လကမ္ဘာခရီးစဉ် သွား Apollo 11 ရဲ့ သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ် အချက် ၇ ချက်

chrisdorney/shutterstocl

ကမ္ဘမြေကနေ လကမ္ဘာကိုပထမဆုံးခြေချနိုင်ခဲ့တဲ့ နာဆာရဲ့ခရီးစဉ်ဟာ အမေရိကန်မှာသာမကလဲ ကမ္ဘာမှာလည်း သမိုင်းတွင်စရာဖြစ်ရပ်တစ်ခုအနေနဲ့ တည်ရှိသွာခဲ့ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့တုန်းက နှစ် ၅၀ ပြည့်သွားခဲ့ပါပြီ။ Apollo 11 ဆိုတဲ့ ခရီးစဉ်လေးရဲ့ လူသိနည်းခဲ့တဲ့ စိတ်ဝင်စားဖွယ်အချက်လေးတွေကို NBC News မှ ပြန်လည်ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) ဒီခရီးစဉ်အောင်မြင်ခဲ့တာဟာ အမေရိကန်သမ္မတ John F. Kennedy လက်ထက်မှာပါ။ သမ္မတ Kennedy ဟာ တီဗီဖန်သားပြင်ပေါ်မှာသာ Apollo 11 ကိစ္စနဲ့ပတ်သက်ပြီး အားတက်သရော မိန့်ခွန်းပြောနေခဲ့ပေမယ့် လက်တွေ့မှာတော့ လုံးဝစိတ်ကို မဝင်စားခဲ့တာပါတဲ့။ အဲဒီအချိန်တုန်းက အမေရိကန်မှာ လူဖြူလူမည်းပြဿနာတွေနဲ့ ဗီယက်နမ်ဖက်မှာလည်း ပြဿနာတွေ စရှိနေခဲ့တဲ့အချိန် ဖြစ်နေတာကြောင့်ပါ။

(၂) Apollo 11 ရဲ့ အာကာသယာဉ်မှူးဝတ်စုံတွေကို ချုပ်ပေးခဲ့တာကတော့ အတွင်းခံဝတ်ထုတ်တဲ့ ကုမ္ပဏီတစ်ခုကပါ။ Playtex လို့ ခေါ်တဲ့ အတွင်းခံဝတ်ကုမ္ပဏီတစ်ုဟာ နာဆာကနေပြီး အာကာသယာဉ်မှူးတွေအတွက် လေမရှိတဲ့လပေါ်မှာ လုံလုံခြုံခြုံနဲ့ သွားလာနိုင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ အာကာသပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီတစ်ခုလက်အောက်ကနေပြီး Playtex ဟာ အလုပ်လုပ်ခဲ့ရပေမယ့် ကုမ္ပဏီနှစ်ခုကြားက တင်းမာမှုတွေကြောင့် ပထမဒီဇိုင်းကို နာဆာကပယ်ချပစ်ခဲ့ပါတယ်။ ဒါနဲ့ပဲ Playtex ရဲ့ ဝန်ထမ်းတချို့ဟာ အာကာသကုမ္ပဏီမှာ သိမ်းထားတဲ့သူတို့ဝတ်စုံကို ပြန်အလစ်သုတ်ခဲ့ပြီး သူတို့နည်းသူတို့ဟန်နဲ့ တီိထွင်ကြံဆလိုက်တာ အောင်မြင်သွားခဲ့ပြီး ယနေ့အထိ နာဆာရဲ့ အာကာသယာဉ်မှူးဝတ်စုံတွေကို ထုတ်လုပ်နေဆဲပါပဲ။

READ
လေယာဉ်မောင်/လေယာဉ်မယ် ဖြစ်ဖို့ အခြေခံလိုအပ်ချက်(၉)ချက်
Everett Historical/shutterstocl

(၃) နာဆာဟာ Apollo 11 ပရောဂျက်ကို လုပ်သာလုပ်လိုက်ရတယ်၊ လုံးဝလုံခြုံစိတ်ချရတယ်လို့တော့ သူတို့ကိုယ်တိုင် အာမ,မခံခဲ့ပါဘူး။ တကယ်လို့ အာကာသယာဉ်သာ ပေါက်ကွဲပြီး ဆီကန်သာသွားထိခဲ့မယ်ဆိုရင် ပေါက်ကွဲမှုဟာ ပေပေါင်း ၁၄၀၀ လောက်အထိ ပျံ့ကျက်နိုင်တယ်ဆိုပြီး ခန့်မှန်းထားခဲ့ကြပါတယ်။ အပူချိန်အနေနဲ့ကတော့ ၂၅၀၀ ဒီဂရီဖာရင်ဟိုက်ရှိပါလိမ့်မယ်ပေါ့။ ဒါကြောင့် တကယ်တမ်း Apollo 11 လွှတ်တင်တဲ့အချိန်မှာ လာကြည့်ခဲ့တဲ့ သမ္မတ Lyndon Johnson နဲ့ အထူးဧည့်သည်တွေတောင် ပေ၁၄၀၀ဆိုတဲ့အချက်ကို မပြောဘဲနဲ့ အများကြည့်နေကျနေရာကနေ ၃ ပေခွဲထပ်ခွာပြီး ထားထားခဲ့ကြပါသေးတယ်။

