အမျိုးသမီးတိုင်းပိုင်ဆိုင်ချင်မယ့်ဘီလျံနာအမျိုးသမီးရဲ့ပေါင်(၅)သန်းတန်ဗီဒို

သန်းပေါင်းများစွာကြွယ်ဝချမ်းသာတဲ့အမွေဆက်ဆံသူအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Tamara Ecclestone ရဲ့ပေါင်၅သန်းတန်ဗီဒိုဟာ အမျိုးသမီးတွေအတွက် အားကျချင်စရာ ပိုင်ဆိုင်ချင်စရာပါပဲ။ Chanel ဖျင်ဖိနပ် ၂၇စုံ ၊ Victoria Secret ည၀တ်အင်္ကျီ၈၁စုံနဲ့ ဒီဇိုင်နာမျက်မှန် ၇၂လက်အပါအ၀င် အခြားတန်ဖိုးကြီး နာမည်ကျော်ပစ္စည်းအသုံးအဆောင်တွေကို ဗီဒိုထဲမှာတွေ့ရပါတယ်။

၃၃နှစ်ရှိပြီဖြစ်တဲ့ သူမဟာ Formula One ရဲ့အမှုဆောင်အရာရှိချုပ် ဘီလျံနာသူဌေးကြီး Bernie ရဲ့သမီးဖြစ်ပါတယ်။ မိန်းကလေးတိုင်းလိုချင်ကြမယ့် Tamara ရဲ့ဗီဒိုထဲက အသုံးအဆောင်ပစ္စည်းဓာတ်ပုံတွေကိုတော့ သူမရဲ့ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ Luch Packham ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်မျှဝေပေးထားပါတယ်။

Tamara နေထိုင်တဲ့အိမ်ဟာ ပေါင်သန်း၇၀တန်ပါတယ်။ ၄င်းအိမ်မှာ Tamara ဟာယောကျာ်းဖြစ်သူ Jay Rutland ၊ သုံးနှစ်အရွယ်သမီးလေးဖြစ်တဲ့ Sophia တို့နဲ့နေထိုင်လာခဲ့တာလေးနှစ်ရှိပါပြီ။

READ
William ရဲ့ ကြင်ယာတော် Kate ဟာ ဗြိတိန် fashion လောကကို ကျိန်စာသင့်စေတဲ့သူလား

နေအိမ်က သူမရဲ့ဗီဒိုမှာတော့ နွေပိုင်းမှာဝတ်တဲ့ အ၀တ်အစားခန်းနဲ့ ဆောင်းအချိန်မှာဝတ်တဲ့အ၀တ်အစားတွေဆိုပြီး အခန်းနှစ်ခန်းခွဲထားပါတယ်။ဗီဒိုထဲက တစ်ထပ်မှာတော့ သူမရဲ့Chanel ဖျင်စဖိနပ် ၃၇ရံကိုတွေ့ရမှာဖြစ်ပါတယ်။ အရောင်အသွေးစုံစုံလင်လင်နဲ့ စနစ်တကျစီထားတဲ့ဖိနပ်တွေဟာ မျက်စိကျစရာကောင်းနေပါတယ်။

နောက်ထပ်အံဆွဲတစ်ခုထဲမှာတော့ တောက်ပြောင်တဲ့ Victoria Secret ကည၀တ်အင်္ကျီတွေကိုလည်း တွေ့ရပါတယ်။

အံဆွဲထဲမှာ သေသေသပ်သပ်စီထားတာကတော့ Tamara ရဲ့ Melissa Odabash ဘီကီနီ ၅၇စုံပဲဖြစ်ပါတယ်။

သီးသန့်ပြုလုပ်ထားတဲ့ ဒီဇိုင်နာ မျက်မှန်အခု ၇၂လက်အပြင် Gucci ခြေစွပ်ဖိနပ် ၂၂ရံကိုလဲ ယခုလိုတွေ့ရမှာပါ။

အမျိုးသမီးထုအတွက် မရှိမဖြစ်အသုံးအဆောင်တစ်မျိုးဖြစ်တဲ့ ပိုက်ဆံအိတ်တွေကိုလည်း အမျိုးစုံတွေ့ရပါသေးတယ်။ Chanel အိတ် ၄၇အိတ်၊ Edie Parker က ၁၅အိတ်နဲ့ Jimmy Choo က ၃၃အိတ်ရှိပါတယ်။ အဖိုးတန်လက်ပွေ့အိတ်တွေချည်းပဲတင် ၉၅အိတ်ကို လိုချင်စရာကောင်းလောက်အောင် အစီအရီနဲ့တွေ့ရတာပါ။

READ
စက်လှေကားအသုံးပြုနည်းကို မသိလို့ ဒဏ်ရာရခဲ့တဲ့ အဖွားအိုရဲ့ သနားဖွယ်အဖြစ်

အားလပ်ရက်အပန်းဖြေခရီးသွားတဲ့အခါ သူမ၀တ်သွားဖို့အတွက် ပန်းပွင့်ဒီဇိုင်းတွေနဲ့ဝတ်စုံ ၇၅စုံလဲရှိပါသေးတယ်။

Tamara ဟာ ပေါင်၂၃၂သန်းနီးပါးချမ်းသာကြွယ်ဝကြောင်းခန့်မှန်းရပါတယ်။

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE