အချစ်ကြောင့် ဘ၀ကို ဘယ်တော့မှ အရှုံးမပေးတဲ့သူတွေဆိုတာ

အချစ်ကြောင့် ဘ၀ကို ဘယ်တော့မှ အရှုံးမပေးတဲ့သူတွေဆိုတာ အချစ်တစ်ခုအတွက်နဲ့ ဘယ်ေတာ့မှ စိတ်ဆင်းရဲနေရမှာ မဟုတ်သလို၊ဘယ်တော့မှ အညံ့ခံပြီး ခေါင်းငုံ့နေမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ လေးစားခံရဖို့၊ တန်ဖိုးထားခံရဖို့၊ အလေးထားခံရဖို့ ထိုက်တန်တယ်ဆိုတာ သူတို့ကို သူတို့ ကောင်းကောင်းသိကြလို့ပါ။ အခု အချစ်ကြောင့် ဘ၀ကို ဘယ်တော့မှ အရှုံးမပေးတဲ့သူတွေမှာရှိတတ်တဲ့ အကျင့်လေးတွေ ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ယုံကြည်မှုရှိတယ်။

ဒီလိုလူမျိုးတွေက ဘယ်အရာမှာမဆို ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်စိတ်ချသလို၊ ကိုယ့်အပေါ်မှာ မကောင်းတဲ့ သူမျိုးကိုလည်း  ဘယ်လောက်ပဲ ချစ်ချစ် စွန့်လွှတ်ရဲတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဟာ အချစ်စစ်အတွက်နဲ့ ဘယ်သူကိုမှ ခေါင်းငုံ့အညံ့ခံနေမယ့် သူမျိုးတွေဖြစ်ပြီး အယောင်ဆောင်အချစ်တွေနဲ့ ချစ်နေရမယ့်အစား တစ်ယောက်တည်းနေတာက ပိုတောင်သာယာသေးတယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်ကြပါတယ်။

(၂) ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်တယ်။

သူတို့ဟာ ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်ပြီး သူတို့အပေါ် အမှားတစ်ခုကို ထပ်ခါထပ်ခါ ကျူးလွန်နေတာမျိုးတွေ၊ သူတို့ကိုအလေးမထားတာ၊ တန်ဖိုးမထားတာမျိုးဆိုရင် လုံးဝဆက်ပြီး သည်းခံနေကြမှာမဟုတ်ပါဘူး။ သူတို့အပေါ် အချစ်စစ်နဲ့ ချစ်တဲ့သူမဟုတ်ဘူးလို့ထင်ရင် ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်မယ့် သူမျိုးတွေပါ။

READ
ချစ်သူသက်တမ်းကြာလာတဲ့အခါမှနားလည်လာနိုင်မယ့် လူသိနည်း လျှို့ဝှက်ချက်(၅)ခု

(၃) ကိုယ်ပိုင်အစွမ်းအစရှိတယ်။

အချစ်ဆိုတာက ဘဝရဲ့မရှိမဖြစ်မဟုတ်ဘူးလို့ခံယူထားပြီး သူ့ဘဝကို သူ့အရည်အချင်းနဲ့သူ တာဝန်ယူနိုင်တာကြောင့် တစ်ပါးသူတစ်ယောက်ရဲ့ ထင်သေးစော်ကားခြင်းကို ဘယ်တော့မှ ခံရမှာလည်း မဟုတ်ပါဘူး။ ဒီလိုကိုယ်ပိုင်အစွမ်းအစရှိတဲ့လူမျိုးတွေက ကိုယ့်ဘ၀ကို ကိုယ်တိုင်အကောင်းဆုံးပုံဖော်နိုင်တဲ့သူတွေပါ။

(၄) တစ်ပါးသူရဲ့ အထင်သေးမှုကို မလိုလားဘူး။

ဒီလိုလူမျိုးတွေက ဘယ်အရာကိုမှ အချောင်မလိုချင်သလို၊ တစ်ပါးသူရဲ့ ထောက်ပံ့မှု၊ ပေးကမ်းမှုကိုလည်း မလိုချင်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်မယ်ဆိုတဲ့ စိတ်မျိုးရှိကြပါတယ်။ ဒီလိုစိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် သူတို့ကို ဘယ်သူမှ အထင်မသေးရဲကြပါဘူး။

(၅) ကိုယ်ကိုယ့်ကို တန်ဖိုးထားတယ်။

ဒီလိုလူမျိုးတွေက သူတို့ကို ကောင်းကောင်းချစ်နိုင်တဲ့သူ၊ ဂရုစိုက်နိုင်တဲ့သူ၊ သူတို့အပေါ်သစ္စာရှိပြီးတန်ဖိုးထားတတ်တဲ့ ချစ်သူမျိုးကိုပဲ အလိုရှိပြီး သူတို့ကို တန်ဖိုးမထားတဲ့သူမျိုးကို စွန့်သွားဖို့ ဝန်မလေးတတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်တန်ဖိုးကိုယ်ကောင်းကောင်းသိပြီး တစ်ပါးသူတစ်ယောက်ကို အချစ်တစ်ခုအတွက် ခေါင်းငုံ့အညံ့ခံမယ့် သူမျိုးတွေ မဟုတ်ကြလို့ပါ။

SHARE