နော်ဝေနိုင်ငံသားတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်များ

unsplash/Yuriy Garnaev

နော်ဝေနိုင်ငံကို လှပပြီး ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံလို့ သိကြပါတယ်။ ဒါပေမယ့် နော်ဝေက နေထိုင်စရိတ်ကြီးပါတယ်။ နိုင်ငံထဲက ပစ္စည်းပစ္စယတွေဟာ အခြားဥရောပနိုင်ငံတွေထက်စာရင် ထက်ဝက်ကျော်လောက်ကို ဈေးပိုပေးရပါတယ်။ နော်ဝေက လူတွေရဲ့လစာဟာ လုံလောက်တယ်ဆိုတာထက် ပိုပါတယ်။ ရက်သတ္တပတ်မှာ အလုပ်နည်းနည်းသာ လုပ်ရတယ်ဆိုပေမယ့် သူတို့ရဲ့ ကုန်ထုတ်စွမ်းအားကတော့ မြင့်မားပါတယ်။ နော်ဝေနိုင်ငံသားတွေဟာ အလုပ်ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုအနားယူရမယ်၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဘယ်လိုနေရမယ်ဆိုတာ နားလည်ကြသူတွေဖြစ်တာကို Brightside ကတဆင့် အခုလို တွေ့ရပါတယ်။

unsplash/Oliver Cole

နော်ဝေရဲ့ လူမှုအဖွဲ့အစည်းကို ယုံကြည်မှုအပေါ်မှာ လုံးလုံးအခြေခံတည်ဆောက်ထားတာပါ။ နော်ဝေးမှာ သင်ဟာ စနေ၊တနင်္ဂနွေ အားလပ်ရက်မှာနေဖို့ အိမ်တစ်လုံးကို အခမဲ့ငှားရမ်းရယူနိုင်ပါတယ်။ သင်လုပ်ရမှာက အိမ်ကို အသုံးပြုပြီးတာနဲ့ သော့ကို ပိုင်ရှင်ဆီ ပြန်အပ်ရုံပါပဲ။

READ
သေချင်လောက်အောင် စိတ်ဓာတ်ကျနေသူများ ခွန်အားယူနိုင်ရန်အချက်(၅)ချက်

Relationship တစ်ခုမှာ အရေးကြီးဆုံးဟာ အိမ်ထောင်ပရိဘောဂတွေကို အတူတူဝယ်ယူတာပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးအောင်နေထိုင်တယ်ဆိုတဲ့ အိုင်ဒီယာနဲ့ပတ်သက်လို့ နော်ဝေနိုင်ငံသားတွေရဲ့ အယူအဆဟာ ကမ္ဘာရဲ့ အခြားသောအရပ်က လူတွေနဲ့ ကွဲပြားပါတယ်။

နော်ဝေမှာ လူတစ်ယောက်က အခြားတစ်ယောက်အတွက် စားသောက်ဖို့ ငွေရှင်းပေးတာမျိုးကို လက်မခံကြပါဘူး။ ဒီအပြုအမူဟာ တစ်ဖက်သားကို စော်ကားတဲ့အပြုအမူဆိုပြီး သတ်မှတ်ကြပါတယ်။ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် နော်ဝေနိုင်ငံသားတိုင်းဟာ အမှီအခိုကင်းတာကို နှစ်သက်ကြပါတယ်။

unsplash/Samuel Han

နော်ဝေတွေဟာ သူတို့ရဲ့ တစ်ကိုယ်ရည်အ၀န်းအ၀ိုင်းကို တန်ဖိုးထားကြပါတယ်။ ရှက်တတ်ကြပြီး စကားအသေးအဖွဲလေးတွေ ပြောရတာ သိပ်မကြိုက်ကြပါဘူး။ သူတို့ဟာ များသောအားဖြင့် ဘတ်စ်ကားစီးတဲ့အခါ ထိုင်ခုံ (၂) နေရာစာ ယူလေ့ရှိပြီး သူတို့ရဲ့ privacy space ကို ခပ်ကျယ်ကျယ် ထားကြပါတယ်။ တကယ်လို့များ သင်ဟာ ဘတ်စ်ကားပေါ်ရောက်လို့ အခြားသော ခုံနေရာလွတ်တွေရှိပါရက်နဲ့ သွားမထိုင်ပဲ သူတို့ဘေးက တစ်ခုံမှာ သွားကပ်ပြီး ထိုင်ရင် သင့်ကို ပုံမှန်မဟုတ်ဘူးဆိုပြီး သတ်မှတ်ပါလိမ့်မယ်။

READ
အသက်(၃၀)မတိုင်ခင်နဲ့ (၃၀) ကျော်အပြီးမှာ အမျိုးသမီးတို့ အချစ်ကိုမြင်တဲ့အမြင်

နော်ဝေဒေသခံတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြရာမှာ တည်တည်ကြည်ကြည်ရှိကြပါတယ်။ အများစုက privacy space ကို အရမ်းတန်ဖိုးထားတဲ့အတွက် အေးစက်စက်နိုင်တယ်လို့ ထင်ရပါတယ်။ သူတို့ရဲ့ ကိုယ်ချင်းစာနာမှုကို ဖော်ပြဖို့ တစ်စုံတစ်ယောက်ရဲ့ ကျောကို ညင်ညင်သာသာပုတ်ပေးတယ်ဆိုရင်ပဲ သူတို့အတွက် တော်တော်လုံလောက်နေပါပြီ။

လင်းလင်း (ShweMom)

SHARE