တစ်လပေါင်(၁၀,၀၀၀)နှုန်းနဲ့ တစ်သက်တာထီဆု ဆွတ်ခူးခဲ့သူက၊ ပိုက်ဆံဘယ်လိုသုံးမလဲ ဖွင့်ဟ

National Lottery/Twitter

အသက်(၂၄)နှစ်အရွယ် Dean Weymes အမည်ရအမျိုးသားဟာ National Lottery’s Set For Life ဆိုတဲ့ ထီဆုကြီးကို ဆွတ်ခူးခဲ့တာမို့ အခုဆိုရင် တစ်လကို ပေါင်(၁၀၀၀၀) အသာထုတ်ယူရုံသာ ရှိပါတော့တယ်။ ဒီထီဆုကြီးဟာ အနှစ်(၃၀)စာ ထီဆုကြီးဖြစ်ပြီး၊ တစ်လကို ပေါင်(၁၀၀၀၀) နှုန်းနဲ့ ပုံမှန်ပေးအပ်ချီးမြင့်သွားမှာလို့ သိရပါတယ်။ ရာသက်ပန်ထီဆုကြီးမဟုတ်သော်လည်း၊ ရာသက်ပန်လို့တောင် ပြောလို့ရတဲ့ အနေအထားပါ။

Amazon မှာ အလုပ်လုပ်တဲ့ Dean ဟာ အလုပ်ကနေ ချက်ချင်းထွက်လိုက်ပါတယ်။ သူဟာ တစ်လကို ပေါင်(၁)သောင်းနှုန်းနဲ့ နှစ်ပေါင်း(၃၀)ရဲ့ လပေါင်း (၃၆၀)အတွက် ပေါင်(၃.၆)သန်းကို တစ်လချင်း သီးခြားထုတ်ယူသွားရမှာပါ။ သူ့အသက် (၅၄)နှစ်အထိ ဒီဝင်ငွေနဲ့ အိုကေစိုပြည်နေပါတယ်။ သူဟာ ဝါသနာပါတဲ့ ဇာတ်ညွှန်းရေးသားခြင်း အလုပ်နဲ့ ဘဝကို ဆက်ပြီး ခရီးဆက်မှာပါ။

 

ဒီငွေတွေကို သုံးဖြုန်းပစ်မှာမျိုးမဟုတ်ပါဘူးလို့ Dean က BBC သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။ သူ့မှာ အော်တစ်ဇင်ဖြစ်နေတဲ့ ညီရှိသလို၊ မိသားစုကလည်း ရှိနေလို့၊ ဒီအတွက်ကိုပဲ ငွေတွေကို သုံးစွဲသွားမှာပါလို့ ပြောပါတယ်။ ထီပေါက်လျှင် ပေါက်ချင်းပဲ သူငယ်ငယ်က စိတ်ကူးယဉ်ခဲ့တဲ့ Tandem skydive စီခြင်းနဲ့ ပဲရစ်က Disneyland ကိုလည်း သွားဦးမယ်လို့ ပြောပါတယ်။ သူ့မှာ ဒီလောက်ကလေးတော့ ဖောဖောသီသီး သုံးခွင့် ရှိသွားပါပြီ။

READ
အာသာဘုရင်၏ လက်စွဲတော်ဓားကို ရေကန်ထဲကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ ကောင်မလေး
National Lottery /Twitter
Dean Kaitlyn Weymes

Dean မှာ အော်တစ်ဇင်ဖြစ်နေတဲ့ ညီ Robert ဆိုတာ ရှိပါတယ်။ သူ့အသက်ကတော့ (၂၄)နှစ်ဖြစ်ပြီး၊ လူကောင်ကြီးထွားကျိုင်းလွန်းလို့ အရပ်က ထန်းတဖျားလို့တောင် သူက ဆိုပါတယ်။ Robert ဟာ အရပ် (၆)ပေ (၃)လက်မဖြစ်ပြီး၊ အော်တစ်ဇင်ဖြစ်နေတဲ့အတွက် Dean လို လူတောသူတော သိပ်မတိုးသလို၊ မိသားစုကို အားကိုးနေရပါတယ်။

Posted by Dean Kaitlyn Weymes on Monday, October 30, 2017

Dean က “ သူ့ကို အနာဂတ်ကာလအထိ စောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ် … သူဟာ ကလေးလိုပါဘဲ … လေလုံးကွဲအောင် မပြောနိုင်ပေမယ့် ကျွန်တော်တို့ နာမည်တွေနဲ့ တစ်ခြားအရာတစ်ချို့ကိုတော့ သူ ကောင်းကောင်း ပြောနိုင်ပါတယ် … ဒါပေမယ် သူ ကျွန်တော်တို့ကို မလွှတ်တမ်း ဆွဲထားနိုင်ပါတယ် … ဆိုရရင် သူ့စွမ်းအားက ကျွန်တော် ထင်မထားလောက်အောင် သန်လှပါတယ် ”လို့ ပြောခဲ့ပါတယ်။

READ
ခွေးတွေကပွေ့ဖက်ခြင်းကိုမုန်းတီးကြောင်း သိပ္ပံပညာရှင်များထုတ်ဖော်

လင်းသုတ

SHARE