သင့်ကိုဖိအားတွေလျော့ကျစေနိုင်တဲ့ အလုပ်စားပွဲပေါ်က သစ်ပင်သေးသေးလေးတွေ

Shutterstock / Foxy burrow

အလုပ်စားပွဲပေါ်မှာ ပန်းအိုးလေးတွေနဲ့ သစ်ပင်သေးသေးလေးတွေ တင်ထားသူတွေကို မြင်ဖူးကြတယ်မို့လား။ တချို့ကတော့ ထင်ကြမှာပါ။ အလုပ်စားပွဲက ကျပ်ရတဲ့ကြားထဲ သစ်ပင်လေးတွေ တင်ထားဖို့၊ ပန်းအိုးလေးတွေ တင်ထားဖို့ဆိုတာ ရှုပ်တယ်ဆိုပြီး။ တကယ်တမ်းမှာတော့ အဲဒီလို သစ်ပင်လေးတွေက အလုပ်ကြောင့် ဖြစ်တဲ့ ဖိအားတွေကို လျော့ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။

လေ့လာတွေ့ရှိမှုတွေအရတော့ အလုပ်စားပွဲပေါ်မှာ သစ်ပင်အသေးစားလေးတွေကို ထားရှိသူတွေဟာ တခြားအလုပ်သမားတွေနဲ့ ယှဉ်လိုက်ရင် (၂၅)ရာခိုင်နှုန်းလောက် အလုပ်ဖိအားတွေကို ပိုပြီး လျော့ချနိုင်ပါသတဲ့။ အကြောင်းကတော့ အဲဒီ သစ်ပင်လေးတွေနဲ့ လူတွေရဲ့ကြားက ဆက်သွယ်မှုကြောင့်လို့ ဆိုကြပါတယ်။

Shutterstock / Foxy burrow

ကိုယ့်ရဲ့စားပွဲပေါ်မှာ သစ်ပင်လေးတွေကို တင်ထားပြီး အနည်းဆုံး (၄)ပတ်ကြာတဲ့အခါ သိသာတဲ့ အကျိုးဆက် ကို ခံစားရမှာပါလို့ cnbc က ဖော်ပြတဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။

READ
အကြွေးမတင်အောင်သင့်ကိုကူညီနိုင်မယ့်နည်းလမ်းများ

ဂျပန်နိုင်ငံက ကျောင်းသားတစ်စု ပြုလုပ်တဲ့စစ်တမ်းမှာတော့ အချိန်ပြည့် ရုံးဝန်ထမ်း အယောက် (၁၀၀)ကို ပါဝင်စေခဲ့ပြီး အဲဒီထဲက တစ်ဝက်ရဲ့ အလုပ်စားပွဲတွေမှာတော့ သစ်ပင်အသေးလေးတွေကို တင်ထားပေးခဲ့တာပါ။

စစ်တမ်းမှာ ပါဝင်သူတွေအနေနဲ့ (၂)နာရီ အလုပ်ချိန်ပြီးတိုင်း (၃)မိနစ် အနားယူပြီး သစ်ပင်လေးတွေကို စိုက်ကြည့်ပေးနေဖို့ကိုပဲ စစ်တမ်းစီစဉ်သူတွေက ဆောင်ရွက်စေခဲ့ပါတယ်။

Shutterstock / Foxy burrow

သစ်ပင်လေးတွေရှိထားခြင်းအားဖြင့် အလုပ်ကို အာရုံစူးစိုက်မှု ပိုကောင်းစေသလို၊ တချို့ဝန်ထမ်းတွေကတော့ သူတို့ရဲ့ အဆင်မပြေမှုတွေကို သစ်ပင်တွေဆီ တီးတိုးပြောကြလေ့ရှိပါသတဲ့။ ဒီနည်းနဲ့ပဲ လုပ်ငန်းခွင်ထဲက ဖိအားတွေကို လျော့ချနိုင်ခဲ့တာဖြစ်ပြီး သစ်ပင်လေးတွေကို နေရာပေးခြင်းဟာ သဘာဝပတ်ဝန်းကျင်အတွက်ရော၊ လုပ်ငန်းခွင်အခြေအနေအတွက်ပါ အကောင်းဆုံး ဖြစ်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

Linn

SHARE