သူမရဲ့ ဓာတ်ပုံအောက်က ဆိုးရွားတဲ့ ကော်မန့်ကို ပြန်တုံ့ပြန်လိုက်တဲ့ Lovelyz’s Jisoo

ig/@jeezepizza

Lovelyz အဖွဲ့ဝင် Jisoo က မကြာသေးခင် ရက်ပိုင်းက bikini ဝတ်စုံလေးနဲ့ ယုံကြည်မှုရှိရှိ ရိုက်ထားတဲ့ သူမရဲ့ ဓာတ်ပုံကို သူမ instagram account မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ July 12 ရက်နေ့က ပရိတ်သတ်တွေကို အံ့သြသွားစေမယ့် bikini ဝတ်စုံလေးနဲ့ ရိုက်ထားတဲ့ ပုံလေးကို သူမရဲ့ instagram ပေါ်မှာ တင်ခဲ့တယ်ဆိုတဲ့အကြောင်းကို kstarlive က ခုလိုဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

물놀이 죠아❤

A post shared by 서지수 (@jeezepizza) on

ဒီဓာတ်ပုံမှာတော့ Jisoo ရဲ့ ဘော်ဒီအမိုက်စားလေးနဲ့ အရမ်းကို ဆွဲဆောင်မှုရှိရှိ လှပနေတာကို တွေ့ရမှာပါ။ ဒါပေမယ့်လို့ ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး သူမအပေါ် မုန်းတီးတဲ့ သူတစ်ယောက်က မကောင်းတဲ့ ကော်မန့်တစ်ချို့ကို မန့်ခဲ့ပါတယ်။

ကော်မန့်တွေမှာ “ အရမ်းမိုက်တယ် သူကောင်လေးကတော့ ပျော်နေမှာ ‌သေချာတယ်” ဆိုတဲ့ ရိုင်းစိုင်းတဲ့ ကော်မန့်မျိုးကို မန့်ခဲ့တာ ဖြစ်ပြီး Jisoo က အဲဒီ့ ကော်မန့်ကို screen shoot ယူပြီးခုလို ပြန်လည်ချေပခဲ့ပါတယ် “ ကျွန်မတို့ တစ်နေ့နေ့တော့ တွေ့ကြမယ်လို့ ကျွန်မထင်တယ် ကျွန်မ အကောင့်ပေါ်မှာ ကျွန်မဘာပဲ တင်တင် ရှင်ကတော့ တစ်ခုခု ပြောနေအုံးမှာပဲ ဒါကြောင့် မကြာခင် ရှင်နဲ့ တွေ့ရဖို့တော့ ကျွန်မဆုတောင်းပါတယ်” ဆိုပြီး ပညာသားပါပါ တုံ့ပြန်ထားပါတယ်။

View this post on Instagram

꺄룽🦊

A post shared by 서지수 (@jeezepizza) on

Jisoo ရဲ့ တွေ့ကြရမယ်ဆိုတဲ့ စကားက သူ့ကို မှတ်ကို မှတ်မိနေမယ် ဆိုတဲ့ သဘောပါ။ သူမရဲ့ အေဂျင်စီ Woollim Entertainment ကတော့ အခုလိုမျိုး မကောင်းတဲ့၊ ရိုင်းစိုင်းတဲ့ ကော်မန့်တွေက မဟုတ်မမှန်တဲ့ သတင်းတွေ ဖြန့်လေ့ရှိကြောင်းကို ကြေညာထားပါတယ်။

READ
အခြေအနေအရ ပန်းကန်ဆေးရပေမယ့် ရုပ်ရည်ကြောင့် ကမ္ဘာကျော်ခဲ့ရတဲ့ ကောင်မလေး

Khin

SHARE