ပျောက်ဆုံးသွားတဲ့ ကလေးငယ်ကို အိမ်မွေးခွေးနှစ်ကောင်က စောင့်ရှောက်ထားတဲ့ ဖြစ်ရပ်

[email protected] County Sheriff, Michael A. Adkinson, Jr.

ခွေးကလေးတွေဆိုတာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆန်လေးတွေဖြစ်ပြီး လူတွေအပေါ်မှာ သစ္စာအရှိဆုံး တိရစ္ဆာန်လေးတွေပါပဲ။ အချိန်ပြည့်ကိုယ့်အနားမှာပဲနေပြီး ပွတ်သီးပွတ်သပ်လုပ်ကာ ချစ်စရာကောင်းအောင်နေတာလည်း ခွေးကလေးတွေပါပဲ။ အခုလည်း အမေရိကန်နိုင်ငံက အိမ်မွေးခွေးကလေးနှစ်ကောင်ဟာ တောထဲမှာပဲနေပြီး ပျောက်ဆုံးနေတဲ့ သူတို့သခင်ရဲ့ သားကလေးကို စောင့်ရှောက်ပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၇.၆.၂၀၂၀)တုန်းက အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်ရှိ Ponce De Leon မြို့က မိသားစုတစ်ခုရဲ့ အသက် ၃ နှစ်အရွယ်ရှိ ကလေးလေးတစ်ယောက်ဟာ နေအိမ်ကနေပျောက်ဆုံးသွားကြောင်း တိုင်ချက်တစ်ခုကို Walton County ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပါတယ်။ အဆိုပါကလေးလေးရဲ့ နာမည်ကတော့ Marshal ဖြစ်ပြီး သူဟာ Autistic ကလေးတစ်ယောက်ဖြစ်ပါတယ်။ စကားလည်းမပြောနိုင်တဲ့အပြင် တစ်ခါမှလည်း ဒီလိုမပျောက်ဖူးတော့ သူ့ရဲ့ မိသားစုခမျာ Marshal အတွက် တော်တော်စိုးရိမ်ခဲ့ပါတယ်။

UPDATE: Child has been located. __________WCSO SEARCHING FOR MISSING THREE-YEAR-OLD BOY IN PONCE DE LEONWalton…

Posted by Walton County Sheriff, Michael A. Adkinson, Jr. on Wednesday, June 3, 2020

Marshal ရဲ့ အဒေါ်ဖြစ်သူ ပြောကြားချက်အရဆိုရင် အဲဒီနေ့မနက်ခင်းတုန်းက ခြံထဲမှာ အဝတ်လှန်းနေတုန်း Marshal လေးဟာ သူ့အဒေါ်ရဲ့အနားမှာ လာဆော့နေပါသေးတယ်။ ဒီလိုနဲ့ သူ့ရဲ့အဒေါ်ဖြစ်သူဟာ နောက်ထပ်အဝတ်တွေကို လှန်းဖို့ အိမ်ထဲမှာ သွားယူနေတုန်း Marshal လေးဟာ ခြံအပြင်ကို တစ်ယောက်တည်း ထွက်သွားခဲ့ဟန်တူပါတယ်။ အဲဒီနောက်မှာတော့ အဒေါ်ဖြစ်သူဟာ ခြံထဲပြန်ရောက်လာပြီး အဝတ်လှန်းနေတုန်း Marshal လေး ခြံထဲမှာ မရှိတော့တာ သတိထားခဲ့မိပါတယ်။ ဒါပေယ့် သူ့အဒေါ်ရဲ့ စိတ်ထဲမှာ Marshal တစ်ယောက် အိမ်ထဲ ပြန်ဝင်သွားပြီးဆော့နေတယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒီလိုနဲ့ နေ့လည် ထမင်းစားချိန်ရောက်တော့မှ Marshal တစ်ယောက်ပျောက်နေမှန်း အိမ်သားတွေ သိလိုက်ရပါတယ်။

READ
ဆံပင်ရှည်တွေကို ဆံသဆရာက မပြောမဆိုညှပ်ချလိုက်လို့ မူးမေ့လဲကျခဲ့ရတဲ့မော်ဒယ်
WJHG

“သိသိချင်းတော့ စိုးရိမ်စိတ်က ငယ်ထိပ်ကို စောင့်တက်တာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မကလေးက သာမန်ကလေးတွေလိုမှ မဟုတ်တာ။ ချက်ချင်း ရဲစခန်းကို အကြောင်းကြား၊ အိမ်သားတွေနဲ့ အိမ်နီးချင်းတွေကလည်း အနီးအနားမှာ ဝိုင်းရှာပေးကြပါတယ်။ ရဲတွေရောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးလိုက်ရှာတာတောင် မတွေ့ရဘူး။ ဒါပေမယ့် ခပ်လှမ်းလှမ်းက တောအုပ်ထဲကို ရှာဖို့ မေ့သွားကြတယ်။ နောက်တစ်နေ့မနက်မိုးလင်းတာနဲ့ အဲဒီတောအုပ်ထဲလည်း သွားရှာကော Marshal ကို တွေ့ခဲ့ရပါတယ်။ သူ့အနားမှာတော့ ကျွန်မတို့ အိမ်က ခွေးလေးနှစ်ကောင်ဖြစ်တဲ့ Nala နဲ့ Buckwheat တို့က စောင့်ရှောက်ပေးထားကြတဲ့ပုံပါပဲ။ Nala နဲ့ Buckwheat တို့က တစ်ကယ်တော်တဲ့ ခွေးကလေးတွေပါပဲ” လို့ Marshal ရဲ့ မိခင်ဖြစ်သူ Dobridnia က ပြောကြားခဲ့ပါတယ်။

READ
ယောကျာ်းတွေ ဖောက်ပြန်ရတဲ့ ယေဘုယအကြောင်းအရင်းများ
Walton County Sheriff, Michael A. Adkinson, Jr.

Pyi Hein Kyaw

SHARE