတယ်။

READ
အလုပ်သမလေးနဲ့ နှုတ်ခမ်းချင်းနမ်းခဲ့တဲ့ သမ္မတဒူတာတေးရဲ့လုပ်ရပ် ဝေဖန်ခံနေရ

ဓာတ်ရောင်ခြည် ကုသထုံးက အင်မတန်ဈေးကြီးပေမယ့် သားသမီးတမျှ ချစ်မြတ်နိုးတဲ့အတွက် အခုလို လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ကုသမှုက တစ်လခန့် ကြာမြင့်မယ်လို့လည်း သိရပါတယ်။ ခြင်္သေတစ်ကောင်ရဲ့ သက်တမ်းဟာ သဘာဝတောရိုင်းထဲမှာဆို ၁၄ နှစ် ဖြစ်ပြီး စောင့်ရှောက်မွေးမြူမယ်ဆိုရင်တော့ ၂၂ နှစ်ထိ ရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: Fox News, DailyMail

Matthew (ShweMOM)

 

SHARE