လှပတဲ့မနက်ခင်းမှာချစ်သူကောင်လေးဆီပို့နိုင်တဲ့ ကြည်နူးစရာမက်ဆေ့များ

ယောက်ျားလေးအများစုကသူတို့ကိုယ်တိုင်စာရိုက်ရတာပျင်းပေမယ့်ချစ်သူဆီကိုမက်ဆေ့တစ်နေ့တစ်စောင်အချိန်မှန်မှန်ပို့ချင်တဲ့ဆန္ဒမရှိကြပေမယ့်ချစ်သူပို့တဲ့ရင်ခုန်ကြည်နူးစရာမက်ဆေ့လေးကိုတော့သဘောကျတတ်ကြပါတယ်။မက်ဆေ့ပို့ရတာဝါသနာပါတဲ့ ကောင်မလေးတွေရော၊ ကိုယ့်ချစ်သူကို မက်ဆေ့ပို့ချင်တဲ့ ကောင်မလေးတွေအတွက်ရောမနက်စောစော ပို့နိုင်မယ့် ကြည်နူးစရာမက်ဆေ့စာသားလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ပါစေ ချစ်သူ

မနက်စောစောဒီလိုမက်ဆေ့ပို့လိုက်ခြင်းကသင့်ရဲ့တစ်နေ့တာရဲ့အစမှာသင့်စိတ်ထဲမှာသူရှိနေတယ်ဆိုတာသူသိသွားမှာပါ။

 

ဒီအချက်တွေကြောင့် နင့်ကိုချစ်နေရတာ

လူတစ်ယောက်ကိုချစ်တဲ့အခါ အကြောင်းပြချက်မရှိဘူးဆိုတဲ့အချက်ဟာတကယ်တော့မမှန်ကန်ပါဘူး။သူ့ကိုမြင်လိုက်တာနဲ့ မပြောပြတတ်တဲ့ခံစားမှုကြောင့်သူ့ကိုချစ်မိသွားတယ်ဆိုကတည်းကသူနဲ့ကိုယ်ကြားမှာဆက်သွယ်မှုတစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းပြချက်ရှိနေလို့ပါပဲ။ဒါကြောင့်မနက်စောစောကိုယ့်ရဲ့ချစ်သူကောင်လေးဆီကိုမက်ဆေ့ပို့မယ်ဆိုရင်နင့်ရဲ့အပြုံး၊နင့်ရဲ့ကြင်နာမှု၊နင့်ရဲ့ရယ်မောသံတွေကြောင့်နင့်ကိုချစ်နေရတာစသဖြင့်ကိုယ်သူ့အပေါ်နှစ်သက်တဲ့အချက်လေးတွေကိုထည့်ပြီး မက်ဆေ့ပို့နိုင်ပါတယ်။ဒါဆိုရင် သေချာပေါက်သူပြုံးမိမှာပါ။သူ့ရဲ့မနက်ခင်းကို အပြုံးတွေနဲ့ စတင်စေပြီပေါ့။

ငါ့နင့်ကို သိစေချင်တယ်

တခါတလေမှာ ယောက်ျားလေးတွေကချစ်သူရဲ့ဂရုစိုက်မှုလေးတွေကိုပါးစပ်ကဖွင့်ဟမပြောပေမယ့်လည်းလိုချင်မိကြပါတယ်။သင့်အနေနဲ့မနက်စောစောမက်ဆေ့ပို့တဲ့အခါနင်ဘယ်လိုဝတ်ရင်နင်နဲ့ပိုလိုက်တယ်ဆိုတာမျိုး၊နင့်ကိုဘယ်အချိန်တွေ့ရမလဲဆိုပြီးငါစောင့်နေမိတယ်ဆိုတာမျိုးစသဖြင့်သင့်အနေနဲ့သူ့ကိုလိုလိုလားလားရှိတယ်ဆိုတာသိသာစေတဲ့အချက်လေးတွေရေးပို့နိုင်ပါတယ်။သေချာပေါက် သူ့ရဲ့မနက်ခင်းတွေလှပသွားမှာပါ။

နင်ဘယ်လိုနေရင် ငါ့ကိုပြုံးမိစေတယ်

ယောက်ကျားလေးတွေက ကိုယ့်ချစ်သူပြုံးပျော်နေတာကို မြင်ချင်ကြပါတယ်။ကိုယ့်ချစ်သူပြုံးပျော်အောင် လုပ်နိုင်ရင်လည်း ဂုဏ်ယူတတ်ကြပါတယ်။ဒါကြောင့်နင်ဘယ်လိုနေရင်ငါ့ကိုပြုံးမိစေတယ်ဆိုပြီးသူကိုယ့်ကိုယ်ပြုံးလာအောင်လုပ်တတ်တဲ့အပြုအမူလေးတွေအချက်လေးတွေထည့်ရေးပြီး ပို့နိုင်ပါတယ်။ဥပမာ သင့်ကို ချစ်စနိုးနဲ့ ဘယ်လိုနာမည်လေးခေါ်ရင် သင်သဘောကျမိတယ်ဆိုတဲ့အကြောင်းလေးပေါ့။

နင့်ကိုအသိအမှတ်ပြုတယ်

ကိုယ့်ချစ်သူရဲ့ချီးမွှမ်းတာခံချင်ကြတာကလည်း ယောက်ျားလေးတွေ မိန်းကလေးတွေဆီက လိုချင်တဲ့အချက်တွေထဲမှာ တစ်ချက်အနေနဲ့ပါဝင်ပါတယ်။ဒါကြောင့်သူသင့်အပေါ်ဂရုတစိုက်ရှိခဲ့တာတွေ၊သင့်အတွက်ဘယ်လိုနေပေးခဲ့တာတွေကို ရေးပို့ရတာကလည်း ရင်ခုန်ဖို့ကောင်းပါတယ်။သူလည်းကျေနပ်မှာပါ။

ChoChoThan(Shwemom)

ref:womanitely.com

SHARE