လစ်ဗာပူးလ် Vs မန်ယူ ပွဲကြိုသုံးသပ်ချက်

အင်္ဂလန်ဒါဘီလို့တောင် တင်စားကြတဲ့ လစ်ဗာပူးလ် vs မန်ယူပွဲကိုတော့ ဒီညနေ ၈နာရီ ၃၅မိနစ်မှာ ကြည့်ရှုရတော့မှာ
ဖြစ်ပါတယ်။ မန်ယူက ပထမအကျော့တုန်းက အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ မာရှယ် မန်ယူအသင်းကိုရောက်စအချိန်
ဖြစ်ပြီး အားလုံးက ပြောင်းရွှေ့ကြေားဈေးများတယ်ထင်နေကြတယ်ထင်ခဲ့တဲ့ အချိန်မှာ မာရှယ်က လူစားဝင်ပြီး လှလှပပ
နောက်ခံလူတွေကြားထဲကနေ သွင်းယူခဲ့ပါတယ်။

JuanMata

မန်ယူကတော့ နောက်ပိုင်းခြေစွမ်း တည်ငြိမ်မှုမရှိပါဘူး။ ပွဲစဉ်တော်တော်များများက ခြေအကျဘက်ရောက်နေပါတယ်။
နောက်ဆုံးနယူးကာဆယ်ကို သရေကျခဲ့တဲ့ပွဲမှာတော့ တော်တော်လေးကောင်းမွန်တဲ့ တိုက်စစ်စွမ်းရည်ကို ပြသခဲ့ပါတယ်။
ဒါပေမယ့်လည်းခံစစ်က တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ရွန်နီကတော့ ခြေပြန်တွေ့နေပါတယ်။ ဖယ်လိုင်နီတစ်ယောက်
ကတော့ ဘယ်နေရာမှ သုံးစားမရဖြစ်နေပါတယ်။ လင်ဂတ်နဲ့ဒီပေး ခြေနည်းနည်းပြန်တက်နေတာကြောင့် မန်ယူအတွက်
တော့ ဒီတစ်ချက်က အားသာနေပါတယ်။

bline

လစ်ဗာပူးလ်က ခံစစ်ပိုင်းမှာ လူမစုံဖြစ်နေပါတယ်။ လစ်ဗာပူးလ်က မန်ယူနဲ့တွေ့ရင် အမြဲတမ်း ရေကုန်ရေကမ်း အားထုတ်
လေ့ရှိပါတယ်။ ဖာမီနိုက ခြေအတက်ဘက်ရောက်နေပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ သွင်းသွားခဲ့တဲ့ ဂိုးတွေက အဆင့်အတန်း
မြင့်ပါတယ်။ လစ်ဗာပူးလ်က တိုက်စစ်ဖွင့်ဆော့မှာပါ။ လစ်ဗာပူးလ်ရဲ့ကွင်းလည်က မန်ယူရဲ့ကွင်းလည်ထက် မာကျောနေပါ
တယ်။ အကယ်၍ ကွင်းလယ်မှာ ဘောလုံးကို မဖျက်တောက်နိုင်ရင် မန်ယူမလွယ်ပါဘူး။

READ
ဘာစီလိုနာရဲ့ သမိုင်းဝင်နိုင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဂန္ထ၀င်များ

ဒီလိုပွဲမှာ ရှိဝိန်းစတိုင်ဂါနဲ့ကာရစ်ပြန်ကောင်းသည့်တိုင်အောင် မသုံးစေချင်ပါဘူး။ ရှနိုက်ဒါလင်နဲ့ ဘလိုင်းကို Deep Lying
Midfielder အဖြစ်သုံးစေချင်ပါတယ်။ နောက်တန်းမှာ စမောလင်းနဲ့ ဖီးလ်ဂျုံး(ပြန်ကောင်းခဲ့ရင်)သို့မဟုတ် မက်နဲ ကို
ထားပြီး ဒါမီယန်ကို ညာနောက်ခံလူအဖြစ်ပြန်သုံးသင့်ပါတယ်။ ဘယ်နောက်ခံလူနေရာမှာ အက်ရှလေးယန်းကိုသုံးသင့်
ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ နောက်ခံလူ ၃ယောက်ထားတဲ့ အကွက်ကိုသုံးသင့်ပါတယ်။ နောက်ခံလူ(၃)ယောက်ရဲ့
ရှေ့မှာ ခံစစ်အားသန်ကွင်းလယ် ကစားသမား၂ယေက်ကိုထားပြီး တောင်ပံတွေကို ရှေ့လိုက်ဆော့ခိုင်းတာ ပိုသင့်တော်
ပါလိမ့်မယ်။

လစ်ဗာပူးလ်က ပထမပိုင်းမှာ ဂိုးသွင်းယူဖို့ကြိုးစားမှာပါ။ လစ်ဗာပူးလ်ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ရင်တော့ မန်ယူမရှုံး
လောက်ဘူးထင်ပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းခံရရင်တော့ လစ်ဗာပူးလ်အိမ်ကွင်းဖြစ်နေတာကြောင့် မန်ယူပြန်လာ
နိုင်ဖို့မလွယ်ပါဘူး။ ဒီပွဲကို သရေကျမယ်လို့ထင်ပါတယ်။

Myanmar Online Media

SHARE