သခင်တွေအပေါ်ထားရှိတဲ့ ခွေးလေးတွေရဲ့ အကြွင်းမဲ့အချစ်ကို ဖော်ပြနေတဲ့ဓာတ်ပုံများ

ခွေးတွေဟာ သူတို့ပျော်ရွှင်နေရရင်ပဲ ကျေနပ်ကြတဲ့သတ္တ၀ါတွေ မဟုတ်ပါဘူး။ သူတို့ပျော်နေသလို သခင်တွေလည်း ပျော်နေတာကို မြင်ချင်ကြတဲ့ သူလေးတွေပါ။ ဒါတင်မကသေးပါဘူး။ သခင့်ရဲ့အရိပ်အခြည်ကို အမြဲကြည့်တတ်ပြီး သခင့်မိသားစုရဲ့လိုအပ်ချက်တွေကိုပါ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြတဲ့ သူတွေလည်းဖြစ်ပါတယ်။ ခွေးကလေးတွေရဲ့သခင်အပေါ်မှာ အချစ်ပိုပြီး ဂရုစိုက်လွန်းအားကြီးနေတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးထားပါတယ်။

လဲကျပြီးဒဏ်ရာရနေတဲ့သခင်နားက ခွဲခွာဖို့ငြင်းဆန်နေတဲ့ခွေးကလေး

Def Civil B. Blanca

အေးခဲနေတဲ့အခြေအနေမှာ (၂၄)နာရီလုံးလုံး သခင်ပေါ်မှာလှဲအိပ်ပြီး သခင့်အသက် ကယ်ခဲ့တဲ့ခွေးလေး..

McLaren Northern Michigan

သခင်နေမကောင်းတာကြောင့် ကူညီချင်နေကြတဲ့သူတွေ…

fessapuella

သခင်ကိုယ်ဝန်ရှိနေမှန်း သိတာကြောင့် အနားကနေ မခွာချင်တော့တဲ့သူ…

okayyymovingon

ကျောင်းမှာ ကံဆိုးတဲ့နေ့တစ်နေ့ကြုံလာရင် သူမအတွက် အမြဲရှိနေပေးတဲ့ သူငယ်ချင်းကောင်း..

CrtListenCryostat

အသက်ထွက်တဲ့အချိန်အထိ ရှိနေတဲ့ လူနဲ့တိရစ္ဆာန်ကြားက စွမ်းအားကြီးတဲ့သံယောဇဉ်

Ali’s Medical & Memorial Fund

သခင်ရဲ့ (၂)ပတ်အရွယ်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ရမှာ သူ့တာဝန်လို့ဆုံးဖြတ်ပြီး အမြဲတမ်း ကလေးအနားမှ မခွာတဲ့သူ …

prolificsalo

အရမ်း ချစ်တတ်တဲ့သူ…

edilma

အချစ်ဆုံးသူငယ်ချင်းနဲ့အတူ တီဗီကြည့်နေစဉ်…

WhenInDoubtGoWithCC

ကျွန်တော့်အမေ ဖျားနေတဲ့အခါမျိုးတွေမှာ ခွေးတွေက အမေ့နားကနေ လုံးဝမခွာဘူး…. အမေနွေးနေအောင်လို့ အမေ့ကို သူတို့စောင့်ရှောက်ပေးနေကြတာလေ…

theredviolist09

လင်းလင်း (ShweMom)

READ
ငပလီကမ်းခြေမှာ ပျော်နေကြတဲ့ ခိုင်သင်းကြည်နဲ့ စံထိပ်ထားတို့ သားအမိ

Ref: BoredPanda

SHARE