Valentine’s Day မှာ ချစ်သူလေးနဲ့အတူ နားထောင်သင့်တဲ့ သီချင်းလေးများ

ချစ်သူလေးနဲ့အတူ အချစ်သီချင်းလေးတွေကို အတူတူနားထောင်ရင်း Valentine’s Day ကို ဖြတ်သန်းသွားမယ် ဆို တဲ့ သူတွေ အတွက် ..ဘယ်လိုအချစ်သီချင်းလေးတွေက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံပြုပေးချင်ပါတယ်။ေ အာက်မှာ ဖော်ပြထားတဲ့ နူးညံ့ တဲ့ အချစ်ကို ပုံဖော်ထားတဲ့ အချစ်သီချင်းကောင်းလေးတွေကို ချစ်သူလေးနဲ့ အတူ နားထောင်ပြီး ဖြတ်သန်းကြည့်ေ နာ်………….

shutterstock

(1)Perfect

Ed Sheeran, feat. Beyoncé သီဆိုထားတဲ့ Perfect ဆိုတဲ့ သီချင်းလေးကလည်း ချစ်သူများနေ့မှာ ချစ်ရသူလေးနဲ့ အတူတူ နားထောင်သင့်တဲ့သီချင်းလေးပါ။စာသားလေးတစ်လုံးချင်းစီကလည်း တကယ့်ကို ချစ်စရာ ကောင်းလွန်းပါတယ်။”I found a love, to carry more than just my secrets ….To carry love, to carry children of our own …We are still kids, but we’re so in love Fighting against all odds ….I know we’ll be alright this time………….

READ
မိန်းကလေးတိုင်း သဘောကျကြတဲ့ ယောကျာ်းလေး အမျိုးအစား (၅)မျိုး

(2)”Stand by Me”

ဗားရှင်းပေါင်းစုံနဲ့ နာမည်ကြီးခဲ့တဲ့ သီချင်းလေးပါ။ဗားရှင်းမျိုးစုံထဲကမှာ ဗြိတိန်တော်ဝင်မင်္ဂလာပွဲ မှာ ဆိုခဲ့တဲ့ “Stand by Me”ဗားရှင်းကိုတော့ အကြိုက်ဆုံးပါ။ကောင်းကင်ကြီးပဲပြိုကျမလား၊တောင်တန်းတွေပဲတစ်စီပဲ့ကျ ပြိုလဲပျက်စီးသွား မလား ချစ်ရသူလေးသာ အနားမှာရှိနေရင် Ok ပါတယ် ..ဆိုတဲ့ သီချင်းလေးကလည်း တကယ့်ကို အမိုက်စား လေးပါ။

(3)I’ll Never Love Again

ချစ်ရသူလေးကို မင်းမှမင်းပဲ နောက်တစ်ယောက် မရှိတော့ပါဘူး။နောက်ထပ်မချစ်တော့ပါဘူး …ဆိုပြီး ကတိသစ္စာပြု မယ်လို့ စဉ်းစားထားရင်တော့ Lady Gaga ရဲ့ I’ll Never Love Again ဆိုတဲ့ သီချင်းလေးရှိပါတယ်။Don’t wanna feel another touch …Don’t wanna start another fire …Don’t wanna know another kiss……………..

(4)A Thousand Years

READ
ယောက်ျားလေးတွေကို အသဲအရမ်းယားစေတဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးများ

Christina Perri ရဲ့ A Thousand Years သီချင်းလေးကတော့ ချစ်သူများနေ့မှာ ချစ်ရသူလေးနဲ့ မဖြစ်မနေ ကို အတူတူ နားထောင်သင့်တဲ့ သီချင်းလေးပါ။I have died everyday waiting for you …Darling don’t be afraid I have loved you…For a thousand years ….I’ll love you for a thousand more

(5)Marry You

Marry You သီချင်းလေးကတော့ ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့ အခါမှာ အသုံးများတဲ့ သီချင်းလေးပါ။လက်ထပ် ခွင့်တောင်းမယ်(သို့)လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူလေးဆိုတာကိုတော့ ဒီသီချင်းလေးနဲ့ သက်သေ ပြလို့ရပါတယ်။

(6)All of Me

အဆုံးသတ်အနေနဲ့ ရွေးပေးချင်တဲ့ သီချင်းလေးကတော့ John Legend  ရဲ့ ရင်တွင်းဖြစ် သီချင်းလေး All of Me ပါ။ဘယ်အချိန်ပဲ နားထောင်နားထောင် မရိုးတဲ့ အချစ်သီချင်းလေးပါ။

#Shwemom

SHARE