ရေသူမလေးလိုနေထိုင်ပြီး ဝင်ငွေရှာနေတဲ့ကောင်မလေး

စကော့တလန်နိုင်ငံက အသက်(25)နှစ်အရွယ် Melanie Long ဟာ Disney ဇာတ်ကားထဲက ရေသူမ
မင်းသမီးလေး Ariel ကို သဘောကျနှစ်ခြိုက်သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Long ဟာ သူမရဲ့
ဘ၀ကို အဲဒီလို ရေသူမဘ၀အဖြစ်နဲ့ပဲ ရပ်တည်လိုသူတစ်ယောက်ဖြစ်ပါတယ်။

2

ဆံပင်အနီရောင်ကို ပိုင်ဆိုင်ထားတဲ့ Long ဟာ ငယ်စဉ်ကတည်းက သူမရဲ့ အခန်းပတ်ပတ်လည်မှာ Ariel
ရဲ့ ရုပ်ပုံကားချပ်တွေကို ကြည့်ပြီး ကြီးပြင်းခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမက တွေ့တဲ့သူတိုင်းကို
တစ်နေ့နေ့မှာ သူမဟာလည်း ရေသူမလေးတစ်ယောက် ဖြစ်လိမ့်မယ်-လို့ ပြောခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့
ငါးနှစ်ကတည်းက သူမဟာ စကော့တလန်နိုင်ငံ Dunbartonshire အနောက်ပိုင်းမှာရှိတဲ့ Clydebank မြို့
က သူ့မိအိမ်ဆီကနေ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဖူးခတ်ကို ရေးကူးနည်းပြအဖြစ် သွားခဲ့ပါတယ်။

READ
သူသင့်ကို တကယ်မချစ်မှန်း သိနိုင်တဲ့ အချက်(၅)ချက်

5

6

ထိုင်းနိုင်ငံဆင်းရဲချို့တဲ့ကလေးငယ်များ စောင့်ရှောက်ရေးအဖွဲ့မှာ သူမဟာ ရေသူမတစ်ယောက်လို ၀တ်စား
ဆင်ယင်ပြီး သရုပ်ပြမှုတွေ လုပ်ခဲ့ရသလို၊ ယခုအခါမှာတော့ သူမရဲ့ အိပ်မက်ထဲက လိုချင်တဲ့ပုံစံနဲ့ အသက်
ဝမ်းကျောင်းမှုကို ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမက “ ကျွန်မ ငယ်ငယ်တုန်းက နင် ကြီးလာရင် ဘာလုပ်
မှာလဲ မေးတဲ့အခါတိုင်း … ကျွန်မက ရေသူမလေးပဲ လုပ်မယ်လို့ ဖြေခဲ့ပါတယ် ” လို့ ပြောခဲ့ပါတယ်။

4

သူမက ဆက်လက်ပြီး “ အစိမ်းသက်သက် ကလေးတစ်ယောက်က ဒီလို ပြောခဲ့တာ ရယ်ဖွယ်ရာပါဘဲ …
အမှန်တော့ ဒီလိုဖြစ်ဖို့လည်း ကျွန်မမှာ တက်ကြွရုံကလွဲရင် ဘာမှ မရှိပါဘူး … ဘာကြောင့်လဲဆိုတော့ ဒါက
ဖြစ်မှ မဖြစ်နိုင်တာပဲလေ … ဒါပေမယ့် ကျွန်မ ရေကူးသရုပ်ပြ ဖြစ်လဲဖြစ်ရော ဒါဟာ ငါ မျှော်လင့်နေတဲ့
ရေသူမလေးရဲ့ဘ၀နဲ့ နီးစပ်တယ်ဆိုတာ နားလည်ခဲ့ပါတယ် … ” လို့ ပြောခဲ့ပါသေးတယ်။

READ
ကမ္ဘာတစ်ဝန်း ဆိုင်ပေါင်း(၁၂၀၀)ကို ပိတ်ပစ်တော့မယ့် Zara

37

Long ဟာ ရေကူးဝတ်စုံနဲ့ ဆီလီကွန်နဲ့ပြုလုပ်ထားတဲ့ ရေသူမငါးအမြှီးအတွက် အချိန်တစ်နှစ်လောက်
ယူခဲ့ရပြီး “Splach ” ဇာတ်ကားနဲ့ Australian Mermaid Soap opera ‘H2O’ အစီအစဉ်တွေမှာ ၀င်ရောက်
သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ ယခုအချိန်မှာလည်း ထိုင်းနိုင်ငံ ရုပ်သံအစီအစဉ်တွေအတွက် တီဗွီ၊ ရုပ်ရှင်
ဇာတ်ကား၊ သီချင်းဗွီဒီယိုနဲ့ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ လက်ထပ်မင်္ဂလာပွဲတွေမှာ ၀င်ရောက်
သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Myanamr Online Media

News

Source: mirror

SHARE