အိမ်ရာမဲ့တွေလည်းအလုပ်ရ၊ မြို့တော်လည်း သန့်ရှင်းလှပအောင် စီမံခဲ့တဲ့ အမေရိကန်မြို့

Youtube/THV11

Little Rock ဟာ အမေရိကန် အာကန်ဆတ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ မြို့တော်က အခုဆိုရင် Bridge to Work လို့အမည်ပေးထားတဲ့ ပရိုဂရမ်ကို ပြုလုပ်နေပါတယ်။ ဒီပရိုဂရမ်မှာ မြို့တွင်းက အိမ်ရာမဲ့ ပြည်သူတွေပါဝင်နိုင်မှာဖြစ်ပြီး ပါဝင်သူတွေဟာ လမ်းတွေပေါ်က အမှိုက်တွေကို လိုက်ကောက်ရမှာပါ။ အမှိုက်ကောက်ခအတွက် တစ်နာရီကို လုပ်အားခငွေ ဒေါ်လာ(၉.၂၅) ရရှိမှာဖြစ်တယ်လို့ ladbible အရ သိရပါတယ်။

အမေရိကန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး တစ်နာရီစာ လုပ်အားခဟာ ဒေါ်လာ (၇.၂၅) ဖြစ်ပါတယ်။ ဒါပေမယ့် Little Rock ကတော့ အလုပ်အကိုင်မရှိဖြစ်နေတဲ့ အိမ်ရာမဲ့တွေကို အလုပ်ရှိစေချင်တာကြောင့်ရယ်၊ မြို့တော်လည်း သန့်ရှင်းစေအောင်ရယ်ဆိုပြီး ပျမ်းမျှ အနိမ့်ဆုံးလုပ်အားခထက် ပိုပေးခဲ့တာ ဖြစ်ပါတယ်။

READ
ကားမောင်းရင်း ကလေးနှစ်ယောက်ပြုတ်ကျတာကို မသိတဲ့ မိခင်
Youtube/THV11

အစတုန်းကတော့ Little Rock က ဒီပရိုဂရမ်ကို (၆) လလောက်ပဲ စမ်းကြည့်ဖို့ စိတ်ကူးခဲ့တာပါ။ ဒါပေမယ့် စမ်းသပ်ကာလပြီးတဲ့နောက် ထွက်လာတဲ့ရလဒ်တွေဟာ ကျေနပ်စရာဖြစ်လို့ မြို့တော်ဝန် ဖရန့်စကော့ကနေပြီး စက်တင်ဘာ(၂၀၂၀) အထိ ပရိုဂရမ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပရိုဂရမ်ကိုတော့ Cancas Community Church က စီမံခန့်ခွဲပြီး လက်ရှိမှာ မြို့တော်အတွက် ဒေါ်လာ(၈) သောင်း သုံးစွဲပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပရိုဂရမ်ထဲ ပါဝင်သူဦးရေ (၃၈၀) နီးနီး ရှိပါတယ်။ ပရိုဂရမ်ထဲ ပါဝင်သူအိမ်ရာမဲ့တွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသဆွေးနွေးမှုတွေကို ရရှိကြတဲ့အပြင်  ကျန်းမာရေးဝန်ဆောင်မှု၊ အလုပ်အင်တာဗျူးနဲ့ နေရာထိုင်ခိုင်းမရှိသေးသူတွေအတွက်လည်း ခိုနားစရာနေရာတွေ ရရှိကြောင်းလည်း သိရပါတယ်။

READ
ဘဏ်ဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး၊ အမျိုးသမီးသုံး Sex Toy Tester အဖြစ် ရပ်တည်နေသူ

လင်းလင်း (ShweMom)

SHARE