ထီပေါက်ပြီးတဲ့နောက် သူငယ်ချင်းတွေကို ထူးခြားတဲ့ အလှူလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်အဖမ်းခံရ

TV 3 channel

ထိုင်းနိုင်ငံ၊ ဘန်ဖိုးပြည်နယ်မှာနေထိုင်တဲ့ အသက် (၃၈)နှစ်အရွယ် အမျိုးသား ၀မ်သာနွန် ဆိုသူဟာ ပြီးခဲ့တဲ့နှစ်က ထီပေါက်ပြီး ထိုင်းဘတ်(၁၂)သန်းဆွတ်ခူးနိုင်ခဲ့သူပါ။ အဲဒီတုန်းကတော့ ၀မ်သာနွန် တစ်ယောက် အကြီးအကျယ် ကံကောင်းခဲ့တာပေါ့။

သူက အဲဒီပြည်နယ်မှာပဲ အိမ်တစ်လုံး ၀ယ်ခဲ့ပြီး ထီပေါက်တဲ့ပိုက်ဆံတွေကို စီးပွားရေးလုပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီနောက်မှာတော့ စီးပွားရေးလုပ်တာအပြင် ထူးထူးခြားခြားကိစ္စတွေကိုပါ လုပ်တော့တာပါပဲ။

Phuket.com

ဝမ်သာနွန်က သူ့ရဲ့ပိုက်ဆံတွေကို မူးယစ်ဆေးတွေအတွက်လည်း အသုံးပြုခဲ့ပြီး သူကိုယ်တိုင်မူးယစ်ဆေးသုံးရုံတင်မဟုတ်ပဲ သူ့အိမ်ကိုလာလည်သူတိုင်းကို မူးယစ်ဆေးတွေ လက်ဆောင်ပေးနေခဲ့တယ်။

အဲဒီနောက်မှာတော့ ၀မ်သာနွန်ရဲ့သတင်းက ရဲတပ်ဖွဲ့ဆီ ရောက်ရှိသွားပါတော့တယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ၀မ်သာနွန်ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ခြံထဲက သရက်ပင်ခြေရင်းမှာ မြှပ်နှံထားတဲ့ ဆေးပြားအထုပ်တွေကို တွေ့ရှိခဲ့တယ်။

TV 3 channel

သူ့ရဲ့အိမ်နီးချင်း မစ္စတာ ရုသ် ဆိုသူရဲ့ပြောပြချက်အရတော့ ၀မ်သာနွန် ဟာ အရင်တုန်းက အသီးအရွက်တွေစိုက်ပြီး ရောင်းချတဲ့အလုပ်နဲ့အသက်မွေးခဲ့ပေမယ့် ထီပေါက်ပြီးတဲ့နောက်မှာ သူ့ရဲ့ဘ၀က လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်တဲ့။

READ
နွေရာသီအပန်းဖြေခရီးထွက်ဖို့အတွက် စရိတ်ငြိမ်းဖိတ်ခေါ်နေတဲ့ Finland နိုင်ငံ

သူက ထိုင်းဘတ်(၇)သန်းတန် မြေကွက်တွေဝယ်ခဲ့ပြီး သူ့ရဲ့အိမ်အသစ်အတွက် (၃.၅)သန်း ထပ်သုံးခဲ့တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကို အိမ်အလည်ခေါ်ပြီး မူးယစ်ဆေးပြားတွေ အတူဝေမျှသုံးတော့တာပါပဲလို့ ရုသ် က ဆိုပါတယ်။

TV 3 channel

ထိုင်းမီဒီယာတွေကတော့ ၀မ်သာနွန် ဟာ နောက်ပိုင်းမှာ မူးယစ်ဆေးစွဲသူတစ်ဦး ဖြစ်လာခဲ့ပြီး သူကိုယ်တိုင်သုံးဖို့ အများအပြားဝယ်ယူထားသလို သူ့ရဲ့သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေကိုပါ အခမဲ့ဝေပေးလေ့ရှိတယ်လို့ ဖော်ပြနေကြတာပါ။

အဲဒီနောက်မှာတော့ အခုလို အဖမ်းခံခဲ့ရပြီး၊ လက်ရှိအချိန်မှာတော့ထောင်ထဲရောက်သွားခဲ့ပါပြီ။

Linn

Source : bangkokpost

SHARE