လီဗာပူးလ်ကိုရောက်ဖို့ သေချာသလောက်ဖြစ်သွားတဲ့ လိုင်ယွန်ကွင်းလယ်လူ ဖေကီယာ

လိုင်ယွန်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ နာဘီလ် ဖေကီယာ ကတော့ လီဗာပူးလ်အသင်းကိုရောက်ရှိဖို့ သေချာသလောက်ရှိသွားခဲ့ပါပြီ။ လီဗာပူးလ်အသင်းက ဖေကီယာ ကို ပေါင် (၅၃) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး လိုင်ယွန်အသင်းဥက္ကဌ မီရှယ်အောလပ်စ် နဲ့ အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အဆင့်ကို ရောက်ရှိခဲ့ပါပြီ။

http://www.rtl.fr

ဘာစီလိုနာအသင်းကို ရောက်ရှိသွားခဲ့တဲ့ ကော်တင်ဟိုရဲ့ နေရာအတွက် ဖေကီယာ က ရောက်ရှိလာမှာဖြစ်ပြီး ကွင်းလယ်တိုက်စစ်ပိုင်းမှာ ထူးချွန်တဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားက လီဗာပူးလ်အသင်းမှာ ဆေးစစ်မှုခံယူဖို့ စောင့်ဆိုင်းနေရပါပြီ။

အသက် (၂၄) နှစ်အရွယ်သာရှိသေးတဲ့ လိုင်ယွန်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းအတွက် (၂၃) ဂိုးသွင်းယူပေးထားခဲ့ပြီး လိုင်ယွန်ရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ခဲ့သူပါ။

news.sky.com

လိုင်ယွန်အသင်းရဲ့ ဥက္ကဌ အောလပ်စ်က အစပိုင်းမှာ ဖေကီယာကို ရောင်းချဖို့ ကမ္ဘာ့ဖလားပြီးတဲ့အထိ စောင့်မယ်လို့ ပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့က အဆုံးသတ်ပိုင်းကို ရောက်နေပါပြီ။

READ
၁၄-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လီဗာပူးလ်အသင်းအတွက်တော့ ဖေကီယာကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် ပေါင်သန်း (၅၀) အထက်သုံးပြီး ခေါ်ယူခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာမှာပါ။ လီဗာပူးလ်အသင်းဟာ ဖေကီယာရဲ့ အရှေ့မှာ နောက်ခံလူ ဗန်ဒိုက်ကို ပေါင် (၇၅) သန်း၊ လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်လူ ကီတာကို ပေါင် (၅၂.၅) သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

http://fromthestands.co.uk

Linn

Source : BBC

SHARE