စာရေးဆရာကြီး J.R.R. Tolkien ကိုတော့ The Lord of the Rings နဲ့ The Hobbit ရုပ်ရှင် ပရိသတ်တွေကတော့ ကောင်းကောင်းကြီး သိကြမှာပါ။ Tolkien ဟာ စာပေးအရေးအသားမှာ အင်မတန်ကို တော်တဲ့ စာရေးဆရာကြီးတစ်ယောက် ဖြစ်တဲ့အပြင် The Lord of the Rings ဝတ္ထုစာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာကြီးတစ်ယောက်ဘလ်း ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Tolkien နေခဲ့တဲ့ စံအိမ်ကြီးကို The Lord of the Rings ရိုက်ကူးရေးအဖွဲ့သားတွေက ပိုက်ဆံစုပြီး ဝယ်ယူခဲ့ကာ စာပေအနုပညာ သင်ကြားရေးစင်တာတစ်ခုအဖြစ် ဖွင့်လှစ်တော့မှာဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
အဆိုပါ အိမ်ကြီးဟာ အင်္ဂလန်နိုင်ငံ၊ Oxford မြို့မှာ တည်ရှိတာဖြစ်ပြီး စာရေးဆရာကြီး Tolkien တစ်ယောက် ၁၉၃၀ ခုနှစ်ကနေ ၁၀၉၄၇ ခုနှစ်အထိ ၁၇ နှစ်ကြာနေထိုင်ပြီး စာပေတွေရေးသားခဲ့တဲ့ စံအိမ်ကြီးဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် မင်းသားကြီး Ian McKellen နဲ့ Martin Freeman တို့က The Lord of the Rings နဲ့ The Hobbits အဖွဲ့သားတွေကို ဦးဆောင်ပြီး ရန်ပုံငွေတွေ စုပေါင်းကာ Tolkien ရဲ့ စံအိမ်တော်ကြီးကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
“အဓိကကတော့ ဆရာကြီး Tolkien ကို ချစ်တဲ့ The Lord of the Rings ပရိသတ်တွေအတွက် အမှတ်တရရှိစေချင်တာရယ်နဲ့ အဲဒီနေရာကို စာပေသင်ကြားရေးစင်တာတစ်ခုအဖြစ် ဖွင့်လှစ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ ဒီနေရာမှာ ဆရာကြီး Tolkien ကို ချစ်တဲ့ ပရိသတ်တွေအတွက် အမှတ်တရ လာရောက်လည်ပတ်နိုင်တဲ့အပြင် အေးအေးဆေးဆေး ဝတ္တုရေးချင်တဲ့ လူတွေကိုပါ လာရောက်ရေးလို့ရအောင် စီစဉ်ပေးမှာပဲ ဖြစ်ပါတယ်”လို့ Ian McKellen က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw