ကလေးထိန်းအစားသက်တော်စောင့်တွေကို ကလေးထိန်းခိုင်းနေတဲ့ လန်ဒန်လူကုံထန်များ

Shuterstock-LightField Studios

လုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနေကြရတဲ့ လူချမ်းသာမိဘများကတော့ သားသမီးတွေရဲ့ ဝေယျာဝိစ္စမှန်သမျှကို ကိုယ်တိုင်တောက်တိုမယ်ရလိုက်လုပ်ဖို့ဆိုတာ ယနေ့ခေတ်မှာမဖြစ်နိုင်တော့ပါဘူး။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုတွေမပြောနဲ့ သာမန်မိသားစုတွေမှာတောင် မိသားစုတစ်စုမှာ အိမ်ဦးနတ်တစ်ယောက်တည်း စီးပွားရှာရုံနဲ့ မရတော့တဲ့အတွက် မိခင်တွေပါ အလုပ်ထွက်လုပ်လာကြရပါတယ်။ ဒါကြောင့် အိမ်ကသားသမီးတွေကိုတော့ ကလေးထိန်းတွေ၊ အိမ်အကူတွေနဲ့သာ လူပိုလူခွဲမရှိရင် နေစေကြတာပါ။

ဒါပေမဲ့ ယူကေမှာတော့ ပြီးခဲ့တဲ့ ၂၀၁၉ နှောင်းပိုင်းကတည်းက ကျိကျိတက်ချမ်းသာတဲ့ မိသားစုတွေက ကလေးတွေကို ကလေးထိန်းတွေ၊ အိမ်အကူတွေနဲ့ လွှတ်မထားကြတော့ပါဘူးတဲ့။ ကလေးထိန်းနဲ့ အိမ်အကူတွေအစား မိသားစုတစ်စုနဲ့တစ်စုအပြိုင် ကလေးကြည့်ဖို့အတွက် ပရော်ဖက်ရှင်နယ်သက်တော်စောင့်တချို့ကို အစားထိုးငှားရမ်းခဲ့ကြတယ်လို့ DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။

Freepik-user14159562

ဒီအကျင့်ကတော့ Posh Knightsbridge ဆိုတဲ့ လန်ဒန်ကလူကုံထန်ရပ်ကွက်ရဲ့ တစ်နှစ်ကို ဒေါ်လာ ၂ သိန်းတန် ကျောင်းကစတယ်လို့ဆိုရမှာပါပဲ။ အဲဒီကျောင်းဟာ ချမ်းသာတာမှ တကယ့်ကို ကျိကျိတက်ချမ်းသာလွန်းတဲ့ မိသားစုတွေက သားသမီးတွေသာ ထားကြတဲ့ကျောင်းမျိုးပါ။ ဟိုးအရင်တုန်းကတော့ ကလေးတွေကို ကျောင်းလိုက်ပို့ပြီဆိုရင် ကလေးထိန်း ဒါမှမဟုတ် အိမ်အကူတွေနဲ့ပဲ လွှတ်လေ့ရှိကြပေမယ့်လို့ အခုနောက်ပိုင်းမှာတော့ အကြမ်းဖက်မှုတွေ ပိုများလာလို့လားမသိဘူး မိဘတွေအနေနဲ့ သူတို့သားသမီးတွေကို ပြန်ပေးဆွဲမှာတွေ၊ ကျောင်းတွင်းအကြမ်းဖက်မှုဖြစ်မှာတွေ စိုးရိမ်တဲ့အတွက်ကြောင့် ကလေးထိန်းတွေနေရာမှာ သက်တော်စောင့်တွေကို တဖြေးဖြေးအစားထိုးလာခဲ့ကြပါတယ်။

READ
ခွေးလေခွေးလွင့်များရဲ့ အရှင်လတ်လတ် ကိုက်ခဲစားသောက်ခြင်းခံရတဲ့ အရက်သမား

သက်တောင်စောင့်မှ ပရော်ဖက်ရှင်နယ်ကျတဲ့ သက်တော်စောင့်တွေပါတဲ့။ အလုပ်ရှင်အတွက် အသက်ပင်ပေးရပေးရဆိုတာမျိုးပေါ့။ ဒီသက်တော်စောင့်တွေဟာ ကလေးတွေကို ကျောင်းလိုက်ပို့တဲ့အပြင်ကိုမှ ကလေးတွေကျောင်းဆင်းတဲ့အထိ အပြင်မှာ ရပ်ကာ စောင့်လေ့ရှိကြပါတယ်။ များသောအားဖြင့် သက်တော်စောင့်တွေထဲ စစ်ပြန်တွေ၊ စစ်ထွက်တွေများပါတယ်တဲ့။ နောက် SAS တို့လို အထူးတပ်ဖွဲ့ဝင်ဟောင်းတွေလည်း ပါဝင်ကြပါသေးတယ်။ ဒါပေမဲ့ အများစုသော သက်တော်စောင့်တွေကတော့ ရုရှားလူမျိုးတွေ များပါတယ်တဲ့လေ။ ဒီလိုသက်တော်စောင့်တို့၊ ကြေးစားတို့လို ဈေးကွက်မျိုးတွေဆိုတာ ၁၉၉၀ နောက်ပိုင်း ရုရှားလူမျိုးတွေပဲ ကြီးစိုးနေကြတာမဟုတ်လား။

Freepik-veresproduction

လူချမ်းသာမိသားစုတွေတင်မဟုတ်ဘဲ အင်္ဂလန်ဘုရင်မကြီးရဲ့မြစ်တော်တွေဖြစ်ကြတဲ့ မင်းသမီးလေး Charlotte တို့ မင်းသားလေး George တို့၊ နောက် အနုပညာရှင် Angelina Jolie ရဲ့ကလေးတွေ နဲ့ Beckham တို့ ဇနီးမောင်နှံရဲ့ကလေးတွေမှာလည်း ဒီလိုသက်တော်စောင့်တွေ ရှိနေခဲ့ပါတယ်။

READ
လူအတုအပ ပြုလုပ်သော တိရစ္ဆာန် သန္ဓေသားလောင်းကို ဓာတ်ခွဲခန်းတွင်ဖန်တီးနိုင်ခဲ့

Penny

SHARE