အရေပြားဆရာဝန်အလား ဆွေးနွေးမှုတွေပြုလုပ်ပေးမယ့် L’Oréal နဲ့ Alibaba ရဲ့app

YouTube

ကမ္ဘာကျော် အလှကုန်ပစ္စည်းဖန်တီးရောင်းချနေတဲ့ ပြင်သစ်အခြေဆိုက် L’Oréal ကုမ္ပဏီခွဲ La Roche-Posay နဲ့ အွန်လိုင်းဈေးရောင်းစနစ်မှာ ဘုရင်တစ်ဆူသဖွယ်ရှိနေတဲ့ Alibaba တို့နဲ့ပူးပေါင်းပြီး အရေပြားနဲ့ပတ်သက်တဲ့ နည်းပညာအကြံပေး application တစ်ခုကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

Twitter/L’Oréal

La Roche-Posay’s Effaclar Spotscan လို့ နာမည်ပေးထားတဲ့ application လေးဟာ သင့်ရဲ့ တစ်သက်တာ အရေပြားအတိုင်ပင်ခံဆရာဝန်တစ်ဦးသဖွယ် ဆွေးနွေးအကြံပေးမှုတွေကို ဝန်ဆောင်မှုပေးနိုင်မယ့် application တစ်ခုပါ။ Artificial intelligence (AI) စနစ်ကို အသုံးပြုထားတာဖြစ်ပြီး လူတစ်ယောက်ရဲ့ အသားအရေနဲ့ပတ်သက်တဲ့ အမျိုးအစား၊ အသေးစိတ်အချက်အလက်နဲ့ ကိုက်ညီပြီး အသုံးပြုသင့်တဲ့ skin care, cosmetics products စတာတွေကိုလည်း အကြံပေးဦးမှာဖြစ်တယ်လို့ အကြမ်းဖျင်းသိထားရပါတယ်။

အရေပြားလောကမှာ ဘာပဲဖြစ်ဖြစ် အပြေးသွားနေကျ dermatologist တွေဆိုတာလည်း သူ့ဈေးနဲ့သူ ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့် တော်ရုံမျက်နှာအရေပြားခဏခဏ ဆိုးရွားတတ်သူတွေအတွက် အမြဲတစေ ဈေးကြီးပေးပြီး dermatologist တွေနဲ့ သွားပြပြီး ဆွေးနွေးဖို့ဆိုတာ သိပ်အဆင်မပြေတတ်ကြပါဘူး။ ဒါကြောင့် တော်ရုံဝက်ခြံပေါက်တာ၊ ချွေးပေါက်ကျဉ်းချင်တာ စသည်ဖြင့် ဆိုးဆိုးရွားရွားမဟုတ်တဲ့ အခြေအနေမျိုးတွေမှာ ဆေးခန်းစရိတ်စကတွေ အကုန်အကျသက်သာစေဖို့အတွက် ရည်ရွယ်ကာ Effaclar Spotscan ကို ဖန်တီးခဲ့တာပါ။

READ
တစ်မြို့လုံးကို အမည်းရောင်နှင်းတွေ ဖုံးလွှမ်းသွားတဲ့ ဆိုက်ဘေးရီးယားက ထူးခြားဖြစ်စဉ်

အဓိကအားဖြင့် ဝက်ခြံနဲ့ချွေးပေါက်ပြဿနာရှိနေတဲ့ လူတွေအတွက် အဓိကအာရုံထားထားတာဖြစ်ပြီး အသုံးပြုပုံကတော့ application က တွက်ချက်ပေးမယ့် ရလဒ်တွေကို ရရှိဖို့အတွက် application ကနေပဲတစ်ဆင့် မိမိကိုယ်ကိုယ် ဓာတ်ပုံသုံးပုံရိုက်ကူးပေးရမှာဖြစ်ပါတယ်။ အရှေ့တည့်တည့်မှတစ်ပုံ၊ ဘယ်ဘက်နဲ့ ညာဘက်မှတစ်ပုံစီ စုစုပေါင်း သုံးပုံတိတိကို application ရဲ့ ဓာတ်ပုံရိုက်တဲ့နေရာမှာ ရိုက်လိုက်ပါ။ နောက်မှာတော့ ကိုယ့်မျက်နှာပေါ်မှာရှိတဲ့ ဆားဝက်ခြံ၊ ဝက်ခြံ၊ ချွေးပေါက်ရာခိုင်နှုန်းတွေကို တွက်ချက်ပေးပြီး အရင်ဆုံး ရလဒ်ထုတ်ပေးမှာဖြစ်ပါတယ်။ နောက်မှ မိမိအသားအရေနဲ့ အကိုက်ညီဆုံးသော skin care တွေကို အမျိုးအစားအလိုက်၊ အသေးစိတ်အချက်အလက်တွေနဲ့တကွ အကြံပေးဦးမှာမို့ အမျိုးသမီးတိုင်းအတွက်သာမက ဘယ်သူမဆိုဆိုအတွက် သိပ်ကိုအသုံးဝင်တဲ့ application တစ်ခု ဖြစ်လာလိမ့်မယ်လို့ တွေးထင်မိနေပါတယ်။

Alizila
Twitter/L’Oréal

ချွင်းချက်အနေနဲ့ ကိုယ့်မျက်နှာပုံကို application ကနေတစ်ဆင့် ဓာတ်ပုံရိုက်ကူးရမှာဖြစ်တဲ့အတွက် တချို့သောလူတွေက သူတို့ရဲ့ လုံခြုံရေးကိုတော့ စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့ဈေးကွက်အကြီးဆုံးကုမ္ပဏီနှစ်ခုကြီးက ဖန်တီးထားတာဆိုတော့လည်း သိပ်တော့စိတ်ပူလောက်စရာမလိုဘူးလို့ ယူရမှာပါပဲ။ L’Oréal နဲ့ ပူးပေါင်းထားပေမယ့်လည်း Effaclar Spotscan ရဲ့ လုပ်ငန်းလိုင်စင်ကတော့ တရုတ်နိုင်ငံနဲ့ပဲ ပြုလုပ်ထားပြီး Taobao, TMall တို့လို တရုတ် platform တွေမှာ လာမယ့် ၂၀၁၉ ဇွန်လမှာ အရင်ဆုံး launch လုပ်သွားမယ်လို့ သိရပါတယ်။

READ
ခြင်္သေ့မဘယ်လိုပဲ မြူစွယ်မြူစွယ်တုတ်တုတ်မှမလှုပ်တဲ့ သမာဓိအားကောင်းလွန်းတဲ့ခြင်္သေ့

Source: Asia One

Penny

SHARE