ပုံပြင်ထဲကအတိုင်းမဟုတ်တဲ့ စနိုးဝှိုက်နဲ့လူပုလေးတို့ရဲ့ စစ်မှန်တဲ့ချစ်ခြင်းတရား

Jason Magbanua

အပြင်ပန်းအလှအပတွေနဲ့ ငွေတွေဂုဏ်တွေပဲကြည့်နေကြတဲ့ခေတ်ကြီးထဲ သမန်အနေအထားနဲ့ လူသားတစ်ယောက်ကတောင်မှ တကယ့်အချစ်စစ်ကို ပိုင်ဆိုင်နိုင်ဖို့ ခက်ခဲနေကြပါတယ်။

အချစ်စစ်ဆိုတဲ့စကားလုံးဟာလည်း လူတွေနဲ့စိမ်းနေကြပါပြီ။ လူတစ်ယောက်အပေါ်ချစ်ခြင်းမချစ်ခြင်းဆိုတာကို တချို့ကတစ်ဖက်သားရဲ့ ရုပ်ရည်သွင်ပြင်ကြောင့်လို့ များသောအားဖြင့်ဆိုကြသလို တချို့ကျပြန်တော့လည်း ရုပ်အသွင်ပြင်လိင်အမျိုးအစားအသားရောင်စသည်ဖြင့် သူ့မှာရှိတဲ့ နှလုံးသားကလွဲပြီး သူပိုင်ဆိုင်သမျှအရာအားလုံးကို မျက်လုံးထဲမမြင်တော့ဘဲ ရင်ဘတ်ထဲ ပန်းတွေပွင့်လာတာလို့လည်း ဆိုကြပြန်တယ်။

အချစ်စစ်ဆိုတာ အဲဒီလိုပါပဲ တစ်ဖက်လူရဲ့ပြစ်ချက်တွေ၊ အားနည်းချက်တွေ ဘာဆိုဘာမှမမြင်နိုင်တော့ဘဲ သူဆိုရင်ကို ကိုယ့်ရင်ထဲအချစ်တွေနဲ့ ပြည့်နှက်နေတာမျိုးကို ဆိုလိုတာပါ။

ရခဲလှပြီး တိုတောင်းတဲ့ဘဝမှာ အချစ်စစ်ဆိုတဲ့ပန်းလေးကို ပန်ဆင်ခွင့်ရသွားတဲ့ ချစ်သူနှစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  သူတို့လေးတွေကတော့ ဖိလစ်ပိုင်နိုင်ငံက Elo နဲ့ Mara တို့ပဲဖြစ်ပါတယ်။ Mara ဟာ အမျိုးသမီးတစ်ဦးအနေနဲ့ အပြစ်ပြောစရာမလိုအောင် လှပချောမောပြေပြစ်သူလေးတစ်ဦးပါ။ ပုရိသတိုင်းလက်ထပ်ချင်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့ပြီး ထက်မြက်သူအမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ချစ်သူ Elo ကတော့ ခန္ဓာကိုယ်မဖွံ့ဖြိုးတဲ့လကက္ခဏာရှိနေသူတစ်ဦးပါ။

Jason Magbanua

တစ်ခါတစ်ရံတော့လည်း ကံတရားကြီးက သိပ်ကိုဆန်းကျယ်လွန်းလှပါတယ်။

READ
Relationshipတစ်ခုတည်မြဲဖို့ အရေးကြီးတဲ့အရာ(၅)ခု

ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လို့ရနိုင်တဲ့ အမျိုးသားတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားကမှ Mara ဟာ လူပုလေး Elo ကို သူမတစ်ဘဝလုံးစာလက်တွဲဖော်အဖြစ် ပြတ်ပြတ်သားသားဆုံးဖြတ်ချကာ ရွေးချယ်ခဲ့ပါတယ်။

Jason Magbanua

သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်း စစချင်းမှာတော့ ပြီးပြည့်စုံလှတဲ့ Mara ဘက်ကနေလိုက်ပြီး အားနည်းချက်ကြီးရှိနေတဲ့ Elo နဲ့ ပတ်ဝန်းကျင်က ဘယ်သူမှ သဘောမတူပါဘူး။ Mara ကိုလည်း သိုက်တူးတယ်လို့ဆိုကြပြီး လိုချင်တာရရင် ပစ်သွားမှာလို့ တချို့တွေကရက်ရက်စက်စက်ဝေဖန်ခဲ့ကြပါတယ်။

