လူမျက်နှာပုံတူကို ချိုချဉ်လုံး ကိုက်ဝါးပြီး ပုံဖော်သွားတဲ့ လမ်းဘေးက ပညာရှင်တစ်ဦး

စင်ကာပူနိုင်ငံ လမ်းဘေးတစ်ေနရာက အမျိုးသားကြီးတစ်ဦးဟာ ချိုချဉ်စုပ်လုံးကို ပါးစပ်ထဲ ထည့်ဝါးပြီး လူရုပ်ပုံတူထွင်းတတ်တဲ့ အံ့သြစရာ လူတစ်ဦးပါ။ အန်ကယ်လို့ လူအများသိကြတဲ့ ဦးလေးကြီးဟာ လုံးဝန်းပြောင်ချောနေတဲ့ ချိုချဉ်လုံးကို ပါးစပ်ထဲ ထည့်ဝါးပြီး လူမျက်နှာပုံအသေးစိတ်နီးနီး ပေါ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Youtube

ဗီဒီယိုထဲမှာတော့ ရစ်ခ်ျအမည်ရှိတဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ဦးက စင်ကာပူက ချိုင်းနားတောင်းကို အလည်ရောက်လာတာဖြစ်ပါတယ်။ ရစ်ခ်ျဟာ အန်ကယ်ရှေ့မှာ ထိုင်ပြီး အန်ကယ်က ချိုချဉ်လုံးနဲ့ ဘာလုပ်ပြမလဲဆိုတာ စိတ်လှုပ်တရှားနဲ့ ကြည့်နေပါတယ်။ အန်ကယ်ကြီးက (၁၀) မိနစ်လောက် ကိုက်ဝါးပြီးတဲ့အခါမှာတော့ ထွက်လာတဲ့ ချိုချဉ်ရုပ်ပုံကို ကြည့်ပြီး ရစ်ခ်ျဟာ သူ့မျက်စိသူ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အောက်ဘက်မှာ့တော ပါရမီရှင်အမျိုးသားကြီးရဲ့ ဗီဒီယိုဖိုင်လေးကို တွေ့ရမှာပါ။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE