အိမ်မွေးတိရိစ္ဆာန်လို တယုတယ မွေးထားနိုင်မယ့် စက်ရုပ်အမျိုးအစားသစ် ဂျပန်မှာတီထွင်

ဂျပန်နိုင်ငံမှာ အိမ်မွေးစက်ရုပ်အမျိုးအစားသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ။ Lovot လို့ အမည်ပေးထားတဲ့ ထိုစက်ရုပ်အမျိုးအစားကိုတော့ humanoid စက်ရုပ် Pepper ကို တီထွင်ခဲ့တဲ့ စက်ရုပ်ပညာရှင် Kaname Hayashi ကပဲ ဖန်တီးထားတာပါ။

YouTube

“ဒီစက်ရုပ်က သင့်ကို ဘာမှတော့ အကူအညီမပေးနိုင်ပါဘူး။ သူ့ကို ဒီအတိုင်း အိမ်မွေးတိရိစ္ဆာန်လေးလိုပဲ တယုတယ မွေးထားရဖြစ်ပါတယ်” လို့ Kaname Hayashi က ရှင်းပြခဲ့ပါတယ်။ Lovot တွေမှာ မော်တာငယ်တစ်ခုသာ ပါဝင်တာကြောင့် ပစ္စည်းယူတာ သန့်ရှင်းရေးလုပ်ပေးတာမျိုးတွေ ဘာမှတော့ လုပ်နိုင်မှာ မဟုတ်ဘဲ အသုံးပြုသူတွေနဲ့ အပြန်အလှန် တုံ့ပြန်နိုင်တဲ့ မျက်လုံးလေးတွေနဲ့ အသံစနစ်ပိုင်းသာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

Digital Trends

အိမ်ထဲမှာ လျှောက်သွားနေနိုင်မယ့် ဘီးသုံးလုံး ပါရှိပြီး သခင်ကို ချီခိုင်းဖို့လည်း တောင်းဆိုတတ်ဦးမှာပါ။ ခေါင်းပေါ်မှာ ကင်မရာနဲ့ ဆင်ဆာတွေ ပါရှိတဲ့ ဘူးလေးတစ်ဘူး ပါရှိတဲ့အတွက် လူတွေ၊ ပစ္စည်းတွေရဲ့ အသံတွေ၊ အပူချိန်တွေကို မှတ်သားကာ ခွဲခြားနိုင်မှာဖြစ်ပြီး လူတွေကိုလည်း မှတ်ထားနိုင်ပါတယ်။ ပေါင်ပေါ်မှာ တင်ပြီး ကလေးငယ်လို ချော့သိပ်ရင် အိပ်ပါ ပျော်သွားတတ်ဦးမယ့် စက်ရုပ်လေးလည်း ဖြစ်ပါတယ်။

READ
အသက် ၁၀ နှစ်အရွယ်မှာ နည်းပညာကိုယ်ပိုင်ကုမ္ပဏီ စထောင်ခဲ့တဲ့ ကောင်မလေး
Naftemporiki

ဂျပန်မှာ စက်ရုပ်တွေကို အိမ်မွေးတိရိစ္ဆာန်လို မွေးနေခဲ့ကြတာ အခုမှ မဟုတ်ပါဘူး။ Sony က ထုတ်ထားတဲ့ Aibo စက်ရုပ်ခွေးလေးတွေကိုလည်း အမွေးများကြပြီး စက်ရုပ်ခွေးလေးတွေ စက်အလုပ်မလုပ်တော့တဲ့အခါတွေမှာတောင် အသုဘလုပ်ပေးတတ်ကြပါသေးတယ်။ ယခုထွက်ရှိမယ့် Lovot စက်ရုပ်လေးတွေကတော့ တစ်ရုပ်ကို အမေရိကန်ဒေါ်လာ ၃၀၀၀ ဖြစ်ပြီး လစဉ်အသုံးပြုကြေးကတော့ ဒေါ်လာ ၉၀ ဖြစ်ပါတယ်။ အချစ်ကို ဈေးပေါပေါနဲ့တော့ မရနိုင်ဘူးနော်.. 😛

New Atlas

Ref: The Verge

SHARE