Jason Magbanua

ဒါပေမဲ့ အဆုံးသတ်မှာတော့ Mara နဲ့ Elo တို့ဟာ တစ်ဘဝစာအတွက် ရွှေလက်တွဲခဲ့ကြပါတယ်။ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်ပြုလုပ်ကာ လူသိရှင်ကြားလက်ထပ်ခဲ့ကြပါတယ်။

မင်္ဂလာပွဲမှာတစ်ဦးနဲ့တစ်ဦးရင်ထဲက ခံစားချက်တွေ၊ ကျေးဇူးတင်စကားတွေနဲ့ အပြန်အလှန်ကတိတွေပေးခဲ့ကြပါသေးတယ်။ အမြဲတမ်းလိုလို ဘုရားသခင်ကို Elo မေးတဲ့စကားတစ်ခွန်းရှိပါတယ်။ “ဘာကြောင့် ကျွန်တော်မှ ဒီလိုဖြစ်ရတာလဲ”။ သူ့ရဲ့ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး မကျေနပ်တဲ့အခါ သိမ်ငယ်တဲ့အခါမျိုး ဘုရားသခင်ကို မေးခွန်းပြန်ထုတ်ကာ အပြစ်တင်လေ့ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခုလိုပုံသဏ္ဍာန်ကြောင့် Mara နဲ့ တွေ့ခွင့်ရပြီးတဲ့အချိန်မှာတော့ ဘုရားသခင်ကို အပြစ်တင်မယ့်အစား ကျေးဇူးပဲတင်နေပါတော့တယ်လို့ Elo က မင်္ဂလာပွဲမှာ ပြောခဲ့ပါတယ်။

READ
ဆရာဝန်တွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းအရင်း

တစ်ဖန် Mara ဖက်မှလည်း Elo ကို တစ်ရက်ထက်တစ်ရက်ပိုချစ်ပေးပြီး အခက်အခဲတွေကြုံလာတဲ့အခါတိုင်း အေးအတူပူအမျှမခွဲမခွာအတူနေမယ်လို့ကတိပေးကြောင်းနဲ့ သူမရဲ့မကောင်းတဲ့ပြစ်ချက်တိုင်းကို ဖြည့်မြင်ပေးပြီး အရမ်းချစ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အခုကစလို့ သေသည်အထိ Elo အတွက် လိုအပ်နေတဲ့ ခြေတွေလက်တွေအဖြစ် သူမကထောက်ပံ့ပေးမှာဖြစ်ကြောင်း ကတိစကားဆိုခဲ့ပါတယ်။

ကတိသစ္စာပြုနေတဲ့တစ်လျှောက် တစ်ချက်တစ်ချက်ထွက်လာတဲ့ ရှိုက်သံတွေနဲ့ တုန်ရီသံတွေ၊ ငိုသံတွေကြောင့် ပွဲလာတဲ့ပရိတ်သတ်တွေအတွက်ကတော့ နှလုံးသားအရည်ပျော်သွားစေတဲ့ မင်္ဂလာပွဲလေးလို့ပြောလို့ရပါတယ်။

Jason Magbanua

မိဘအချင်းချင်းကလည်း အတားအဆီးမရှိသဘောတူကြပြီး နှစ်ဖက်ဆွေမျိုးများကလည်း ကြည်ဖြူကြကာ နှစ်ဦးသားလုံးကပါ အချင်းချင်းချစ်မြတ်နိုးနေတဲ့အတွက် ရုပ်ရည်သွင်ပြင်အရ ကြီးမားတဲ့ကွာခြားမှုရှိနေသော်ငြားလည်း Elo နဲ့ Mara တို့ဟာ လိုက်ဖက်ညီနေခဲ့ပါတော့တယ်။

အခုအခါမှာတော့ Elo နဲ့ Mara တို့မှာ သားဦးလေးတစ်ယောက် ထွန်းကားလို့နေပါပြီ။ Liam လို့ခေါ်တဲ့ မိသားစုရဲ့ရောင်ခြည်ဦးလေးဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ချို့ယွင်းချက်မရှိ မွေးဖွားလာခဲ့ပါတယ်။

 

A Dash of Jamie
Elite Readers

Source: Elite Readers

Penny

 

SHARE