မထင်မှတ်ထားဘဲ မီလီယံချီကာ အမြတ်အစွန်းထွက်သွားသည့် Low Budget Movie များ

ရုပ်ရှင်တစ်ကားရိုက်တဲ့ project တိုင်းမှာလည်း ထုတ်ပေးနိုင်တဲ့ အများဆုံး budget ဆိုတာရှိပါတယ်။ Low budget movie တွေဟာ producer တွေမှ သိပ်မအောင်မြင်လောက်ဘူးထင်လို့ ပိုက်ဆံပုံအောမပေးရဲကြတဲ့ ရုပ်ရှင်ကားတွေပါ။ ဒီလိုမျိုးရုပ်ရှင်ကားတွေထဲကမှ မထင်မှတ်ထားလောက်အာင် အောက်မြင်မှုများစွာရပြီး မီလီယံနဲ့ချီကာ မြတ်စွန်းသွားခဲ့တဲ့ ရုပ်ရှင်တွေရှိလို့နေပါတယ်။ အဲဒီအထဲကမှ (၅) ကားကို ရွေးချယ်တင်ပြသွားပါမယ်။

(၁) Slumdog Millionaire

အိန္ဒိယရုပ်ရှင်တစ်ကားဖြစ်ပေမယ့် ဗြိတိသျှဒါရိုက်တာ Danny Boyle ရိုက်ကူးထားခဲ့တာပါ။ အကယ်ဒမီစံကာတင်စာရင်းထဲ ဆု (၁၀) ဆုဝင်ခဲ့ကာ Best Pictures အောစကာဆု၊ အကောင်းဆုံး ဒါရိုက်တာဆုအပါအဝင် ဆု (၈) ဆုဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ထွက်ကားတစ်ကားဖြစ်ပြီး အိန္ဒိယရဲ့လမ်းမထက်က ဘဝပေါင်းများစွာကို ထင်ဟပ်ပြတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

ထုတ်ပေးတဲ့ budget : (၁၅) မီလီယံဒေါ်လာ

အမြတ်ငွေ : (၃၃၇.၉) မီလီယံဒေါ်လာ

(၂) Lost In Translation

ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့ Bill Murray နဲ့ Scarlett Johansson တို့ သရုပ်ဆောင်ထားတဲ့ drama ဇာတ်ကားပါ။ Bill Murray ဟာ ဒီကားထဲမှာ အသက်အရွယ်ရလာတာကြောင့် စိတ်ဓာတ်ကျနေတဲ့ ရုပ်ရှင်မင်းသားတစ်ဦးအဖြစ်၊ Scarlett Johansson ကတော့ ကောလိတ်ပြီးခါစကောင်မလေးတစ်ဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တိုကျိုမှာဇာတ်အိမ်ထားပြီး ရင်ထဲထိရောက်စေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ထွက်ခါစကစလို့ အခုအချိန်အထိ တော်တော်လေး အောင်မြင်နေစဲဖြစ်ပြီး ရွှေကမ္ဘာလုံးဆု (၃) ဆု၊ Independent Spirit Award ဆု (၄) ခုရရှိခဲ့ပါတယ်။

READ
မိခင်အရင်းကတောင် မယုံကြည်တဲ့ ကောင်မလေးကို ကြယ်ပွင့်အဖြစ် ပြောင်းလဲခဲ့သူ

ထုတ်ပေးတဲ့ budget : (၄) မီလီယံဒေါ်လာ

အမြတ်ငွေ : (၁၁၉.၇) မီလီယံဒေါ်လာ

(၃) The Blair Witch Project

အမှတ်အတိုင်းပြောရရင် horror movie တွေဟာ အမြတ်ငွေရဖို့အတွက် ခက်ခဲသလို ပေါက်ရင်လည်း တဟုန်တိုးပေါက်နိုင်တဲ့ရုပ်ရှင်အမျိုးအစားတွေပါ။ The Blair Witch Project ဟာ ၁၉၉၉ ခုနှစ်မှာ ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး အမြတ်ငွေရချက်က စံတင်လောက်ပါတယ်။ ကျောင်းရဲ့ရုပ်ရှင်ပရောဂျက်တစ်ခုအတွက် တက္ကသိုလ်ကျောင်းသားသုံးယောက် တောထဲ သွားပြီး မှတ်တမ်းတင်ဗီဒီယိုရိုက်ရင်း ကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးကို ဇာတ်အိမ်တည်ကာ ရိက်ကူးထားတာပါ။ ၁၉၉၉ တုန်းက Paranormal Activity တို့ Rec တို့ Cloverfield တို့လို ကင်မရာမှတိုက်ရိုက်ကြည့်နေရသလို ရိုက်ချက်မျိုးတွေ ခေတ်မစားသေးပါဘူး။

ထုတ်ပေးတဲ့ budget : ဒေါ်လာ (၆၀,၀၀၀)

အမြတ်ငွေ : (၂၄၈.၆) မီလီယံဒေါ်လာ

(၄) Paranormal Activity

The Blair Witch Project ရဲ့အောင်မြင်မှုအတိုင်းပဲ နောက်ထပ်အောင်မြင်လာခဲ့တဲ့ documentary movie အမျိုးအစားတစ်ခုပါ။ ၂၀၀၇ ခုနှစ်မှာထွက်ရှိတဲ့တဲ့ ရုပ်ရှင်ဟာ အိမ်အတွင်းမှာပဲရိုက်ရတဲ့ Indoor scene တွေ အများကြီးပါတာကြောင့် မယုံကြည်နိုင်လောက်စရာ budget မျိုးနဲ့ ရိုက်သွားခဲ့တာပါ။ ဆုတော့မရခဲ့ပေမယ့် ရုပ်ရှင်ပရိတ်သတ်တွေကြားထဲ နာမည်တစ်လုံးတည်းရပ်တည်ခဲ့ပြီး sequels အနေနဲ့ နောက်ထပ် (၅) ကားထပ်ထွက်ခဲ့ပါတယ်။

READ
နာမည်ကျော် အလန်းစားလေးနဲ့နှစ်ယောက်နဲ့ အပြိုင်ကဲနေတဲ့ ယုန်လေး

ထုတ်ပေးတဲ့ budget : ဒေါ်လာ (၁၅,၀၀၀)

အမြတ်ငွေ : (၁၉၃.၃) မီလီယံဒေါ်လာ

(၅) Juno

Ellen Page ဦးဆောင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဖြစ်ပြီး မထင်မှတ်ထားဘဲ ကိုယ်ဝန်ရသွားတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ Best Priginal Screenplay ကို အကယ်ဒမီဆုမှာ ရရှိခဲ့ပြီး Independent Spirit Award မှာတော့ Best Feature, Best First Screenplay နဲ့ Best Female Lead ဆုတို့ ရရှိခဲ့ပါတယ်။

ထုတ်ပေးတဲ့ budget : (၇.၅) မီလီယံဒေါ်လာ

အမြတ်ငွေ : (၂၃၁.၄) မီလီယံဒေါ်လာ

 

Penny
Ref : The Culturaltrip

 

SHARE