Bruce Lee ပုံစံဖမ်းပြီး နန်ချပ်ကူကို အကြမ်းကြီးကစားပြသွားတဲ့ Six Packs နဲ့ ကလေးလေး

YouTube- Little Big Shots Aus

နန်ချက်ကူတို့ရဲ့ဘုရင်လို့တောင် လူတွေတင်စားကြတဲ့ Bruce Lee ကိုတော့အားလုံးသိကြမယ်ထင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Bruce Lee အသေးစားလေးဆိုပြီး နာမည်ကြီးနေတဲ့ ကလေးလေးတစ်ယောက်အကြောင်းလေးပါ။

ကောင်လေးနာမည်ကတော့ Ryusei Imai ပါတဲ့။ ဂျပန်နိုင်ငံ Nara မှာနေထိုင်ပါတယ်။ အသက်ကတော့ အခုဆိုရင် ၈ နှစ်ကျော်လောက်ရှိနေပါပြီ။ ဗီဒီယိုရိုက်ထားတုန်းကတော့ ၇ နှစ်သာသာသာရှိပါသေးတယ်။

READ
အဆော့လွန်ပြီး ညပ်မိသွားတဲ့ ချစ်စဖွယ်ခွေးလေးများ

သူ့ရဲ့အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကောင်ကတော့ Bruce Lee ပါတဲ့။ ခန္ဓာကိုယ်ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုယ်ခံပညာတတ်ကျွမ်းအပြင် နန်ချက်ကူကစားရာမှာလည်း အရမ်းကို တစ်ဖက်ကမ်းခက် တတ်ကျွမ်းလှတဲ့ Bruce Lee ဟာ Imai လေးရဲ့ idol ဖြစ်နေခဲ့တာပါ။

YouTube- Little Big Shots Aus

Imai လေးဟာ အသက် ၄ နှစ်အရွယ်ကတည်းက ခန္ဓာကိုယ်ကျစ်လျစ်ဖို့အတွက် လေ့ကျင့်ခန်းတွေဆက်တိုက်လုပ်လာခဲ့ပြီး တစ်ဆက်တည်းမှာတင် ကိုယ်ခံပညာနဲ့ နန်ချက်ကူကိုပါ ပူးတွဲသင်ယူလေ့ကျင့်နေခဲ့တာပါ။ အံ့သြစရာကောင်းလွန်းလှအောင် အသက်ငယ်ငယ်လေးနဲ့ ကြွက်သားအဖုအထစ်တွေထွက်နေခဲ့ပါသေးတယ်။

YouTube- Little Big Shots Aus
YouTube- Little Big Shots Aus

သူ့ရဲ့နန်ချက်ကူစကေးကြောင့်လည်း ရုပ်သံအစီအစဉ်တွေ၊ သတင်းတွေမှာ ခဏခဏဖော်ပြခ်ြငး ခံထားရသူတစ်ဦးဖြစ်တဲ့အတွက် ၂၀၁၆ ခုနှစ်တုန်းကလည်း American’s Got Talent မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါသေးတယ်။

ဒါကတော့ သူ့ရဲ့ နောက်ဆုံးရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးပဲဖြစ်ပါတယ်။

https://www.facebook.com/lovewhatyouhave.official/videos/535256433799549/?v=535256433799549

penny

SHARE