သဘာဝအရသာကို အပြည့်အဝခံစားနိုင်မယ့် ကမ္ဘာအရပ်ရပ်က တည်းခိုစခန်းများ

instagram/junglebubbles instagram/farmsanctuary instagram/mfuwe-lodge

ဟိုတယ်ဆိုတာ အိပ်ရာရယ်၊ စားပွဲရယ်၊ ဘားသေးသေးတစ်ခုရယ်ပဲပါတယ်ဆိုတဲ့ ခေတ်တွေကုန်သွားခဲ့ပါပြီ။ ယနေ့အခါမှာတော့ လူတွေဟာ ရိုးရာတည်းခိုမှုပုံစံတွေကနေခွဲထွက်ပြီး သူတို့အတွက် အကောင်းဆုံးအတွေ့အကြုံသစ်တွေကို ပေးနိုင်မယ့် နေရာတွေကိုရွေးချယ်လာကြပါတယ်။ အခုအခါမှာတော့ nytimes ကတဆင့် ထူးခြားလှပပြီး သဘာဝကိုအပြည့်အဝခံစားနိုင်မယ့် တည်းခိုစခန်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

တောရိုင်းတိရစ္ဆာန်တွေရဲ့သဘာဝကိုအနီးကပ်တွေ့ချင်ပါတယ်ဆိုသူတွေအတွက်တော့ အာဖရိကဟာ သွားသင့်တဲ့နေရာတစ်ခုပါ။ အာဖရိကမှာတော့ ဧည့်သည်တွေအတွက် ဇိမ်ကျတဲ့ ဆာဖာရီတည်းခိုခန်းတွေ အများကြီးရှိပါတယ်။ ဥပမာဆိုရရင် ဇမ်ဘီယာနိုင်ငံက Mfuwe Lodge တည်းခိုစခန်းဖြစ်ပါတယ်။ တည်းခိုစခန်းမှာတော့ ကြီးမားလှတဲ့ကန်ကြီးနှစ်ကန်ကိုပတ်ပြီး သစ်လုံးအိမ်တွေဆောက်လုပ်ထားတဲ့အတွက် တောတိရစ္ဆာန်တွေနဲ့ ညနေပိုင်းရေသောက်ဆင်းလာတဲ့ဆင်တွေကိုကြည့်ဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။ တည်းခိုစရိတ်ဟာ လူတစ်ယောက်ကို ဒေါ်လာ ၄၀၀ ကနေစပြီးရှိနိုင်ပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်မှာရှိတဲ့ Anantara Golden Triangle Elephant Camp & Resort မှာတော့ Jungle Bubbles ဆိုတဲ့ တည်းခိုဆောင်လေးတွေရှိပါတယ်။ တည်းခိုဆောင်တွေရဲ့ထူးခြားချက်က အဆောက်အဦးဟာ ဖန်လုံးပုံသဏ္ဍာန်ဖြစ်ပြီး အပြင်ကိုဖောက်ထွင်းမြင်ရပါတယ်။ တည်းခိုဆောင်နားကို ကပ်လာတဲ့ဆင်တွေကို အနီးကပ်လေ့လာကြည့်ရှုနိုင်တဲ့အတွက် စိတ်လှုပ်ရှားဖွယ်ရသကို ပေးစွမ်းနိုင်ပါတယ်။ တည်းခိုစရိတ်ကတော့ နှစ်ယောက်ကို အပန်းဖြေစခန်းစရိတ်တွေပါအပါအဝင် ၅၆၇ဒေါ်လာရှိပါတယ်။


စာဖတ်သူသာ မွေးမြူရေးတိရစ္ဆာန်လေးတွေကို ချစ်တတ်သူဖြစ်ရင်တော့ နယူးယောက် Watkins Glen မှာရှိတဲ့ Farm Sanctuary ကိုသွားရောက်လည်ပတ်သင့်ပါတယ်။ အဲ့ဒီမှာတော့ အနှိပ်စက်ခံ၊ မတရားညှင်းပန်းခံနေရာတွေက ကယ်ထုတ်လာတဲ့ မွေးမြူရေးတိရစ္ဆာန်ကောင်ရေ ၈၀၀ ခန့်ရှိပါတယ်။ အဲ့ဒီစခန်းမှာတော့ ဧည့်သည်တွေအတွက် ဆောက်လုပ်ထားတဲ့ အိမ်သေးသေးလေးတွေရှိလို့ တိရစ္ဆာန်လေးတွေနဲ့အတူ ရောနှောဆော့ကစားပြီး နေနိုင်ပါသေးတယ်။ တည်းခိုစရိတ်ကတော့ နှစ်ယောက်ခန်းကို တစ်ည ၂၇၅ဒေါ်လာကျသင့်ပါတယ်။

 

View this post on Instagram

 

A post shared by Farm Sanctuary (@farmsanctuary)

ကမ္ဘာရဲ့ဘယ်အရပ်မှာ သင်ရောက်နေပါစေ သစ်ပင်အိမ်လေးတွေမှာ နေချင်တယ်ဆိုရင်လည်း သစ်ပင်အိမ်လေးတွေချည်း သီးသန့်ဆောက်လုပ်ထားတဲ့ တည်းခိုစခန်းတွေရှိပါတယ်။ ဘရာဇီးနိုင်ငံထဲက အမေဇုန်သစ်တောထဲမှာဆိုရင် Anavilhanas Jungle Lodge အမည်ရတဲ့ တည်းခိုစခန်းရှိပါတယ်။ စခန်းဆီလာတဲ့ ဧည့်သည်တွေဟာဆိုရင် Rio Negro မြစ်အထက် အမေဇုန်သစ်တောရဲ့အမိုးမျက်နှာကြက်ကအဆောက်အဦးလေးတွေမှာ တည်းခိုရမှာပါ။ မြစ်နဲ့ စိမ်းလန်းတဲ့သစ်တောတစ်ခွင်လုံးရဲ့ လှပတဲ့မြင်ကွင်းကိုတွေ့မြင်ခံစားရမှာပါ။ တည်းခိုစရိတ်ကတော့ လူတစ်ယောက်ကို ၃၂၅ ဒေါ်လာကျသင့်ကြောင်း သိရပါတယ်။

ShweMom

SHARE