လူဝီစီယားနားတက္ကသိုလ်က ဒေါ်လာသန်းဆယ်နဲ့ချီတဲ့ ဘောလုံးသမားနားနေခန်း

@LSUfootball/Twitter

အနောက်နိုင်ငံကတက္ကသလိုလ်အားလုံးနီးပါးတိုင်းဟာ အမေရိကန်ဘောလုံးအသင်းတွေ၊ ဘတ်စကတ်ဘောအသင်းတွေနဲ့ ဘောလုံးအသင်းစတာတွေကို တော်တော်လေးအားကိုးအားထားပြုကာ ဖူးဖူးမှုတ်ထားလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုတက္ကသလိုလ်ကျောင်းအဆင့်ကနေ တိုင်း၊ခရိုင်အဆင့်အထိတက်ကာ အဲဒီဒေသရဲ့ကိုယ်စားပြု ပရော်ဖက်ရှင်နယ် အားကစားအဖွဲ့တွေဖြစ်လာတတ်ကြတဲ့အတွက်ပါပဲ။ ဒါပေမဲ့ ဒီလိုဖူးဖူးမှုတ်ထားတဲ့ တက္ကသိုလ်ကျောင်းတွေထဲမှာတော့ လူဝီစီယားနားပြည်နယ်တက္ကသိုလ်ကိုတော့ မှီမယ်မထင်ပါဘူးနော်။

 

ဇူလိုင်လ ၂၂ ရက်န့တုန်းက Louisiana State University (LSU) ရဲ့ အမေရိကန်ဘောလုံးအသင်းကို ကျောင်းကနေပြီး အလန်းစားနားနေခန်းကြီးလုပ်ပေးထားခဲ့တယ်ဆိုပြီး ကျောင်းရဲ့ Twitter ကနေ ကြောငြာခဲ့ပါတယ်။ လေ့ကျင့်ရေးအခန်းတွေ၊ အားကစားသမားတစ်ယောက်ချင်းစီအတိုင်းအတွက် locker နဲ့ တစ်ရေးတစ်မောအိပ်စက်လို့ရမယ့် ခရမ်းရောင်ဆိုဖာကြီးတွေ၊ ဆိုဖာတိုင်းမှာ တပ်ဆင်ပေးထားတဲ့ tablet တွေ၊ မုန့်စားခန်းတွေစတာတွေပါဝင်နေပါတယ်။ နားနေခန်းထဲကို ဝင်သွားလိုက်တာနဲ့ တပြိုင်နက် ခရမ်းရောင်အငွေ့အသက်တွေကို အရင်ဆုံးခံစားရမှာဖြစ်ပြီး မသိရင် အာကာသယာဉ်ပေါ်ရောက်သွားသလိုမျိုးလည်း ဖြစ်စေနိုင်ပါသေးတယ်။ ကျောင်းကတော့ လေယာဉ်ပေါ်က ပထမတန်းစားထိုင်ခုံနဲ့ အာကာသယာဉ်ပုံသဏ္ဍာန်တို့ကို ပေါင်းစပ်ထားတယ်လို့ ပြောထားပါတယ်။

READ
Instagramက ပုံတစ်ပုံကြောင့် ဖောက်ပြန်နေတဲ့ခင်ပွန်းကို ဖမ်းမိခဲ့တဲ့ ဇနီးသည်

နားနေခန်းအသစ်ကြီးကို ကျောင်းကနေပြီးကျောင်းသားတွေကို အံ့သြသွားစေခဲ့ပြီး JaCoby Stevens ဆိုတဲ့ ကျောင်းသားကတော့ အိမ်ကိုလုံးဝတောင်မပြန်ချင်တော့ဘူးလို့ စိတ်လှုပ်ရှားစွာပြောခဲ့တယ်လို့ Insider မှာ ဖော်ပြထားပါတယ်။

 

ဒီလိုအပျံစားနားနေခန်းကြီးဖန်တီးဖို့အတွက် ကျောင်းကနေပြီး ရံပုံငွေထဲက အမေရိကန်ဒေါ်လာ ၂၈ သန်းလောက်ကို အသုံးပြုခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီတက္ကသိုလ်ကျောင်းက ကျောင်းသား၊ ကောင်းသူတချို့ကတော့ မကျေနပ်နိုင်ဘဲရှိနေကြပါတယ်။ @catcmckinney ဆိုတဲ့ Twitter အကောင့်ပို်င်ရှင်ကတော့ အဲဒီတက္ကသိုလ်ရဲ့စာကြည့်တိုက်ပုံကို တင်ထားကာ ကျောင်းကနားနေခန်းအသစ်ကိုထုတ်ကြွားတဲ့ tweet ကို သရော်ထားပါတယ်။ ပုံထဲမှာတော့ စာကြည့်တိုက်ဟာ ရေတွေယိုပြီး နံရံတွေလည်း ပျက်စီးနေတာကို စိတ်မကောင်းစွာနဲ့မြင်တွေ့ရပါတယ်။ ထောက်ပြချင်တာကတော့ ပျံလန်နေတဲ့ နားနေခန်းကိုလုပ်သလို စာကြည့်တိုက်ကိုလည်း မြင်မကောင်းတော့တာမလို့ ပြင်ပေးပါဆိုတာပါပဲ။

 

ကျေင်းရဲ့ မီဒီယာပိုင်းဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ဒါရိုက်တာ Ernie Ballard III ကတော့ နားနေခန်းမှာ သုံးခဲ့တဲ့ ပိုက်ဆံတွေဟာ ကျောင်းသားတွေရဲ့ ဘုံရံပုံငွေထဲကမဟုတ်ဘဲနဲ့ အမေရိကန်ဘောလုံးကစာအဖွဲ့အတွက်သီးသန့်ထားထားတဲ့ ထောက်ပံ့ကြေးထဲက သုံးထားတာဖြစ်တဲ့အတွက် အထင်မလွဲစေချင်ကြောင်းနဲ့ ကျောင်းစာကြည့်တိုက်ကိစ္စဆိုတာဟာလည်း ပြင်ပြီးတာ တော်တော်ကြာနေပြီဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Twitter user တွေကတော့ ကောလိတ်ကျောင်းစရိတ်တွေဘာလို့ဈေးကြီးလဲ အခုမှသိပြီတို့၊ ဒီငွေတွေကို တခြားအကျိုးရှိတဲ့ နေရာမှာသုံးလိုက်ရင် ဘာဖြစ်မလို့လဲတို့ စတဲ့ဝေဖန်ရေးစကားတွေနဲ့ ဆက်တိုက် retweet ခံနေခဲ့ရပါတယ်။ ဒီကြားထဲ ကျောင်းက ပါမောက္ခ Robert Mann ဆိုတဲ့ ဆရာကလည်း နားနေခန်းအပျံစားဖြစ်နေချိန် သူကတော့ သူ့ရဲ့ ရုံးခန်းရှင်းဖို့တောင် ကိုယ်တိုင် စတိုးဆိုင်ကပိုက်ဆံနဲ့ဝယ်ထားတဲ့ ဖုန်စုတ်စက်အစုတ်လေးနဲ့ ရှင်းနေရတယ်ဆိုပြီး ဝင်ပြောထားပါသေးတယ်။

READ
လမ်းမထက်မှာ ပွဲကြမ်းခဲ့တဲ့ ယောက်ျားလုပွဲ

 

Penny

SHARE