ငွေလိမ်သွားတဲ့ Black Pink မန်နေဂျာဟောင်း အကြောင်း ပြောပြလိုက်တဲ့ Lisa သူငယ်ချင်း

IG/blackpinkofficial

Black Pink အဖွဲ့ရဲ့ မန်နေဂျာဟောင်း ဖြစ်သူက Lisa ဆီကနေ ငွေအမြောက်အများ လိမ်ယူခဲ့တာကို သိပြီးကြပြီး ဖြစ်မှာပါ။ ဒါကြောင့် လီဆာနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က မန်နေဂျာဟောင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ အချက်တစ်ချို့ကို ထုတ်ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ …

သူပြောတဲ့ အချက်တွေအရ ဒီမန်နေဂျာက Black Pink ပွဲဦးမထွက်ခင်တည်းက အတူရှိနေတဲ့သူ ဖြစ်ပြီး အဖွဲ့ဝင်တွေအပေါ် ကြင်နာမှုနဲ့ စိတ်ရင်းကောင်းသူလို့ ထင်ရပါတယ်လို့ ဆိုပါတယ်။ ထုတ်လုပ်သူ Teddy ပြီးရင် Black Pink ရဲ့ အယုံကြည်ရဆုံးသူလည်း ဖြစ်ပါတယ်။

ထူးခြားချက်ကတော့ အဲ့ဒီမန်နေဂျာက ပုံစံပြောင်းလာတာပါပဲ။ ဘာကြောင့်ဆိုတာတော့ အကုန်လုံးက မသိခဲ့ကြပါဘူး။ သူငယ်ချင်း ဖြစ်သူ ကြားထားတဲ့အထဲမှာတော့ မန်နေဂျာဖြစ်သူက ကိုယ်ပိုင် Entertainment ထူထောင်တော့မယ်လို့ သိခဲ့ပြီး အဲ့အတွက် ငွေတွေ အများကြီး သုံးခဲ့တယ်လို့ ပြန်ကြားထားရပါတယ်။ ဒါကြောင့်ပဲ အကြွေးကိစ္စတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ပဲ သူက လောင်းကစားတွေကို စလုပ်ခဲ့ပြီး ငွေတွေ အများကြီးလည်း နိုင်ခဲ့တယ်လို့ ကြားခဲ့ပါသေးတယ်တဲ့။ ဒါပေမယ့် လောင်းကစားရှုံးပြီးတဲ့နောက်မှာတော့ ပိုပြီး လောင်းကစား လုပ်တာကို စွဲလမ်းနေခဲ့ပါတယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

View this post on Instagram

#BLACKPINK #LISA

A post shared by BLΛƆKPIИK (@blackpinkofficial) on

Lisaရဲ့ သူငယ်ချင်း ဖြစ်သူကတော့ ဒီမန်နေဂျာက Lisa ကို နိုင်ငံခြားသားဆိုပြီး လိမ်လည်ဖို့ ပစ်မှတ်ထား ကြံစည်ခဲ့ပုံပါပဲ။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ မိသားစုက ကိုရီးယားမှာ ရှိပေမယ့် Lisa ကတော့ ဒီမှာ မရှိနေတော့ သူ့အတွက် အကြံကောင်း ဖြစ်သွားပုံပဲလို့ ပြောခဲ့ပြီး ဒီလို အခြေအနေဖြစ်သွားလို့ Lisa က အရမ်း စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ သူမ ယုံကြည်ထားတဲ့သူဆီက အခုလို သစ္စာဖောက်ခံရဖို့ မမျှော်လင့်ထားပုံပါပဲလို့ ဖြေသွားခဲ့ပါတယ်။

READ
မိန်းကလေးတိုင်း လိုချင်တဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်ထားတဲ့ ပတ်ထရစ်ရှာ

Kham

SHARE