ကိုယ့်ကိုယ်ကို ချစ်တတ်ရာကနေ ပျော်ရွင်မှုတွေကို ခံစားလာရမှာပါ။

တခြားသူကို မချစ်ခင် ကိုယ့်ကိုယ်ကိုချစ်ဖို့ သင်ယူပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်ဖို့လို့ ပြောတာကတော့ တစ်ကိုယ်ကောင်းဆန်ခိုင်းတာမျိုး မဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ့်ကိုယ်ကို ချစ်ခြင်းဆိုတာက ဘယ်လိုမျိုးလဲ။

(၁) ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ

သင့်က ကောင်းတဲ့အရာတွေနဲ့ ထိုက်တန်တယ်ဆိုတာ ယုံကြည်ထားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မကောင်းတွေးနေတာမျိုးကို ရပ်ပစ်လိုက်ပါ။ တခြားလူတွေအတွက် တွေးပေးနေရင် ကိုယ့်အတွက် တွေးဖို့ မေ့နေတာမျိုး ရှိလာတတ်တယ်။ ကိုယ့်ရပ်တည်မှုက ဘာလဲဆိုတာပါ ဖြစ်လာတတ်တယ်။ ဒါကြောင့် တစ်ခါတစ်လေ ကိုယ့်အတွက်ကို တွေးပြီး ကိုယ့်ကိုယ်ကို ချစ်ပါ။

(၂) တခြားသူတွေနဲ့ ယှဉ်နေတာတွေကို ရပ်လိုက်ပါ


ဘ၀မှာ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်နေတတ်တယ်။ ဒီလို နှိုင်းယှဉ်တာမျိုးက တခြားသူက သင့်ထက်ပိုကောင်းအောင် လုပ်မိတဲ့အခါမျိုးမှာ တွေးမိတတ်ကြတယ်။ တခြားသူနဲ့ ကိုယ့်ကိုယ်ကို ယှဉ်နေတာမျိုးတွေရပ်လိုက်ပြီး ကိုယ့်ကိုယ်ကို ချစ်ပါ။ သင်လုပ်ခဲ့တဲ့ အရာတိုင်းအတွက် ကိုယ့်ကိုယ်ကို ချီးကျူးပေးပါ ၊ ဂုဏ်ယူပေးပါ။

READ
ငွေကုန်ကြေးကျ မများဘဲ ကျန်းမာအောင် ဘယ်လိုနေကြမလဲ

(၃) အတင်းပြော ၊ ဆင်ခြင်ပေးတာမျိုး ရပ်လိုက်ပါ

အတင်းပြောတာက သင့်ကို အဆိုးဖြစ်စေတယ်။ ဒီလိုလုပ်နေမယ့်အစား တခြားသူတွေကို သင့်ကို အားကျစေမယ့်အရာမျိုးလုပ်လိုက်ပါ။ ကိုယ့်ဘ၀အတွက် ကိုယ်ရှင်သန်ပြီး ပျော်ရွှင်မှုကိုရှာပါ။ ဒီလို ကောင်းတဲ့အရာတွေက ကိုယ့်ကိုယ်ကို ချစ်လာစေဖို့ပါ။

(၄) ပျော်ရာကို လုပ်ပါ

ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ ကိုယ်ဖြစ်ချင်တာကို လုပ်လိုက်ပါ။ ရှော့ပင်းထွက်လိုက်တာမျိုး ၊ ကိုယ့်စိတ်ကို ပျော်စေမယ့် အရာတွေကို စလုပ်ကြည့်ပါ။ သူများအတွက် ၊ သူများစိတ်ကြိုက် ရှင်သန်နေရတာထက် ကိုယ့်ကိုယ်ကို ချစ်လာဖို့ သင်ယူလိုက်ပါ။

(၅) အချိန်ပေးပါ


သင့်အချိန်တွေ အားလုံးက အလုပ်မှာ ဆိုရင်တော့ သင် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ လိုနေပါပြီ။ ဖုန်းကိုပိတ်၊ ကွန်ပျူတာကို ပိတ်ပြီး လမ်းလျှောက်ထွက်လိုက်ပါ။ သင့်အတွက် ၊ သင့်ကိုယ်သင် တန်ဖိုးရှိတဲ့ အချိန်တွေ ပေးလိုက်ပါ။ ကြည့်ချင်တဲ့ ဇာတ်ကားတွေ ကြည့်လိုက်ပါ ၊ စားချင်တာတွေ ၀ယ်စားလိုက်ပါ ။ ကိုယ့်ကိုယ်ကို ချစ်တတ်လာရင် ပျော်ရွှင်မှုတွေကို ခံစားလာရမှာပါ။

READ
စိတ်ဖိစီးမှုတွေကို ကိုယ့်အတွက်ကောင်းကျိုးရရှိအောင်ဘယ်လိုပြန်အသုံးချမလဲ

Hannwe Soe

SHARE