မွေးစားမယ့် ပိုင်ရှင်အသစ် တွေ့ရသွားပြီဖြစ်တဲ့ စွန့်ပစ်ခံ ဒုက္ခိတခွေးကလေး Tin Tin

[email protected] de São Leopoldo

ခွေးကလေးတွေဆိုတာ လူသားတွေအတွက် အကောင်းဆုံးသောအဖော်မွန်ပါပဲ။ လူသားတွေအပေါ် သစ္စာအရှိဆုံး တိရစ္ဆာန်က ခွေးကလေးတွေ ဖြစ်သလို ခွေးကလေးတွေရဲ့ အချစ်ဆုံကလည်း လူသားတွေပါပဲ။ အခုပြောပြချင်တဲ့ အကြောင်းအရာကတော့ စွန့်ပစ်ခံ ဒုက္ခိတခွေးကလေး Tin Tin ရဲ့အကြောင်းပါပဲ။ Tin Tin ရဲ့ အကြောင်းကို မပြောပြခင်မှာ Tin Tin ရဲ့ အတိတ်အကြောင်းကို ခဏလောက် ပြန်သွားကြည့်လိုက်ကြရအောင်လား။

အပေါ်မှာမြင်ရတဲ့ ဗီဒီယိုဖိုင်ကတော့ Tin Tin ရဲ့ အတိတ်ပါပဲ။ ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း အမျိုးသမီးတစ်ယောက်ဟာ ကားရပ်ပြီးတော့ ကားပေါ်ကနေ Tin Tin လေးကို ဆွဲခေါ်ချခဲ့ပါတယ်။ Tin Tin လေးဟာ ခြေထောက် ၃ ချောင်းပဲ ရှိတာကြောင့် ကောင်းကောင်း မရပ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် Tin Tin လေးဟာ ကားပေါ်ကို ပြန်တက်ချင်တဲ့ အရိပ်အယောင်ပြခဲ့ပေမယ့် ပိုင်ရှင်အမျိုးသမီးကတော့ Tin Tin ကို ပြန်မောင်းထုတ်ပြီး ကားကို တရကြမ်း မောင်းပြီး  Tin Tin ကို တစ်ကောင်တည်း စွန့်ပစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာကတော့ Brazil နိုင်ငံ၊ Rio Grande do Soul ပြည်နယ်၊ Sao Leopoldo မြို့မှာပဲ ဖြစ်ပါတယ်။

READ
(၂) ပတ်ကြာပျောက်နေတဲ့ ခွေးလေးနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့ ကောင်လေးရဲ့ ဗီဒီယိုဖိုင်
Prefeitura de São Leopoldo
Prefeitura de São Leopoldo

ဒီလိုနဲ့ Tin Tin လေးကို The Patas Geurreras အမည်ရတဲ့ တိရစ္ဆာန်ဂေဟာကနေ သွားခေါ်ခဲ့ပြီး ဂေဟာမှာပဲ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Tin Tin လေးကို မွေးစားချင်တဲ့ လူတွေ အများအပြားရှိခဲ့ပေမယ့် နောက်ထပ် ဒီလိုအဖြစ်အပျက်မျိုးထပ်မံကြုံတွေ့ရမှာစိုးတာကြောင့် အဆိုပါ တိရစ္ဆာန်ဂေဟာက တာဝန်ရှိသူတွေဟာ လက်လါတ်စပယ်မပေးခဲ့ပါဘူး။ ဂေဟာမှာလည်း Tin Tin အတွက် သီးသန့် ကြည့်ရှု့စောင့်ရှောက်ဖို့  ဝန်ထမ်းတစ်ဦးကို တာဝန်ပေးအ်ပခဲ့ပါတယ်။

Prefeitura de São Leopoldo
Prefeitura de São Leopoldo

“Tin Tin က တော်တော်လေးကို လိမ္မာရေးခြားရှိတဲ့ ခွေးကလေးတစ်ကောင်ပါ။ ကျွန်တော်ဆို သူ့ကို သံယောဇဉ်တော်တော်ဖြစ်တယ်ဗျ။ ကိုယ်တိုင်မွေးစားဖို့ ကြိုးစားခဲ့ကြည့်ပါသေးတယ်။ ဒါပေမယ့် ဒီလိုဂေဟာက ဝန်ထမ်းတွေက ဂေဟာက တိရစ္ဆာန်တွေကို ပြန်မွေးခွင့် မရှိဘူးလေ။ အခုတော့ Tin Tin ဟာ သူ့ကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်တဲ့ ပိုင်ရှင်မိသားစုနဲ့ ရှိနေပါပြီ” လို့ The Patas Geurreras ဂေဟာမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
အစနောက်ခံနေရတဲ့ သမီးလေးကို နှစ်သိမ့်ချင်လို့ နည်းလမ်းထွင်ခဲ့တဲ့ ဖေဖေ
Prefeitura de São Leopoldo

Pyi Hein Kyaw

SHARE