အမေရိကန်ရဲ့ပထမဆုံးကပြားလွှတ်တော်အမတ် ဖြစ်လာဖို့ရှိနေတဲ့ အလှမယ်ဟောင်း

Twitter "Las Vages Review"

ကိုရီးယားအမေရိကန် ကပြားမလေးဖြစ်တဲ့ Lisa Song Sutton (@lisasongsutton) ဟာ (၂၀၁၄)ခုနှစ်က Miss Nevada United States 2014 အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးလောကကို စတင်ခြေချလာတဲ့ သူမဟာ ဝါရင့်နိုင်ငံရေးသမား Stephen Horsford ကို ယှဉ်ပြိုင်ရဖို့ရှိပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ လွှတ်တော်ထဲကို အာရှ-အမေရိက ကပြားမလေးတစ်ယောက် ပထမဆုံးရောက်ရှိလာမယ့် ခြေလှမ်းပါပဲ။ 

သူမဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ကတော့ ကောင်တီ(၇)ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ်ရဲ့ စတုတ္ထမြောာက် မဲဆန္ဒနယ်ဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်အတွင်းမှာ ပါဝင်တဲ့ ကောင်တီတွေကတော့ Esmeralda, Lincoln, Mineral, Nye , White Pine နဲ့ မြောက်ပိုင်းကောင်တီ Clark အပြင်၊ တောင်ပိုင်းကောင်တီ Lyon တို့ ပါဝင်ပါတယ်။

 

အလှမယ်ဟောင်း Sutton ဟာ Political science နဲ့ ဥပဒေဘွဲ့တွေကို University of Arizona နဲ့ University of Miami တို့ကနေ အသီးသီးရယူခဲ့သူဖြစ်ပြီး၊ (၂၀၁၂)မှာ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Sin City Cupcakes ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အခုဆို သူမတို့လုပ်ငန်းဟာ လက်စ်ဗီးဂက်စ်မှာ အထင်ကရ အောင်မြင်တဲ့လုပ်ငန်း ဖြစ်နေပါပြီ။

အဲဒီနောက် Sutton ဟာ အထင်ကရစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ Ship Las Vegas, Elite Homes – Christie’s International Real Estate နဲ့ Liquid & Lace Swimwear လုပ်ငန်းတွေကို ဆက်လက်တည်ထောင်ခဲ့ရာ၊ နှစ်အနည်းငယ်အတွင်းမှာပဲ သန်းကြွယ်သူဌေးမဘဝကို ရောက်ရှိလာခဲ့ပါတယ်။ Sutton ဟာ အစက နိုင်ငံရေးနဲ့ မပတ်သက်ချင်ပါဘူးတဲ့။

သူမက “ နိုင်ငံလောကထဲဝင်မယ်ဆိုပြီး ကျွန်မ တစ်ခါမှ မစဉ်းစားမိပါဘူး … ဒါပေမယ့် ကျွန်မဒုတိယနေရာမှာ Shipping store တစ်ခုကို ဖွင့်တော့ .. အဲဒီမှာ ကျွန်မစဉ်းစားမိတာက အဲဒီနေရာဟာ လက်ရှိအရွေးချယ်ခံ လွတ်တော်အမတ်တွေ လုံးဝ မေ့ပစ်ခံနေရတယ်ဆိုတာပါ … တစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်ခဲ့မိတာ ”လို့ ပြောခဲ့ပါတယ်။

သူမက “ ပြောရရင်တော့ အများကြီးပဲ .. ကျွန်မတို့ ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းကိုင်ငန်း ကောင်းကြသော်လည်း အခြေခံရင်းမြစ်တွေကို ဒေသခံတွေ ခံစားရမှုနည်းပါးတာ … စစ်ပြန်တွေဟာ လိုအပ်တဲ့ထောက်ပံ့မှုတွေ မရတာ … ခရိုင်ရဲ့စီးပွားရေး အသိုင်းအဝန်းကိုလည်း လွတ်တော်အမတ်တွေက မျက်ကွယ်ပြုထားတယ် … ”

“ထပ်ပေါင်းပြောရရင် ကျွန်မတို့အစိုးရဟာ သူတို့ကို မဲပေးရွေးချယ်ခဲ့သူတွေရဲ့ တစ်ဦးချင်းကို ဖြစ်နိုင်သမျှ ကိုယ်စားပြုဖို့လိုပါတယ် … အမျိုးသမီးတွေ နေရာပေးဖို့ လိုအပ်တယ် … အာရှအမေရိကန်နွယ်ဖွားတွေကို နေရာပေးဖို့ လိုအပ်တယ် … လူနည်းစုနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အသံကို နားထောင်ဖို့ လိုအပ်ပါတယ် ”လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

 

လင်းဇော်ကို

SHARE