ကမ္ဘာ့ရေအရင်းအမြစ်ပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သူ အမျိုးသား

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကျွမ်းကျင်ပညာရှင်တွေဟာ ကမ္ဘာ့သမုဒ္ဒရာကြီးတွေမှာ ပျော်ဝင်နေတဲ့ ညစ်ညမ်းပစ္စည်းတွေရဲ့ အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။ လူသားတွေဟာ ကိုယ်သောက်သုံးနေတဲ့ ဒီရေထုတွေထဲကိုပဲ ဓာတုပစ္စည်းတွေနဲ့ ဇီဝအမှိုက်သရိုက်တွေကို စွန့်ပစ်နေခဲ့တာ အချိန်အတော်ကြာနေပါပြီ။ နောင်ဆိုရင် မြစ်ရေတွေ ကန်ရေတွေပါ လူတွေ သောက်သုံးလို့မရအောင် ပျက်စီးသွားနိုင်ပါတယ်။ လူသားမျိုးဆက်အတွက် အရမ်းအရေးကြီးလှတဲ့ ရေအရင်းအမြစ်ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုရှာဖွေတွေ့ရှိခဲ့သူကတော့ မာရီနို မိုရီကာဝါဆိုသူပါ။

instagram

မာရီနိုဟာ ပီရူးက သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ရေအရင်းအမြစ်ပြဿနာတွေကို စိတ်ဝင်တစားနဲ့ လေ့လာလိုက်စားခဲ့သူဆိုလည်း မှန်ပါတယ်။ မာရီနိုဟာ Cascajo Wetlands (El Cascajo) စိမ့်နေရာမှာ စိုးရိမ်စရာကောင်းလောက်အောင် ရေထုကြီး ပျက်စီးနေတာကို တွေ့မြင်ခဲ့ပါတယ်။ ရေတွေရဲ့ အနံ့အသက်ဟာ အရမ်းဆိုးဝါးနေခဲ့ပြီး (၁၅၀) ဟက်တာရှိတဲ့ စိမ့်စမ်းမြေကြီးဟာ အနှစ်(၂၀) ကြာတဲ့အခါမှာ ဟက်တာ(၄၀) အကျယ်ပဲ ရှိတော့တာကို မာရီနိုက သတိပြုမိခဲ့ပါတယ်။

© Luis A. Trujillo Fotografía / Facebook © estereojack / Instagram

ဒါကြောင့် သူဟာ သူတတ်ထားတဲ့ ပညာကို အသုံးချပြီး ရေထိန်းသိမ်းဖို့ နည်းလမ်းသစ်တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ မာရီနိုဟာ သူစုဆောင်းထားတဲ့ ငွေတွေအပြင် ဘဏ်တွေဆီက ပိုက်ဆံထပ်ချေးပြီး ရေသန့်စင်တဲ့ နည်းလမ်းသစ်တစ်ခု ရှာခဲ့ပါတယ်။ မာရီနိုတီထွင်ခဲ့တဲ့ နည်းလမ်းကတော့ အံ့သြစရာကောင်းလောက်အောင် ရေအရင်းအမြစ်တွေထိန်းသိမ်းစီမံမှုမှာ အကျိုးများခဲ့တာပါ။ မာရီနိုရဲ့ နည်းပညာထဲမှာတော့ microbubble နည်းပညာကို အသုံးပြုထားပါတယ်။

READ
ငွေတွေ ပုံအောသုံးခဲ့ပေမယ့် ထင်သလောက် အသုံးမ၀င်ခဲ့တဲ့ အဆောက်အဦးများ
© T T T Grupo Morikawa / Facebook

Micro-nano bubble ဟာ သံလိုက်တစ်ခုလို လုပ်ဆောင်မှုကို ဖြစ်ပေါ်စေပြီး ၄င်းစနစ်မှာ လျှပ်စစ်သံလိုက်စက်ကွင်းကို ဖြစ်ပေါ်စေတဲ့ အဖိုနဲ့အမ အိုင်ယွန်တွေ ပါရှိပါတယ်။ ၄င်း အိုင်ယွန်တွေကနေတဆင့် Micro-nano bubble ဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို လိုက်ဖမ်းပါတယ်။ တနည်းဆိုရရင် ပင့်ကူအိမ်တစ်ခုလို အလုပ်လုပ်ပြီး အန္တရာယ်ရှိတဲ့ အရာအမှုန်အမွှားမကျန် ကပ်ငြိစေတာ ဖြစ်ပါတယ်။

© T T T Grupo Morikawa / Facebook

ဒီလိုနည်းပညာကို ဖော်ဆောင်ဖို့အတွက် မာရီနိုဟာ (၆) လတာ အချိန်ယူခဲ့ရပြီး El Cascajo စိမ့်မြေတစ်ခုလုံးကို သန့်ရှင်းစေဖို့အတွက်တော့ (၄)လ လောက်လောက် အချိန်ယူခဲ့ရပါတယ်။ အားလုံး သန့်စင်ပြီးတဲ့အခါမှာတော့ ငှက်အများအပြားနဲ့ ငါးမျိုးစိတ်(၁၀) မျိုးတို့ဟာ El Cascajo မှာ ပြန်လည်မှီတင်းနေထိုင်ဖို့ လာကြတယ်လို့ သိရပါတယ်။ မာရီနိုရဲ့ ရေသန့်စင်နည်းစနစ်သစ်ဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး၊ အကျိုးထိရောက်မှုလည်း ကြီးတယ်ဆိုပေမယ့် အကောင်အထည်ဖော်ဆောင်ရမယ့် စရိတ်ကတော့ ဈးကြီးပါတယ်။ ဒါ့အပြင် ဒီစနစ်သုံးပြီး သန့်စင်ပြီးတဲ့ ရေတွေဟာ (၁၀၀) ရာခိုင်နှုန်းရေသန့်စစ်စစ်တွေ ရမှာ ဖြစ်ပြီး ဘေးဥပဒ်ကင်းတဲ့အပြင် သောက်သုံးလို့ ရနိုင်တယ်လို့လည်း စိတ်ဝင်စားစရာကောင်းစွာ သိရပါတယ်။

READ
ချီကာဂိုမြစ် ဘယ်လို ပြောင်းပြန်စီးနေသလဲ
© T T T Grupo Morikawa / Facebook

လင်းလင်း (ShweMom)

Ref: brightside

SHARE