ပထမနေရာကပြုတ်သွားခဲ့တဲ့စင်္ကပူနဲ့ ၂၀၁၉ ရဲ့ အကောင်းဆုံးလေကြောင်းလိုင်းများ

Dmitry Birin/Shutterstock

နိုင်ငံတွင်းခရီးသွားတဲ့အခါ လေကြောင်းလိုင်းကို သိပ်ပြီး အသုံးမပြုတတ်ကြပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ သွားလာတဲ့အခါမျိုးမှာတော့ အချိန်ကုန်လူပင်ပမ်းသက်သာအောင် လေယယာဉ်တွေကို အသုံးပြုကြတာ ပိုများပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသွးတွေဆီက ကိုယ်တွေ့အတွေ့အကြုံတွေကို စစ်တမ်းကောက်ပြီးမှ လန်ဒန်အခြေစိုက် Skytrax မှ ပြန်လည်စီစစ်ကြတာလို့ Straits Times မှ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်အတွက်ကိုတော့ စက်တင်ဘာ ၂၀၁၈ မှ မေလ ၂၀၁၉ ခုနှစ်အထိ စစ်တမ်းတွေကို စီစစ်ခဲ့ပါတယ်။

မနှစ်တုန်းက ပထမနေရာမှာ ဗိုလ်စွဲနေတဲ့ စင်္ကပူလေကြောင်းလိုင်းကတော့ ဒီနှစ်အတွက်ကိုတော့ ပထမနေရာကနေ ဆင်းပေးလိုက်ရပါပြီ။ အကောင်းဆုံးဝန်ထမ်းဝန်ဆောင်မှု၊ အကောင်းဆုံးပထမတန်းဝန်ဆောင်မှု၊ အာရှရဲ့အကောင်းဆုံးလေကြောင်းလိုင်းစတဲ့ ဆုတွေကို ရရှိခဲ့တဲ့ စင်္ကာပူလေကြောင်းလိုင်းကို ကျော်ဖြတ်သွားတာကတော့ ကာတာလေကြောင်းလိုင်းပါ။

stocksnap/Pixabay

ကာတာဟာ ဒီနှစ်နဲ့ဆိုရင်တော့ ပထမနေရာကို ဗိုလ်စွဲခဲ့တာ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်တို့နဲ့ဆိုရင် ၅ ကြိမ်တိုင်တိုင်ရှိနေခဲ့ပါပြီ။ အရှေ့အလယ်ပိုင်းရဲ့ အကောင်းဆုံး business class ကိုပပိုင်ဆိုင်ထားပြီး ဝန်ဆောင်မှုအကောင်းဆုံး လေကြောင်းလိုင်းတစ်ခုပဲဖြစ်ပါတယ်။

READ
ပိုက်ဆံမကုန်ပဲ ချက်ခြင်းစလုပ်နိုင်တဲ့ အွန်လိုင်းအလုပ်အကိုင်များ
Dmitry Birin/Shutterstock

ဂျပန်တို့ရဲ့ နိပွန်းလေကြောင်းလိုင်းကတော့ တတိယနေရာမှာရှိနေခဲ့ပြီး ဟောင်ကောင်ရဲ့ Cathay Pacific နဲ့ Emirates တို့ကတော့ စတုတ္ထနဲ့ ပဉ္စမနေရာတို့မှာ အသီးသီးရှိနေကြပါတယ်။ ထူးထူးခြားခြား အဆင့် ၁ ထဲပါလာတာကတော့ ထိုင်းလေကြောင်းလိုင်းပါပဲ။ ထိုင်းလေကြောင်းလိုင်းဟာ အကောင်းဆုံးဒေသဆိုင်ရာဆုကိုလည်း ရရှိခဲ့တာကြောင့် တော်တော်လေးချီးကျူးဖို့ကောင်းနေပါတယ်။

Arocha Jitsue/Shutterstock

WORLD’S BEST AIRLINES 2019 ရဲ့ စာရင်းတွေကတော့..

(၁) Qatar Airways

(၂)  Singapore Airlines

(၃) ANA All Nippon Airways

(၄) Cathay Pacific

(၅) Emirates

(၆) EVA Air

(၇) Hainan Airlines

(၈) Qantas Airways

(၉) Lufthansa

READ
အသက်မပြည့်သူတွေ ဝင်ရောက်ခွင့် တားမြစ်ထားသည့် နိုင်ငံအနှံ့မှနေရာများ

(၁၀) Thai Airways

စာရင်းထဲမပါပေမယ့်လည်း မလေးရှားအခြေစိုက် Air Asia ဟာ ကမ္ဘာ့အကောင်းဆုံး စရိတ်စကသက်သာတဲ့ လေကြောင်းလိုင်းဆုကို ရရှိခဲ့ပြီး ဖိလစ်ပိုင်လေကြောင်းလိုင်းကတော့ အတိုးတက်ဆုံးလေကြောင်းလိုင်းအဖြစ်၊ Atar Alliance ကတော့ အကောင်းဆုံးမဟာမိတ်လေကြောင်းလိုင်းအဖြစ်အသီးသီးရရှိခဲ့ကြပါသေးတယ်။

Penny

SHARE