မိဘတွေသင်ထားတဲ့နည်းလမ်းကြောင့် မသမာသူတွေလက်ထဲကလွတ်မြောက်ခဲ့တဲ့ကလေးမလေး

pixabay/user:5762918

ခုခေတ်မှာ ကလေးလူကြီးမရွေး မသမာသူတွေရဲ့ ကြံစည်မှုတွေကို သတိထားနေနိုင်ကြမှ တော်ကာကျတာပါ။ အရွယ်ရောက်ပြီးသား လူတွေအနေနဲ့လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုမြင်တတ်၊ ကြိုကာကွယ်တတ်ရပြီး ကလေးတွေအနေနဲ့လည်း မိဘတွေက ရင်အုပ်မကွာ စောင့်ရှောက်ကြရသလို ခဏလေးဖြစ်ဖြစ် မိဘမျက်စိအောက်က လွတ်သွားတဲ့အချိန်တွေမှာလည်း ကလေးတွေရဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြပါတယ်။

pixabay/cherylholt

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ ကလေးမလေးတစ်ယောက်ဟာ မိဘတွေ သင်ပေးထားတဲ့ နည်းလမ်းနဲ့ အန္တရာယ်ကြီးတစ်ခုကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒေသခံ ရဲမှူးရဲ့ ပြောကြားချက်အရ ၁၀ နှစ်သမီးအရွယ် ကလေးလေးဟာ North Pecan Creek ဆိုတဲ့ ရပ်ကွက်ရဲ့ ပန်းခြံတစ်ခုအနားမှာ သူငယ်ချင်းနဲ့အတူ လမ်းလျှောက်နေခဲ့ကြတာပါ။ ထိုစဉ် ကလေးမလေးတွေ ဘေးနားကို SUV ကားတစ်စီး ရောက်လာခဲ့ပြီး ကလေးမလေးရဲ့ အစ်ကိုတွေက အက်ဆီးဒင့်တစ်ခု ကြုံရတာကြောင့် သူနဲ့အတူလိုက်ခဲ့ဖို့ ကလေးမလေးကို ခေါ်ခဲ့ပါတယ်။

ကလေးမလေး ပြန်ပြောခဲ့တဲ့စကားကတော့ ကားပေါ်က လူကြီးကို မေးခွန်းတစ်ခု ပြန်မေးခဲ့တာပါ။ လျို့ဝှက်စကားလုံးက ဘာလဲ ဆိုပြီးတော့ပါ။ ကလေးမလေးရဲ့ မေးခွန်းကို မဖြေနိုင်တဲ့ ကားသမားကြီးလည်း အကျပ်ရိုက်ပြီး ကားဆက်မောင်းထွက်သွားခဲ့ပါတော့တယ်။ အဆိုပါ ကားဟာ ထိုပတ်ဝန်းကျင်အနီး ပတ်မောင်းနေတာ မကြာမကြာ တွေ့ကြရတယ်လို့လည်း နေထိုင်သူတွေက ပြောကြပါတယ်။

READ
(၂၀၂၀) သမ္မတနေရာအတွက် The Rock ကြီးက ၀င်ရောက်ယှဉ်ပြိုင်မယ်တဲ့....
pixabay/m_belenrodriguez

“ဒီအရာက သမီးလေးရဲ့ အသက်ကို ကယ်ခဲ့တာပါ။ အဲ့လို စကားဝှက်ထားဖို့ အိုင်ဒီယာကလည်း လွန်ခဲ့တဲ့လအနည်းငယ်လောက်ကမှ ရခဲ့တာပါ” လို့ ကလေးမိခင် Brenda James က ABC15 သတင်းအင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ ရဲမှူး Mark Lamb ကလည်း ကလေးလုံခြုံရေးအတွက် ကလေးကို အခုလို ရိုးရှင်းထိရောက်စွာ သင်ပေးထားတဲ့ မိဘတွေကို ချီးကျူးခဲ့ပြီး အခြားမိဘတွေလည်း အလားတူအခြေအနေမျိုးအတွက် မိမိရဲ့ ကလေးတွေကို သင်ပေးထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အနီးအနားပတ်ဝန်းကျင်မှာ နေထိုင်တဲ့ Patrick McDonald ဆိုသူလည်း သူတို့အပိုင်းဟာ အန္တရာယ်ကင်းပြီး တစ်စုံတစ်ခု ဆိုးဆိုးရွားရွားဖြစ်တာ မရှိဘူးသေးဘူးလို့ ဆိုပါတယ်။ လတ်တလောမှာတော့ ပန်းခြံနားမှာ SUV ကားတစ်စီး ပတ်သွားလေ့ရှိတာ မြင်ကြရပြီး ကားပေါ်က လူက ကလေးမလေးနဲ့ စကားပြောတုန်းက မျက်နှာကို လက်နဲ့ကာထားခဲ့သေးပါတယ်။ အသက်ကတော့ ၄၀ ဝန်းကျင်ဖြစ်ပြီး မုတ်ဆိတ်မွေး တိုတိုနဲ့လို့ ပြန်သိကြရပါတယ်။ သူတို့ပတ်ဝန်းကျင်က အန္တရာယ်ကင်းတယ်လို့ ပြောသူ Patrick McDonald ကတော့ သူ့ကလေးကို James တို့လို လျှို့ဝှက်စကားတွေ သင်ပေးထားတော့မယ် ဆိုပါတယ်။ ဒီကမိဘတွေလည်း မိမိကလေး ဘေးကင်းဖို့ အဲဒီ့လို နည်းလမ်းလေးတွေ သုံးကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

READ
Asia Model Festival ပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့ အသက်(၁၃)နှစ်အရွယ် မွန်ဂိုလီယားမော်ဒယ်လေး

Ref: Dailymail, Fox 10 Phoenix

SHARE