(၂၀၁၉) မှာ ခေတ်စားလာနေတဲ့ ပင်လယ်ရေညှိနဲ့ပြုလုပ်ထားတဲ့ ရေလုံးအိတ်လေးများ

(၂၀၁၉) ခုနှစ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ အများကြီးဖြစ်တဲ့ နှစ်တစ်နှစ်ပါ။ ထောပတ်သီးစေ့တွေကို ပလတ်စတစ်တွေနေရာမှာ အစားထိုးပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် ဖန်တီးမှုတွေ၊ ငှက်ပျောရွက်တွေကို ဟင်းသီးဟင်းရွက်ထုတ်ပိုးရာမှာ အသုံးပြုတဲ့ နည်းစနစ်တွေနဲ့အတူ ကမ္ဘာကြီးတစ်လုံးက သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်လို့ စိတ်ဝင်စားလာတာကို တွေ့ရပါတယ်။

boredpanda

တစ်ကမ္ဘာလုံးက ကုမ္ပဏီတွေကလည်း သူတို့အတိုင်းအတာနဲ့ သူတို့  သဘာဝနဲ့ဆီလျော်မှုရှိပြီး ရေရှည်မှာလူသားမျိုးနွယ်အတွက် အကျိုးမယုတ်စေတဲ့ နည်းပညာတွေကို အဖြေရှာလာကြပါတယ်။ အခုဆိုရင်လည်း လန်ဒန်မာရသွန်ပြိုင်ပွဲဟာ အရင်နှစ်တွေကနဲ့ မတူပဲ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့ အခြင်းအရာတစ်ရပ်ကို ထည့်သွင်းစဉ်းစားခဲ့တာပါ။ အရင်နှစ်တွေတုန်းကတော့ မာရသွန်ပြိုင်ပွဲမှာ ရေဝေတဲ့အခါ ပလတ်စတစ်ရေဘူးတွေကို ဝေတာကြောင့် ပြိုင်ပွဲပြီးတဲ့အခါ ပလတ်စတစ်ဘူး ရာပေါင်းထောင်ပေါင်းများစွာတို့ရဲ့ ဘူးခွံအမှိုက်တွေဟာ လမ်းမပေါ်မှာ ပြန့်ကြဲကျန်နေခဲ့ပါတယ်။

boredpanda
boredpanda

ဒါကြောင့် ဒီနှစ်မှာတော့ လန်ဒန်မာရသွန်ဟာ ပလတ်စတစ်တွေကို မသုံးပဲ စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Skipping Rocks Lab နဲ့ ပူးပေါင်းကာ ရေသန့်ဘူးအစားထိုး ရေလုံးအိတ်တွေကို ဝေမျှခဲ့ပါတယ်။ Skipping Rocks Lab ဟာ Ooho လို့ခေါ်တဲ့ စားလို့ရတဲ့ ရေအိတ်လုံးတွေကို တီထွင်တာ ဖြစ်ပါတယ်။ Ooho ရေအိတ်အခွံသားတွေကိုတော့ ပင်လယ်ရေညှိနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Ooho ရေလုံးလေးတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ ပလတ်စတစ်ရေဘူးလို ရေသောက်ပြီးတဲ့အခါ အမှိုက်ဖြစ်မကျန်ခဲ့မယ့်အပြင် သဘာဝပတ်ဝန်းကျင်အတွက်လည်း ဘေးထွက်ဆိုးကျိုးမရှိတာကြောင့် ဖြစ်ပါတယ်။

READ
ရုပ်ရှင်ထဲကဇာတ်ဝင်ခန်းတချို့နဲ့တောင် မှားရလောက်တဲ့ ရင်သက်ရှုမောဖွယ်ဓာတ်ပုံများ
boredpanda

Ooho ရေလုံးတွေရဲ့ အပေါ်ယံအခွံသားဟာ အလွယ်တကူစားနိုင်တဲ့အပြင် အရသာလည်းမရှိပါဘူး၊ မစားချင်လို့ လွှင့်ပစ်ချင်တယ်ဆိုလည်း ရပါတယ်။ သူ့အလိုအလျောက် ဇီဝပြိုကွဲနိုင်ပါတယ်။ Ooho ရေလုံးလေးတွေမှာ ရေတင်သိုလှောင်သိမ်းထားနိုင်တာ မဟုတ်ပဲ ကော့တေးနဲ့ ဖျော်ရည်လိုမျိုး အဖျော်ယမကာတွေနဲ့လည်း ထည့်သွင်းပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ အခုလိုစားလို့ရတဲ့ ရေလုံးလေးတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့အချက်က ပင်လယ်ရေညှိတွေဟာ လူ့အတွက် အန္တရာယ်မဖြစ်စေပါဘူး။ သူတို့ပေါက်ရောက်ဖို့ ရေချိုရှိစရာမလို၊ မြေသြဇာတွေလည်း ကျွေးဖို့မလိုပဲ တစ်နေ့ကို (၁) မီတာ ပုံမှန် ကြီးထွားနိုင်ပါတယ်။ သူ့မှာ အက်ဆစ်ဓာတ်လည်း မရှိပါဘူး။

boredpanda

Ooho ရေလုံးလေးတွေဟာ ရက်သတ္တပတ်(၄) ပတ်ကနေ (၆) ပတ်အတွင်းမှာ သူ့အလိုအလျောက်ပြိုကွဲနိုင်ပြီး စွန့်ပစ်ပစ္စည်းလဲ လုံးဝမကျန်ခဲ့စေပါဘူး။ အခုဆိုရင်တော့ ရေလုံးတွေကအစပြုလို့ အစားအသောက်ထဲ ထည့်စားတဲ့ ဆော့စ်တွေကိုပါ ရေညှိအိတ်လုံးတွေထဲ ထည့်အသုံးပြုနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် Skipping Rocks Lab ပရောဂျက်အဖွဲ့သားတွေဟာ သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သိမ်းဆည်းနိုင်တဲ့ ပိုက်ကွန်အိတ်တွေ၊ အပူဒဏ်ခံနိုင်တဲ့ ဖလင်ပြားတွေနဲ့အပြင် သံ၊ ၀က်အူလှည့်စတဲ့ ကုန်မာပစ္စည်းတွေထည့်နိုင်တဲ့ အိတ်တွေကို တီထွင်ဖန်တီးလျက်ရှိကြောင်း သိရပါတယ်။

READ
ဗိုက်ထဲရောက်နေတဲ့ပလတ်စတစ်တွေကြောင့် ကျင်ကြီးစွန့်ဖို့ခက်ခဲနေတဲ့လိပ်ပေါက်ကလေး

လင်းလင်း (ShweMom)

Ref: boredpanda

SHARE