အလုပ်ကထွက်ပြီး ခွေးလေးတွေရဲ့အသက်လိုက်ကယ်ခြင်းကိုသာ လုပ်တော့တဲ့အမျိုးသမီး

အလုပ်တစ်ခုဆုံရှုံးသွားပြီဆိုရင် စားဝတ်နေရေးအတွက်ပူပန်ပြီး နောက်အလုပ်တစ်ခုကိုသာ သည်းကြီးမည်းကြီးရှာတတ်ကြပါတယ်။ Tracy Voss ဆိုတဲ့ အမေရိကန်နိုင်ငံက အမျိုးသမီးကတော့ သူမ အလုပ်ဆုံးရှုံးပြီးနောက် ကိုယ်ဘာကို တကယ်လုပ်ချင်လဲဆိုတာ စဉ်းစားမိခဲ့ပါတယ်။

Tracy ဟာ ခင်ပွန်းသည် Scott နဲ့အတူ Tracy’s Dogs ဆိုတဲ့ အသတ်ခံရခါနီး ခွေးလေးတွေကို လိုက်လံကယ်ဆယ်တဲ့ အဖွဲ့ကို တည်ထောင်ခဲ့တာပါ။ (၂၀၁၁)ခုနှစ်တုန်းက Tracy ဟာ အလုပ် (၆)လခန့် နားနေခဲ့ရချိန်မှာ မြို့ထဲက မွေးစားသူမရှိတဲ့ ခွေးလေးတွေကို သတ်တော့မယ့်ဂေဟာတွေဆီသွားပြီး ဗီဒီယိုရိုက်ခဲ့ပါတယ်။ သူမရိုက်ထားတဲ့ ဗီဒီယိုတွေကို  Youtube ပေါ်တင်ခဲ့ရာ နိုင်ငံတစ်ဝှမ်းက လူတွေ ကြည့်မိသွားခဲ့ပြီး ဗီဒီယိုထဲက ခွေးလေးတွေကို မွေးစားလိုသူတွေရှိလာခဲ့ပါတယ်။

Hooplaha

ဒီလိုနဲ့ ခွေးလေးတွေကို ကယ်ဆယ်ပြီး မွေးစားသူတွေဆီ ပို့ပေးဖို့ ရည်ရွယ်ချက်ဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ခွေးရာပေါင်းများစွာကို ကယ်ဆယ်ဖို့ဆိုတာ မလွယ်ကူပေမယ့် အဖွဲ့အစည်းစတင်ပြီး (၉)လမှာပဲ Tracy တို့ကယ်ခဲ့တဲ့ ခွေးအရေအတွက်က (၁၃၈၂)ကောင် ရှိနေခဲ့ပါပြီ။ ယခုအထိဆို ကယ်ဆယ်မှုပေါင်း (၄၀၀၀)လောက် အထိရှိနေပြီဖြစ်ပြီး လစဉ် Tracy နဲ့ ခင်ပွန်းတို့ဟာ ကားတစ်စီးနဲ့ ခရီးနှင်ပြီး ခွေးသတ်ရုံတွေဆီက ခွေးလေးတွေကို လိုက်ရှာကြပါတယ်။

READ
မိဘစွန့်ပစ်တာခံရပြီးလမ်းမှာ လျှောက်သွားနေတဲ့ ကလေးငယ်ကိုဖခင်မေတ္တာပေးခဲ့တဲ့ရဲသားကြီး
Hooplaha

အစပိုင်းမှာတော့ ကယ်ဆယ်မှုတွေအတွက် ကုန်ကျစရိတ်ကို Tracy တို့သာ ကျခံခဲ့ပေမယ့် နောက်ပိုင်းမှာ အလှူရှင်တွေရလာခဲ့ပါတယ်။ သူတို့ဟာ ဝက်ဘ်ဆိုဒ်ထောင်ထားပြီး ကယ်ဆယ်ထားတဲ့ခွေးလေးတွေထဲက ရွေးချယ်မွေးစားလိုသူတွေက ဖောင်ဖြည့်ပြီး ဆက်သွယ်မွေးစားကြရပါတယ်။ မွေးစားမှုအကြံပေးတွေကလည်း မွေးစားလိုသူတွေနဲ့ ကိုက်ညီတဲ့ ခွေးလေးတွေကို အကြံပေးရွေးချယ်မှုတွေ ပြုလုပ်ပေးပါတယ်။

Hooplaha

နောက်ဆုံးမှာတော့ ခွေးလေးတွေကို မိသားစုဝင်သစ်တွေဆီ ပို့ဆောင်ပေးခြင်းပါ။ မွေးစားသူတွေအတွက် စုရပ်လုပ်ပေးထားရာ ခွေးလေးတွေ အကောင် (၆၀)လောက်ကို ကားပေါ်တင်သွားပြီး စောင့်မျှော်နေတဲ့မိသားစုဝင်သစ်တွေဆီ ခေါ်သွားပေးပါတယ်။ မွေးစားသူတွေကလည်း သူတို့ရဲ့ မိသားစုဝင်သစ်လေးတွေကို တွေ့ရတဲ့အခါ ဝမ်းသာမျက်ရည်ကျကြတာမျိုးတောင် ရှိကြပါတယ်။ လူတိုင်းမလုပ်နိုင်တဲ့ Tracy နဲ့ Scott တို့ရဲ့ လုပ်ငန်းလေးကတော့ အလွန်တရာမှ မွန်မြတ်ပြီး ကုသိုလ်ရတဲ့ အလုပ်လေးတစ်ခုဖြစ်တယ်လို့မြင်မိပါတယ်..။

Hooplaha
Hooplaha
Hooplaha

White (Shwemom)

Ref: shared.com

SHARE