မိုင်ထောင်ချီဝေးနေပေမယ့် ပေါင်းစပ်ခြင်းအနုပညာနဲ့ ရင်ခုန်သံတွေ နီးစေခဲ့တဲ့စုံတွဲ

လူတစ်ယောက်ကို အကောင်းဆုံးချစ်ဖို့နည်းလမ်းဟာ ကြင်နာသူအနားမှာ အမြဲတမ်းရှိနေဖို့ပဲလို့ လူတွေက ဆိုကြပါတယ်။ ဒါပေမယ့် အချစ်နဲ့ ပတ်သက်လာရင် ဒီလိုနေဖို့ဆိုတာ အမြဲမှန်နိုင်ပါ့မလား။ အပြင်လောကမှာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် တစ်ဦးနဲ့တစ်ဦး ထိတွေ့ပွေ့ဖက်ခွင့်မရပေမယ့်လည်း ချစ်ခြင်းမေတ္တာ၊ လေးစားမှု၊ ယုံကြည်မှုတို့နဲ့ relationship တစ်ခုကို အလုပ်ဖြစ်အောင် တည်ဆောက်နေတဲ့ စုံတွဲတွေလည်း ရှိပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် နေ၀င်နေထွက်ချိန်တွေ မတူတဲ့အပြင် လွမ်းတဲ့အခါတိုင်း ဗီဒီယို call ခေါ် စကားလေးပြောရင်းနဲ့ ဖြေသိမ့်ရတာ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့်လည်း နှစ်ဦးစလုံးရဲ့ ရင်ထဲမှာ အချစ်စစ်ရှိနေခဲ့ရင် ဝေးကွာအောင် ခြားနားထားတဲ့ ရေမြေအကွာအဝေးဆိုတာ ပြောပလောက်စရာ မဟုတ်တော့ပါဘူး။

အခုတွေ့ရမယ့် ကိုရီးယန်းလူမျိုးစုံတွဲတစ်တွဲကတော့ အချစ်နဲ့ အနုပညာဆိုတဲ့ အရာနှစ်ခုကို ပေါင်းစပ်ထားပါတယ်။ ချစ်သူနှစ်ဦးစလုံးဟာ အနုပညာရှင်တွေဖြစ်ကြပါတယ်။ အမျိုးသားဖြစ်သူ ဒန်ဘီရှင်းက နယူးယောက်မှာနေပြီး အမျိုးသမီးကတော့ ဆုခ်လီဖြစ်ကာ သူမကတော့ ဆိုးလ်မြို့မှာ နေထိုင်ပါတယ်။ အောက်မှာတွေ့ရမှာကတော့ သူတို့နှစ်ဦး ဖန်တီးထားတဲ့ ဓာတ်ပုံလေးတွေပါ။ အချင်းချင်း ဝေးနေပေမယ့် ကြုံတွေ့ရတဲ့ ဘယ်အရာမဆို ဖန်တီးလို့ရတယ်လို့ စဉ်းစားပြီးတဲ့နောက် ဒီပရောဂျက်လေး ပေါ်လာတာပါလို့ သူတို့ စုံတွဲက ဆိုပါတယ်။

READ
ချစ်သူဆီက မိန်းကလေးတွေလိုချင်တဲ့ အသေးအဖွဲအရာလေးများ

ဒီပုံလေးကတော့ စုံတွဲတွေ မကြာခဏဆိုသလို ရိုက်တတ်ကြတဲ့ ဓာတ်ပုံလေးပါ

shinliart

ပေါင်းစပ်ခြင်းအနုပညာရဲ့ နောက်ကွယ်မှာ…

shinliart

ဒါကတော့ နောက်ထပ် အချစ်သင်္ကေတလေးတစ်ခု…

shinliart

နေ့နဲ့ည ဖြစ်နေတဲ့အခါ…

shinliart

ဒါကတော့ သူတို့နှစ်ဦးစားနေတဲ့ အစားအသောက်ကို တချိန်တည်း တစ်ပြိုင်တည်း ရိုက်ထားတာပါ..

shinliart

ဝေးနေတယ်လို့ မထင်ရအောင် နေ့စဉ်လုပ်ရှားသွားလာတဲ့ပုံတွေကိုလည်း အခုလို ရိုက်ပါတယ်…

shinliart

မတူညီတဲ့ နေရာနှစ်ခုက ဆိုင်းဘုတ်..

shinliart

မနက်စာတောင်မှ ရွေးချယ်ပုံခြင်း တူပါတယ်..

shinliart

မတူညီတဲ့ မြို့နှစ်မြို့က မီးရထားဆိုင်းဘုတ်

shinliart

ဗနီလာနဲ့ ချောကလက်

shinliart

နယူးယောက်မှာ နေ၀င်နေပြီး ဆိုးလ်မှာတော့ နေထွက်နေပါပြီ..

shinliart

ချစ်ခြင်းရဲ့ အနုပညာပါ…

shinliart

လင်းလင်း (ShweMom)

Ref: elitereaders

SHARE