Soho Rolex ဆိုင်က လက်ပတ်နာရီ ဒေါ်လာ (၂.၄)သန်းဖိုး လုယက်ခံရဟု ရဲတပ်ဖွဲ့ ပြော

Image:Rolex's IG & twitter/caffechoco

အမေရိကန်မှာ ဖြစ်နေတဲ့ ဆန္ဒပြ ပွဲ တွေ က တော့ အခုဆိုရင် ဆူပူအုံကြွ လုယက်မှု တွေ ဖြစ်လာခဲ့ပါတယ်။ငြိမ်း ချမ်း စွာ ဆန္ဒပြ သူတွေ လည်းရှိပေမယ့် အများစုက ဆူပူလုယက်တာမျိုးတွေ လုပ် လာပါတယ်။နာမည်ကြီး  luxury ဆိုင် တွေ က တော့ သူတို့ရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ဆိုင်တွေ ကို ဖျက်စီးဝင်ရောက်ပြီး လုယက်တဲ့ ဗီဒီယိုဖိုင် တွေ က တော့ Fb၊တွစ်တာ ၊ IG နဲ့ Tiktok  တို့မှာလည်း အများကြီး ထွက်ပေါ် လာခဲ့ပါတယ်။ကမ္ဘာ ကျော် နာရီ Brand တစ်ခု ဖြစ်တဲ့ Rolex ရဲ့ ဆိုင်ကို ၀င်ဖျက်စီးပြီး နာရီ တွေ အများကြီးကို လုယက်သွားခဲ့ ကြပါတယ်။ဒီအ ကြောင်း ကိုတော့ nypost မှာ  ဖော်ပြထားပါတယ်။

လုယက်သူတွေ က Soho Rolex  ဆိုင် ထဲ ကို အတင်း ဖျက်စီးဝင်ရောက်ပြီး  တန်ဖိုးအားဖြင့် အ မေရိကန် ဒေါ်လာ  (၂.၄)သန်း တန်တဲ့ နာရီ တွေ ကို လုယက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇွန်လ  (၁) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဗီဒီယို ဖိုင် ထဲမှာဆိုရင်တော့ လုယက်သူ တွေ က Greene Street store ရှေ့ တံခါးက နေ ဆိုင် ထဲကို အတင်း ၀င် လာ ခဲ့တာပါ။အခုဆိုရင်တော့ Rolex store တစ်ခု လုံး အကုန် ပြောင်သွားပါပြီ ။ဒေါ်လာ (၂.၄)သန်း ဖိုး လောက် ကို ၀င် လုသွားတာပါ လို့ ရဲဘက်က ပြောပါတယ်။ဒါပေမယ့် ဆိုင်က ပြောခွင့်ရ သူ ကတော့ လက်ပတ်နာရီ တွေ အခိုး ခံ ရတယ်ဆိုတာမဟုတ်ကြောင်းနဲ့ ဘာနာရီ ကိုမှ ဆိုင်ထဲမှာ ခင်းကျင်းပြသ ထားတာမရှိ ကြောင်း၊ပြူ တင်းေ ပါက်  တွေနဲ့ မှန် တွေ ပဲ ဖျက်စီး ခံလိုက်ရတယ်လို့ ပြောခဲ့ပါတယ်။

ဆန္ဒပြ တယ်ဆိုတဲ့ ခေါင်းစဉ် အောက်က ဆူပူ အုံကြွ မှုတွေ၊လုယက်မှုေ တွ က တော့  အမေရိကန်မှာ တဖြည်းဖြည်း ပို ဆိုး နေပါတယ်။Manhattan မှာဆိုရင်တော့ နေ့ဘက်မှာ ဆန္ဒပြပြီး ညဘက် ရောက်ပြီဆိုတာနဲ့ လုယက်မှုတွေ ဖြစ် ပေါ် နေပါတယ်။နာမည်ကြီး luxury ဆိုင်တွေ က တော့ လုယက်သူတွေ ရဲ့ အကြိုက် ဖြစ် နေပါတယ်။ Chanel LV ၊ Apple ၊Gucci ..အစရှိတဲ့ ကမ္ဘာ ကျော် Brand ဆိုင် တွေ ကို ဖျက်စီးဝင်ရောက်ပြီး ခိုးယူခံ နေရတဲ့ ဗီဒီယိုဖိုင်တွေ ကတော့ ဆိုရှယ်မီဒီယာ ပေါ် မှာ ပျံ့ နေပါတယ်။

#SHWEMOM

SHARE