(၄) နာဆာရဲ့ထုတ်ပြန်ထားတဲ့ စာအရဆိုရင်တော့ Apollo 11 ရဲ့ အာကာသယာဉ်မှူး သုံးယောက်တို့ဟာ သူတို့ရဲ့ အန်ဖတ်ထည့်ထားတဲ့ အိတ်ရယ်၊ အပေါ့စွန့်ထားတဲ့ အိတ် ၂ အိတ်နဲ့ အလေးစွန့်ထားတဲ့အိတ်တွေကို အာကာသထဲမှာ ပစ်ထားခဲ့ပါတယ်တဲ့။

paulinux/shutterstocl

(၅) လပေါ်မှာ လုပ်စရာရှိတာလုပ်ပြီးတော့ ကမ္ဘာကိုပြန်တော့မယ်လို့လည်းဆိုရော Armstrong ရဲ့ အာကာသဝတ်စုံအနောက်ဖက်က လွယ်အိတ်နဲ့ အင်ဂျင်ဖွင့်တဲ့ခလုတ်တို့ မတော်တဆတိုက်မိကာ ကျိုးသွားခဲ့ပါတယ်။ Aldrin ဟာ ဖျတ်ထိုးဥာဏ်ကောင်းစွာနဲ့ပဲ သူ့ဝတ်စုံထဲ ထည့်ထားခဲ့တဲ့ သံဘောပင်ကို ထုတ်ပစ်လိုက်ပြီး ဆားကစ်ဘရိတ်ကာထဲကို ထိုးထည့်ကာ အင်ဂျင်ခလုတ်အစား အလုပ်လုပ်စေခဲ့ပါတယ်။ နောက်ဆုံးတော့ လကမ္ဘာပေါ်မှာ သောင်တင်မယ့်အရေးကန Aldrin ရဲ့ ဘောပင်လေးကြောင့် ဝေးခဲ့ရပါတော့တယ်။

READ
13 ရက်၊ သောကြာနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းထဲက ဖြစ်ရပ်ဆိုးမှတ်တမ်းများ

(၆) သုံးယောက်သား ကမ္ဘာကိုပြန်ရောက်ပြီးတဲ့အခါမှာတော့ လကမ္ဘာပေါ်က အမည်မသိပိုးမွှားတွေ သယ်လာမှာဆိုးလို့ဆိုပြီး သူတို့သုံးယောက်စလုံးကို ဖန်ပေါင်းချောင်ထဲမှာ ရက်သတ္တပတ် ၃ ပတ်လောက်ကြာတဲ့အထိ ထိန်းသိမ်းထားခဲ့ကြပါတယ်။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် အာကာသယာဉ်ကျတဲ့ ပစိဖိတ်သမုဒ္ဒကိုရောက်ကတည်းက ယာဉ်အဖုံးဖွင့်လိုက်ပြီး ဒီဖန်ပေါင်းချောင်ထဲရောက်ဖို့ သွားလာနေတုန်းကတည်းက ရောဂါပိုးတွေရှိရင် ကူးပြီပေါ့။

(၇) Apollo 11 မှာ လိုက်ပါကြမယ့် အာကာသယာဉ်မှူးတွေဟာ အကယ်၍သူတို့များ ပြန်မလာနိုင်ဖြစ်ခဲ့ရင်ဆိုပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် အနာဂတ်အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဓိကကတော့ Armstrong, Aldrin နဲ့ Michael Collins တို့ ၃ ယောက်ဟာ စစ်ဆင်ရေးမစခင်မှာ လက်မှတ်တွေ ထိုးထားခဲ့ကာ မိသားစုကို ပေးခဲ့ပြီး နောင်တစ်ချိန် အာကာသထဲ တစ်ခုခုဖြစ်လို့ ပြန်မလာနိုင်ကြတော့ရင် သူရဲကောင်းတို့ရဲ့ လက်မှတ်ဆိုပြီး ရောင်းစားကာ ဝင်ငွေရှာနိုင်အောင်လို့ပါတဲ့။

chrisdorney/shutterstocl

Penny

SHARE