မိမိမှာ ကလေးအရွယ်ကတည်းက ကိုကြီးတွေကို သဘောကျတတ်နေသောအခါ…

ဒီရက်ပိုင်း၊ အင်တာနက်ပေါ်မှာ မကြာခဏတွေ့နေရတာကတော့ စန္ဒယားတီးနေတဲ့ ရုပ်ချောချောကောင်လေးရဲ့နံဘေးမှာ လာရပ်ပြီး မျက်နှာအမူအရာတွေလုပ်ပြနေတဲ့ ကလေးမလေးရဲ့ ဗီဒီယို ပါပဲ။

တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ထဲက စန္ဒယား သင်တန်းကျောင်းတစ်ခုထဲမှာ စန္ဒယားတီးနေတဲ့ ကောင်လေးတစ်ယောက်အနီးကို ကလေးတွေရောက်လာခဲ့တာဖြစ်ပြီး အဲဒီ ကောင်လေး စန္ဒယားတီးနေတာကို နံဘေးကနေ ကြည့်နေခဲ့ကြပါတယ်။

Goodtimes

ဒါပေမယ့် အဲဒီထဲက ကလေးမလေးတစ်ယောက်ကတော့ သူများတွေလို ငြိမ်ငြိမ်သက်သက် မကြည့်ပဲ ကောင်လေးနဲ့ နံဘေးမှာ မတ်တပ်လာရပ်နေခဲ့ပြီး သူရှိနေတာကို သတိထားမိအောင် ပြုလုပ်နေခဲ့တာပါ။

ဗီဒီယို ထဲမှာတော့ ကလေးမလေးရဲ့ မျက်နှာအမူအရာက တကယ့်ကို သဘောကျဖို့ကောင်းသလို ချစ်စရာလည်းကောင်းပါတယ်။

ကလေးမလေးက စန္ဒယားတီးနေတဲ့ကောင်လေး သူ့ကို သတိမထားမိမချင်း နှုတ်ခမ်းလေးကို စူထားခဲ့ပြီး ကောင်လေးကို ကြည့်နေခဲ့တာပါ။

Goodtimes

ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ အဲဒီ ကလေးမလေးရဲ့ အပြုအမူကို သဘောကျနေခဲ့ကြပြီး ငယ်ငယ်လေးကတည်းက အစ်ကိုကြီးတွေဆိုရင် သဘောကျနေတတ်တဲ့သူမျိုး လို့ မှတ်ချက်ပေးခဲ့ကြတာပါ။

READ
ထင်းဖြတ်စဉ် သူငယ်ချင်းရဲ့ငယ်ပါကို Chain Saw နဲ့မတော်တဆ တိုက်ဖြတ်မိခဲ့သည့်အမျိုးသား

ဒီဗီဒီယိုဖိုင်လေးက ကြည့်ရှုသူ သိန်းနဲ့ချီ ရှိခဲ့ပြီး ကလေးမလေးရဲ့ ချစ်စဖွယ်အမူအရာက အားလုံးကို သဘောကျစေခဲ့ပါတယ်။

當你看到天菜時

當你看到天菜時IG:https://www.instagram.com/mybosseatshit/

Posted by 上班滑手機 翹班吃東西 on Tuesday, July 3, 2018

Linn

Source : Goodtimes

SHARE