Lloyds ရုပ်ကြွင်းဘဏ်မှာ ပြသထားတဲ့ ဗိုက်ကင်းတစ်ဦးရဲ့ ဧရာမ မစင်တုံးကြီး

ဗိုက်ကင်း (Viking) ဆိုတာဟာ ရှေးနော်ဝေးဘာသာစကားကနေ ဆင်းသက်လာပြီး အေဒီ (၈) ရာစုနဲ့ (၁၁) ရာစုအတွင်း ဥရောပ၊ အာရှနဲ့ မြောက်အတ္တလန်တိတ်ဒေသများမှာ ကုန်သည်များ၊ စစ်သည်တော်များနဲ့ ပင်လယ်ဓားပြအဖြစ် လှည့်လည် ရှာဖွေစားသောက်ခဲ့ကြတဲ့ စကင်ဒီးနေဗီးယန်းဒေသမှ လူများကို ဆိုလိုပါတယ်။

၎င်းတို့ဟာ ရှည်လျားတဲ့ သဘောင်္တွေနဲ့ ခရီးတွေသွားလာတတ်ပြီး စကင်ဒီနေဗီးယားနဲ့ အင်္ဂလန်ကျွန်းအပါအ၀င် ဥရောပတိုက်မှာ ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့ကြတယ်။

တစ်ချိန်က နော်ဝေး သူရဲကောင်း ဘုရင်တွေ အုပ်ချုပ်ခဲ့ဖူးတဲ့ အင်္ဂလန်နိုင်ငံရဲ့ သမိုင်းဝင် ယောခ့်မြို့က ဘဏ်တစ်ခု အောက်မှာ အေဒီ (၉) ရာစုခေတ်က ဗိုက်ကင်းတွေရဲ့ မစင်လို့ ယူဆရတဲ ရုပ်ကြွင်းတွေကို (၁၉၇၂) ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

READ
တစ်ချိန်က အံသြဘနန်းဖြစ်ခဲ့ရတဲ့ နာမည်ကြီး မျက်လှည့်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်များ
Sharris

တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ် မစင် အပိုင်းအစတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ရုပ်ကြွင်းလေ့လာသူတစ်ယောက်ကဆို ဒါတွေက သရဖူနဲ့ကျောက်မျက်ရတနာတွေထက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို တွေ့ရှိခဲ့ကတည်း ဘဏ်ကိုလည်း Lloyds ရုပ်ကြွင်းဘဏ် ဆိုပြီး အမည်ပေးခဲ့တယ်လို့ သိရပါတယ်။

Sharris

ရုပ်ကြွင်လေ့လာသူတွေက တွေ့ရှိခဲ့တဲ့ (၇) လက်မရှိ မစင်တုံးတွေရဲ့ စွန့်ထုတ်သူဟာ အသားနဲ့ ပေါင်မုန့်တွေကို ရှောင်ထားတယ်လို့ မှတ်ချက်ပေးကြပါတယ်။ နောက်ပြီး အစာအိမ်၊ အူလမ်းကြောင်းမှာ ပြဿနာရှိနေတဲ့သူလို့ ယူဆနေကြပါသေးတယ်။ မစင်ဟာ အစာအိမ်နဲ့ ၀မ်းဗိုက်ကို နာကျင်မှုဝေဒနာပေးတဲ့ သန်ကောင်တွေ၊ တုတ်ကောင်တွေနဲ့ ကွဲထွက်နေတာကို တွေ့ခဲ့ရပြီး အခြားသော အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ လက္ခဏာတွေကိုလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Sharris

ယနေ့ခေတ်မှာတော့ ဒီ မစင်ရုပ်ကြွင်ကို Jorvik Viking Centre မှာ ပြသထားပါတယ်။ (၂၀၀၃) ခုနှစ်တုန်းကတော့ လေ့လာရေးအဖွဲ့တစ်ဖွဲ့ ပေါ့ဆမှုကြောင့် အရှည် (၇) လက်မရှိတဲ့ ရုပ်ကြွင်းဟာ (၃) ပိုင်းကွဲထွက်သွားခဲ့ပါတယ်။ အခုမြင်ရတာကတော့ အဲ့ဒီ့ကတည်း ပြုပြင်ဆက်ထားခဲ့တာဖြစ်ပါတယ်။

READ
2017 ခုနှစ်မှာ ရာသီဖွားများအလိုက် ဆောင်ရန်ရှောင်ရန်များ (တရုတ်ဗေဒင်)

Ref: atlasobscura

Matthew (ShweMOM)
SHARE