ပညာရှင်တွေကို ဦးနှောက်ခြောက်နေဆဲဖြစ်တဲ့ စကော့တလန်နိုင်ငံက သတ္တ၀ါကြီး

TVNZ/Twitter

စကော့တလန်နိုင်ငံ၊ Loch Ness ရေကန်မှာ ရေအောက်သတ္တ၀ါကြီးတစ်ကောင် ရှိတယ်ဆိုပြီး ကာလာရှည်ကြာ ပဟေဋိဆန်တဲ့ ပုစ္ဆာတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီပဟေဋိကို သိပ္ပံပညာရှင်တွေကဖြေရှင်းချက်သစ်တစ်ခုထုတ်ဖော်ခဲ့ပါတယ်။

ဒါကတော့ monster လို့ထင်မှတ်နေကြတဲ့အကောင်ကြီးဟာ တွားသွားရေနေသတ္တ၀ါ ငါးရှဥ့်အမျိုးအစားထဲမှာပါဝင်နိုင်တဲ့အလားအလာအများဆုံးရှိတယ်လို့ဆိုလိုက်တာပါ။

Loch Ness ရေကန်မှရရှိတဲ့ DNAနမူနာတွေကို သုတေသနအဖွဲ့မှ စမ်းသပ်ရာ ငါးရှဉ့်နဲ့ဆိုင်တဲ့ DNAတွေများစွာတွေ့ရှိခဲ့တယ်လို့ နယူးဇီလန် Otagoတက္ကသိုလ်မှ DNA ပညာရှင် Neil Gemmellကပြောပါတယ်။

သိပ္ပံပညာရှင်တွေဟာ (၂၀၁၈)ခုနှစ်ဇွန်လကတည်းက အဲ့ဒီရေကန်မှာ လေ့လာမှုတွေစတင်လုပ်ဆောင်ခဲ့တာပါ။ သူသွားလာနို်င်တဲ့ နေရာအမျိုးမျိုးကနေ ရေနမူနာ(၂၅၀)ကျော်ကိုယူပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

၁၉၃၄ခုနှစ်က ဗြိတိန်ဆာဂျင် Colonel Robert Wilsonက Loch Ness ရဲ့မြောက်ဘက်ကမ်းရိုးတန်းဘက်ကို သွားစဉ် Monster လို့ထင်ရတဲ့သတ္တ၀ါတစ်ကောင်ပုံကို ဓာတ်ပုံရိုက်မိခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံအရ ခေါင်းနဲ့လည်ပင်းကိုကြည့်ပြီး နဂါး၊ ဒါမှမဟုတ်ရေနေဒိုင်နိုဆောဖြစ်မယ်လို့အမျိုးမျိုးခန့်မှန်းထားကြပြီး၊ လိုက်လံရှာဖွေပေမယ့် အခုချိန်ထိ ဘယ်သူ့မှမတွေ့ရှိခဲ့ကြပါဘူး။

အခုအခါ DNA လက္ခဏာတွေအရ ငါးရှဉ့်မျိုးနွယ်ဝင်အကောင်ကြီးလို့ ဖော်ပြနေပေမယ့် အတိအကျတော့ပြောလို့မရသေးဘူးလို့ သိရပါတယ်။

Khaing

READ
ကိုယ်ဝန်ရှိနေတဲ့ ဆိတ်မကို အိပ်ရာထဲခေါ်ပြီး မဖွယ်မရာပြုခဲ့တဲ့ အမျိုးသား

Source : CNN , BBC

SHARE