မိုးကိုတောင် မရမကတားပြီး ပွဲလုပ်ခဲ့တဲ့ Louis Vuitton

ကမ္ဘာကျော် ဇိမ်ခံအ၀တ်အစား Brand ဖြစ်တဲ့ Louis Vuitton ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပြင်သစ်မှာ မိုးတွေ အကြီးအကျယ် ရွာသွန်းမှုကြောင့် Saint-Paul de Vence မှာ ကျင်းပမယ့် ပွဲအတွက် ရှိုးနေ့မှာ မိုးကို တားဆီးခဲ့ပါတယ်။

နာမည်ကြီးအမှတ်တံဆိပ် ကုမ္ပဏီဟာ ဧည်သည်တော်တွေ၊ VIP တွေ၊ Model တွေ ဒုက္ခမရောက်စေဖို့အတွက် နတ်ဆရာပင့်ခဲ့ပါတယ်။ တကယ်ပဲ အားလုံးကို မိုးတစ်ပေါက်တောင် မစင်ခဲ့ပါဘူးဆိုတာ သိရပါတယ်။

Sophie Turner, Sienna Miller နဲ့ တခြားနာမည်ကြီးများစွာ…..

ABACA/PA

အာရှတိုက်မြောက်ပိုင်းနဲ့၊ မြောက်အမေရိကတိုက်က ရိုးရာနတ်ဆရာတွေဟာ ရာသီဥတုကို နိုင်စွမ်းရှိကြပါတယ်။ ဒါကို ယုံကြည်တဲ့ LV ရဲ့စီစဉ်သူတွေဟာ နတ်ဆရာပင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါသတဲ့။ ဒီအကြောင်းကို Kate Young က ပြန်လည်ထုတ်ဖော်ခဲ့တာပါ။

READ
ဆုကြေး ပေါင်(၂၅)သန်းရမယ့် ကုလားအုတ်အလှပြိုင်ပွဲ
Shutterstock

“ဒီမှာ ပြသဖို့ စုစည်းထားတဲ့ လက်ရာတွေက တကယ့်ကို အံ့မခန်းရှိပြီး နောက်ထပ်ပါဝင်မယ့် ဂီတအစီအစဉ်တွေကလည်း အမိုက်စားတွေချည်းပါပဲ။ LV က နတ်စရာပင့်ပြီး မိုးကို တားခဲ့တယ်၊ ကြားရသလောက်က အပင်တွေကို နမ်းရှိုက်တယ်ဆိုပဲ။ ပွဲမပြီးခင်ထိ မိုးမရွာတော့ ကြည့်ရတာ သူစွမ်းဆောင်ပုံက အရာထင်တယ် ပြောရမှာပေါ့” လို့ Kate က ပြောပါတယ်။

Chantilly မှာ အပြင်ထွက်လုပ်ခဲ့တဲ့ Dior ရဲ့ Show မှာလည်း မိုးရွာနေတဲ့အတွက် ထိုနတ်ဆရာကို ပြန်ပင့်ခဲ့ရပါသေးတယ်။ LV အတွက်ကတော့ အခုလိုကိစ္စဟာ ပထမဆုံးမဟုတ်ပါဘူး။ ပင့်ခကလည်း ဂဏန်းခြောက်လုံးပမဏ ပေးရတာပါ။ ပြင်သစ်က ပွဲတော်တော်များများကို အဲ့ဒီနတ်ဆရာပဲ ကိုင်တွယ်ရလေ့ရှိပါတယ်။

မင်းသမီး Emma Stone လည်း LV ရဲ့ (2009) Cruise Colletction ပွဲကို တက်ရောက်ခဲ့ပါတယ်။ 

WireImage

ထိုအမည်ဖော်ပြခြင်းမရှိတဲ့ နတ်ဆရာကို LV က ပြီးခဲ့တဲ့ Rio နဲ့ Kyoto မှာ ကျင်းပတဲ့ ပွဲတွေတုန်းကလည်း ရာသီဥတုကို ထိန်းချုပ်ပေးဖို့ ပင့်ခဲ့သေးတယ်ဆိုလည်းသိရပါတယ်။

READ
သမိုင်းဝင်နေရာရှေ့ ၀တ်လစ်စလစ် ဓာတ်ပုံရိုက်မိလို့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသူ

Source: DailyMail

Matthew

SHARE