Lord Of The Rings ဇာတ်ကားရဲ့ Special Effect ပညာရှင် ထောင်(၂၆)နှစ်ကျသွား

Twitter / Dailymail

ကမ္ဘာကျော်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Lord Of The Rings ဇာတ်ကားကို Special Effect တွေနဲ့ ကူညီပံ့ပိုးခဲ့တဲ့ နာမည်ကြီးအတတ်ပညာရှင်တစ်ဦးကတော့ သူရဲ့ ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့တာကြောင့် ထောင်(၂၆)နှစ်အထိ ချမှတ်ခံလိုက်ရပါပြီ။ အဲဒီပညာရှင်ရဲ့ အမည်ကတော့ Sergey Koudryavtsev ဖြစ်ပါတယ်။

သူဟာ သူမွေးထားတဲ့ခွေးလေး Enzo ကို မိဘတွေက ကောင်းကောင်း မစောင့်ရှောက်ခဲ့ဖူးလို့ ယုံကြည်ခဲ့ပြီး၊ မိသားစုဝင်တွေကို သတ်ဖြတ်ပစ်ခဲ့တာပါ။ မိဘတွေရဲ့နာမည်ကတော့ Tatiana နဲ့ Vladimir Koudriavtseva နဲ့ West Kensington မှာ နေထိုင်ကြပါတယ်။

ခွေးတစ်ကောင်ကို အကြောင်းပြုပြီး မိဘတွေကို သတ်ခဲ့မိကြောင်း Sergey က တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။ Sergey ဟာ Lord Of The Rings ဇာတ်ကားတွေရဲ့ နောက်ဆုံးထွက် အပိုင်း(၂)ခုစလုံးမှာ အလုပ်လုပ်ခွင့် ရရှိခဲ့သူဖြစ်ပြီး၊ သူရဲ့ အနုပညာအပေါ် အသေးစိတ်ဆန်ဆန် စိတ်ရှည်လက်ရှည် ကြိုးစားမှုဟာ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ အလွန်ချီးကျူးစရာ ဖြစ်ခဲ့ပေမယ့် မိဘတွေအပေါ်ကို သည်းမခံနိုင်ခဲ့ပါဘူး။ ခွေးလေး Enzo ဟာ တစ်ခုသောရက်မှာ ဆောင်းဒဏ်မိ တုပ်ကွေးဖြစ်ခဲ့ပြီး၊ ဒါဟာ မိဘတွေက လေသာပြင်ပြူတင်းကို ဖွင့်ထားလို့ဖြစ်တာဆိုပြီး အဖေနဲ့အမေနဲ့ကတစ်ဖက်၊ သူက တစ်ဖက် အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ မိဘနှစ်ပါးစလုံးကို (၂၀၁၈) မေလ(၂၀)မှာ သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ရက်အနည်းငယ်အတွင်းမှာ သူကိုယ်တိုင် အဖမ်းခံခဲ့တာပါ။ သူဟာ တရားရုံးမှာ လူသတ်မှုနှစ်ခုစလုံးအတွက် ပြစ်ဒဏ်လျှော့ပေါ့ရေး အယူခံတင်ခဲ့ပေမယ့်၊ ဒေါကို မထိန်းချုပ်နိုင်လို့ ပြုမူသည်ဖြစ်စေ ဒီလူသတ်မှုက တခြားလူသတ်မှုနဲ့မတူဘဲ၊ မိဘတွေကို ပြန်သတ်ခဲ့တဲ့ အမှုလည်းဖြစ်နေပါတယ်။ နောက်ပြီး နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်တဲ့အတွက် တရားရုံးက သူ့ကို ထောင်ဒဏ် (၂၆)နှစ် ချမှတ်ခဲ့ပါတယ်။ Sergey ဟာ အသက်(၄၈)နှစ်ဖြစ်ပြီး၊ သူ့အသက် (၇၅)နှစ်လောက်အထိ ထောင်ထဲမှာ အနုပညာအလုပ်တွေနဲ့ ကင်းကွာ နေရတော့မှာပါ။

လင်းသူရိန်

SHARE