သင့်ချစ်သူက တစ်ဘ၀စာ လက်တွဲဖို့ထိရည်ရွယ်ထားလားဆိုတာ သိနိုင်မယ့် အချက်များ

ဘဝမှာ ကိုယ်တကယ်ချစ်ရတဲ့သူက ကိုယ့်ကို လက်ထပ်ဖို့ပါရည်ရွယ်ထားတယ်ဆိုရင် သင်ဟာ ဒီလောကမှာ ကံအကောင်းဆုံး လူသားတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ သင့်ချစ်သူက သင့်ကို့ နှုတ်ကဖွင့်မပြောသေးပေမယ့်  အခုဖော်ပြပေးထားတဲ့အချက်လေးတွေကို လုပ်နေပြီဆိုရင်တော့ သူဟာ သင့်ကို တစ်ဘ၀စာလက်တွဲဖို့ သေချာနေပြီဆိုတာကို သိလိုက်တော့နော်….

(၁) သင်ကို အရမ်းဂရုစိုက်တယ်။

လူတော်တော်များများက သူတို့တစ်ဘ၀စာလက်တွဲဖို့ထိ ရည်ရွယ်ထားတဲ့ သူတစ်ဦးတည်းကိုပဲ ဂရုစိုက်ပေးတတ်ကြတဲ့အမျိုးပါ။ သင်နေမကောင်းတာ၊ မပျော်မရွင်ဖြစ်နေတဲ့အချိန်မျိုးတွေမှာ သင့်အနားမှာ အရိပ်ကလေးလိုနေပြီး ဂရုစိုက်ပြနေရင်ကို သင်အဆင်ပြေ၊ ပျော်ရွင်နေတာကိုပဲ သူမြင်ချင်နေလို့ပါ….

(၂) သင်နဲ့ သက်ဆိုင်နေတဲ့ သူရဲ့ အနာဂတ်အကြောင်းတွေ ပြောပြတယ်။

သင်ကို သူရဲ့အနာဂတ်စီမံကိန်းအကြောင်းတွေ ပြောနေပြီဆိုရင် သင့်ကိုလက်ထပ်ဖို့အထိရည်ရွယ်ထားနေပြီဆိုတဲ့ သဘောပါ။ ဥပမာ – သင်ချစ်သူက အနာဂတ်အကြောင်းပြောတဲ့အခါတိုင်း၊ သူ့အကြိုက်လေးတွေ၊ သူ့ရည်မှန်းချက်တွေနဲ့ အနာဂတ်အကြံအစည်တွေတိုင်းမှာ သင်နာမည်ပါနေတတ်တာမျိုးပါ။

(၃) မိသားစုနဲ့ အဆင်ပြေအောင် နေပေးတယ်။

သူရဲ့ စကားပြောပုံ၊ ပြုမူဆက်ဆံပုံတွေကို သင်မိသားစုက သဘောမကျဘူးဆိုရင် သူကိုယ့်သူ အမြဲပြုပြင်ပြောင်းလဲတတ်ပါတယ်။ သူဒီလိုပြုပြင်ပြောင်းလဲပြီး သင်မိသားစုနဲ့ အဆင်ပြေအောင်ကြိုးစားနေတယ်ဆိုတာက သင်ကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားလို့ပါ။

READ
Broken Familyကနေလာတဲ့မိန်းကလေးကို ချစ်မိပြီဆိုရင်...ဒါတွေသိထားသင့်ပါတယ်။

(၄) ဘာကိစ္စပဲဖြစ်ဖြစ် သင့်ကို အရင်တိုင်ပင်တယ်။

သူစီစဉ်ထားတဲ့ လုပ်ငန်းတွေ၊ အကြံအစည်တွေအားလုံးမလုပ်ခင် သင့်ကိုတိုင်ပင်တတ်တယ်။ သူဘာပဲလုပ်လုပ် သင်ဆီက အကြံညဏ်ကိုယူပြီး လုပ်တတ်တယ်ဆိုရင် သင်ကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

(၅)  ငွေကြေးပိုင်းဆိုင်ရာကိုလည်း အဆင်ပြေအောင်ကြိုးစားတယ်။

သူရဲ့ ဝင်ငွေ၊ ထွက်ငွေကို စနစ်တကျထားပြီး သင်နဲ့ နှစ်ယောက်တစ်ဘ၀ထူထောင်တဲ့အခါမျိုးမှာ အဆင်ပြေအောင် ငွေကြေးများကို စတင်စုဆောင်းနေတတ်ပြီဆိုရင် သင့်ကိုလက်ထပ်ဖို့အထိ ရည်ရွယ်ထားလို့ပါ။

SHARE