အမှတ်မထင်လုပ်မိနေပြီး ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ အမူအကျင့်(၄) မျိုး

လူတွေဟာ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေလုပ်မှ ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်မယ်ဆိုပြီး တွေးကြပါတယ်။ ဒါပေမယ့် လူတွေနေ့တိုင်းလုပ်နေကြတဲ့ အမူအကျင့်တွေထဲမှာလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေ ရှိပါတယ်။ တစ်ချို့အမူအကျင့်တွေဆိုရင် ကိုယ့်ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာတောင် မသိပဲ လုပ်မိနေတာ ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ နေ့စဉ်ဘ၀မှာ ဆင်ခြင်သင့်တဲ့ ကျန်းမာရေးအလေ့အထလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပလတ်စတစ်ဘူး၊ ခွက်တွေနဲ့ ရေသောက်ခြင်း

Alibaba & SPATZ

Bisphenol A (BPA) ပါဝင်တဲ့ ရေဘူးတွေဟာ မျိုးပွားမှုကို ထိခိုက်စေနိုင်သလို အ၀လွန်မှုကို မြင့်မားစေပါတယ်။ ပလတ်စတစ်ဘူးတွေကို မဆေးကြောပဲ ရေထည့်ထည့်သောက်တဲ့ အလေ့အကျင့်ကလည်း ဘက်တီးရီးယားတွေ ပေါက်ပွားနှုန်းကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် BPA Free လို့ ရေးသားထားတဲ့ ပလတ်စတစ်ဘူး၊ စတိန်းလက်စတီးဘူးတွေနဲ့ ဖန်ခွက်တွေကိုသာ အသုံးပြုသင့်ပါတယ်။ အသုံးပြုတဲ့ရေဘူးကိုလည်း ဆပ်ပြာနဲ့ ပုံမှန်ဆေးကြောသင့်ပါတယ်။

အခန်းထဲ အနေများခြင်း

Shutterstock & We Heart It

အိမ်ပြင်မထွက်ပဲ အခန်းထဲမှာ နေတာများလာရင် ကျန်းမာရေးထိခိုက်လာပါတယ်။ လုံလောက်တဲ့နေရောင်ခြည်မရတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနာရီဇယားဟာ လုပ်ဆောင်မှုချို့ယွင်းပြီး အိပ်ရေးမ၀တာ၊ အစားအသောက်ပျက်တာတွေ ဖြစ်လာပါတယ်။ နေရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရဲ့ ဆယ်ရိုတိုနင်ပမာဏကို တိုးမြှင်စေတာကြောင့် စိတ်ကျဝေဒနာကို သက်သာစေပါတယ်။ အပြင်မထွက်၊ နေရောင်မရှိပဲ အခန်းထဲနေတာ များလာတဲ့အခါ စိတ်ကျဝေဒနာဆီကို တွန်းပို့နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မနက်ပိုင်းအနည်းဆုံး (၄၅) မိနစ်လောက် မနက်စောစောနေရဲ့ အနွေးဓာတ်ကို ခံယူသင့်ပါတယ်။

READ
အနမ်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးပြဿနာ(၄)မျိုး

ဖုန်းသုံးခြင်း

Source: Videoblocks

အခုအခါ လူတွေဟာ ဖုန်းအသုံးများလာကြပါတယ်။ တစ်ချိန်လုံး ကွန်ပြူတာနဲ့ ဖုန်းသုံးနေရတဲ့ အလုပ်သဘာဝကိုက စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေကို မြင့်တက်လာစေပါတယ်။ လူတွေဟာ တစ်ခုကနေ တစ်ခုကို အာရုံပြောင်းရတဲ့အခါ ကြာလာလို့ရှိရင် စိတ်စုစည်းမှုတွေ လျော့ကျလာတတ်ပါတယ်။ ဥပမာ..တစ်ခုခုလုပ်ကိုင်နေရင်းနဲ့ ဖုန်းဖြေလိုက်၊ ဖုန်းထဲရောက်လာတဲ့ စာကို ပြန်ဖြေလိုက်၊ အီးမေးလ်ရောက်လာသလား စစ်ကြည့်လိုက် စသဖြင့် ဦးနှောက်ကို ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက် ခိုင်းနေရင်းက ကြာလာလို့ရှိရင် ဦးနှောက်အာရုံစူးစိုက်မှုမှာ ပြဿနာရှိလာပါတယ်။ ဒါကိုဖြေရှင်းဖို့ကတော့ တစ်ပတ်မှာ တစ်ရက်လောက် အင်တာနက်နဲ့ ဝေးနေလိုက်ပါ။ စိတ်ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်ဆိုပြီး ပညာရှင်တွေက ဆိုပါတယ်။

အစားအသောက်တွေကို မကြာခဏ ပါဆယ်ဆွဲစားခြင်း

Source: CNN & Steemit

အစားအသောက်ကို ယူဆောင်ရလွယ်ကူအောင် ထုတ်ပိုးရတဲ့ ပစ္စည်းတွေထဲမှာ စတိုင်ရင်းဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ လူတွေစားသောက်တဲ့ အစားအသောက်နဲ့ ဖျော်ရည်တွေထဲကို စိမ့်ဝင်နိုင်ပါတယ်။ စတိုင်ရင်းလို ဓာတုပစ္စည်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမမျှဖြစ်တာတွေ၊ မျိုးမအောင်တာတွေနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် အသင့်ထုတ်ပိုးပြီးသား အစားအသောက်တွေမှာလည်း ဆိုဒီယမ်နဲ့ တာရှည်ခံပစ္စည်းတွေ အများကြီးပါတဲ့အတွက် ရေရှည်ကျရင် သွေးတိုးနဲ့ အသည်းရောဂါတွေပါ ၀င်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် အစားအသောက်တွေကို ချက်ပြုတ်စားတာကတော့ ဘေးအကင်းဆုံးပါ။ တကယ်လို့ ဆိုင်က၀ယ်စားတဲ့အခါမှာလည်း တတ်နိုင်လို့ရှိရင် ဖော့ဘူးတွေ၊ ပလတ်စတစ်ဘူးတွေနဲ့ သယ်လာမယ့်အစား အိမ်က စတီးချိုင့်၊ ကြွေခွက် စသဖြင့်ယူသွားပြီး ပါဆယ်ဝယ်လာတာ ပိုကောင်းပါတယ်။

READ
တင်ပါးရိုးအာရုံကြော ရောင်ရမ်းနာကျင်မှုကို သက်သာစေမယ့် နည်းလမ်း

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE