အိပ်ပျော်နေတဲ့ ခြင်္သေ့မကို slow motion ကွက်နဲ့ သွားနှိုးဖို့ ကြိုးစားခဲ့တဲ့ ခြင်္သေ့ထီး

ခြင်္သေ့ထီးတစ်ကောင်ဟာ အိပ်ပျော်နေတဲ့ ခြင်္သေ့မတစ်ကောင်ကို သွားနှိုးရာမှာ ခြင်္သေ့မရဲ့ ဒေါသတကြီးနဲ့ ပြန်လည် ရန်တွေ့ခံရတဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ၄င်းဖြစ်ရပ်ဟာ ကင်ညာနိုင်ငံက မာဆိုင်မာရာ သဘာဝသစ်တောဝိုင်းထဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၄င်းခြင်္သေ့ထီးဟာ ခြင်္သေ့မနဲ့အတူရှိရာ ခြင်္သေ့အုပ်ထဲက ဖြစ်ပြီး သူမကို တိတ်တိတ်လေး ချောင်းမြောင်းနေခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ အိပ်ပျော်နေတဲ့ ခြင်္သေ့မတစ်ကောင်ကို တွေ့ရမှာဖြစ်ပါတယ်။ သူမရဲ့ နောက် မလှမ်းမကမ်းမှာတော့ ခြင်္သေ့ထီးတစ်ကောင်ကို တွေ့ရပါတယ်။ ခြင်္သေ့ထီးဟာ အိပ်ပျော်နေတဲ့ ခြင်္သေ့မနားကို ခြေသံလုံလုံနဲ့ တစ်လှမ်းချင်း လျှောက်လှမ်းလာပါတယ်။ ခြင်္သေ့ထီးဟာ လုံးဝကို အနှေးကွက်နဲ့ ခြေတစ်ဖက်ချင်းစီ ဖွဖွလေးနင်းပြီး ခြင်္သေ့မရဲ့ နောက်ပိုင်းကို ရုတ်တရက် ကိုက်လိုက်ပါတယ်။ လျင်မြန်လွန်းတဲ့ ခြင်္သေ့မဟာ ချက်ခြင်း ခုန်ထပြီး သူ့မကိုယ်သူမ ကာကွယ်လိုက်ပါတယ်။ ချက်ခြင်းပဲ ခြင်္သေ့ထီးကို ကြောက်စရာကောင်းလောက်အောင် ရန်စွာပြီး သူမရဲ့ ချွန်မြနေတဲ့ လက်သည်းတွေနဲ့ ကုတ်ဖဲ့ဖို့ ကြိုးစားပါတော့တယ်။

၎င်းဖြစ်ရပ်ကို ဂျိုရွှာလွန်ကူရှုဆိုသူ သစ်တောလမ်းပြတစ်ဦးက ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူက သူ့ရဲ့ လမ်းပြသက်တမ်း(၈) နှစ်တာမှာ အခုလိုဖြစ်ရပ်မျိုးကို တစ်ခါမှ မမြင်ဖူးကြောင်း ဆိုခဲ့ပါတယ်။ အသက်(၃၂) နှစ်အရွယ် ဂျိုရွှာက “ခြင်္သေ့ထီးက ဘာလို့ ဒီလိုလုပ်လဲဆိုတာ ခန့်မှန်းလို့ကို မရဘူး။ သူက လုံးဝအငြိမ်၊ တိတ်တိတ်လေးသွားနေတာ။ ခြင်္သေ့မဆီရောက်တော့ လှမ်းကိုက်လိုက်တာပဲ။ ခြင်္သေ့မကလည်း ချက်ခြင်းပဲ ထပြီး ပြန်တိုက်ခိုက်တာပဲ…”

READ
စိတ်ညစ်စရာကောင်းလောက်အောင် လွဲခဲ့ကြတဲ့ အသုံးအဆောင်ပစ္စည်းပုံစံများ

“ကျွန်တော့် အတွေ့အကြုံ(၈) နှစ်မှာတော့ ဒါမျိုးတစ်ခါမှ မမြင်ဖူးဘူး။ အဲဒါ ခြင်္သေ့မလည်း နိုးလို့ နှစ်ကောင်ရန်လည်း ဖြစ်ရော၊ သူတို့အုပ်စုထဲက အခြားခြင်္သေ့တွေပါ သူတို့နား ၀ိုင်းလာတယ်။ ဘာဖြစ်ကြတာလည်းဆိုတဲ့ သဘောပေါ့ဗျာ…” လို့ ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE