လူမျိုးရေးခွဲခြားမှုကို မလိုလားလို့ အလှကုန်တွေမှာ “Whitening” ကိုဖယ်ပစ်မယ့် L’Oreal

Freepik- drobotdean

အခုတလော အမေရကန်မှာဖြစ်ပျက်နေတဲ့ ခွဲခြားမှုအခြေအနေတွေအကြောင်း အားလုံးသိထားကြပြီးဖြစ်မှာပါ။ အမေရိကန်ကနေ စလိုက်တဲ့မီးပွားဟာ ကမ္ဘာအနှံ့ကိုလည်း ပြန့်ပွားလို့နေခဲ့ပါပြီ။ အခုလည်း နိုင်ငံကျော် အလှကုန်ကုမ္ပဏီတစ်ခုဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခုကို ပြတ်ပြတ်သားသားပြောလာခဲ့ပါတယ်။

L’Oreal ပါ။ L’Oreal အနေနဲ့ အလှကုန်လောကမှာ ထိပ်တန်းရောက်နေတဲ့ brand တစ်ခုဖြစ်တဲ့အတွက် လူတိုင်းနဲ့ရင်းနှီပြီးသားလည်းဖြစ်မှာပါ။ L’Oreal ကနေပြီး ပြီးခဲ့တဲ့အပတ် သောကြာနေ့တုန်းက မီဒီယာတွေနဲ့တခြားလူတွေပါသိစေဖို့အတွက် အပြောင်းအလဲတစ်ခုကို တရားဝင်ကြောငြာလိုက်ခဲ့ပါတယ်။ အဲဒါကတော့ သူတို့ရဲ့အလှကုန်တွေမှာ တပ်ထားတဲ့ စာသားကိုပြောင်းလဲဖို့ပါပဲ။

Freepik- pressfoto
L’Oreal

“Whitening” တို့ “Fair” တို့ အစရှိတဲ့ စကားလုံးတွေကို brand အနေနဲ့ လုံးဝလုံးဝထည့်သွင်းတော့မှာ မဟုတ်ပါဘူးတဲ့။ ဒီအပြင် သူ့ရဲ့ company ခွဲတွေဖြစ်တဲ့ Garnier တို့လိုကုမ္ပဏီတွေရဲ့ product တွေကိုလည်း ပြောင်းလဲသွားပေးမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီလိုပြောင်းလဲပေးခြင်းဟာ L’Oreal တစ်ခုတည်းမဟုတ်ပါဘူး။ သူ့မတိုင်ခင် ကြာသပတေးနေ့မှာတုန်းကလည်း India နဲ့ ဘင်္ဂလားဒေ့ရှ်မှ Unilever ကုမ္ပဏီကလည်း သူတို့ရဲ့ ထုတ်ကုန်တွေထဲက လူတွေဝေဖန်မှုမြင့်တက်နေတဲ့ “Fair and Lovely” မှ “Fair” ဆိုတဲ့စကားလုံးကို ထုတ်ပစ်သွားမှာပါတဲ့။

READ
စီးပွားတက်ဖို့ ယတြာအဖြစ် ချစ်သူအမျိုးသမီးကို သတ်ဖြတ်စားသောက်ခဲ့သူ
Unilever

ဒီအပြင် Clear & Clear တို့လို အလှကုန်တံဆိပ်တွေထုတ်တဲ့ Johnson & Johnson မှလည်း အဲဒီကြာသပတေးနေ့ကပဲ “Fairness” ဆိုတဲ့စကားလုံးကို အားလုံးဖျက်ပစ်လိုက်မယ်လို့ ပြောလာခဲ့တယ်ဆိုပြီး CNN မှာ ဖော်ပြထားခဲ့ပါတယ်။

Johnson & Johnson

Penny

SHARE