၂၀၁၈ ခုနှစ်တုန်းကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ငွေကြေးတန်ဖိုးအနည်းဆုံး နိုင်ငံ(၁၀)နိုင်ငံ

pixabay/stevepb

ငွေကြေးတန်ဖိုးတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ နိုင်ငံတစ်ချို့ရဲ့ ငွေကြေးတန်ဖိုးတွေက အရမ်းကို နိမ့်ပါး ပြီး တစ်ချို့နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးတွေက အရမ်းကို မြင့်မားပါတယ်။ ဥပမာ..British Pound, Swiss Franc (Swissie), US Dollar, Euro ..ငွေကြေး တန်ဖိုးတွေက အရမ်းကို မြင့်မားပါတယ်။ငွေကြေးတန်ဖိုးဆိုတာဟာ နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေးအတွက် အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။ငွေကြေးဖောင်းပွမှုတွေ အရမ်း များ လာ ရင် ငွေကြေးတန်ဖိုးက အရမ်းလျော့နည်းပြီး နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအပေါ် ဆိုးကျိုး သက်ရောက်မှုတွေ အများ ကြီး ဖြစ်ပေါ် စေပါတယ်။ကမ္ဘာ့ ငွေကြေးတန်ဖိုးအနိမ့်ပါးဆုံးနိုင်ငံ (၁၀) နိုင်ငံစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီစာရင်း ကတော့ (၂၀၁၈) ဇွန်(၂၅)ရက်နေ့က ရထားတဲ့ နောက်ဆုံးရ ငွေကြေးတန်ဖိုးကို အခြေပြုပြီး ထုတ်ထားတာပါ။ အချိန်ကာလ နည်းနည်းကြာသွားတဲ့အတွက် အခုဆိုရင် နံပါတ်စဉ်အပြောင်းအလဲ တော့ အနည်းငယ်ရှိနိုင်ပါတယ်။

#No.1 – Iranian Rial

fxssi.com

Currency code – IRR ပါ။

1 USD = 42515 IRR (official rate)
1 USD = ~110000 IRR (black market rate)

အီရန်ကတော့ ကမ္ဘာ့ငွေကြေးတန်ဖိုး အနိမ့်ပါးဆုံးနိုင်ငံစာရင်းရဲ့ နံပါတ် တစ်နေရာမှာ ရပ်တည် နေပါတယ်။အီရန်- အီရတ် စစ်ပွဲ၊နူကလီးယားလက်နက်ခြိမ်းခြောက်မှု ..အစရှိတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက ငွေကြေးတန်ဖိုးအပေါ် ရိုက်ခတ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။(၂၀၁၆) ကနေစပြီး အမေရိကန် နဲ့ EU က ပိတ် ဆို့မှုတစ်ချို့ကို ဖြေလျော့ပေးခဲ့ပေမယ့် နိုင်ငံရဲ့ စီးပွားရေးကတော့ အခုထိ သိသိသာသာတိုးတက်ပြောင်းလဲ မှု မတွေ့ရပဲ ငွေကြေးတန်ဖိုးကျဆင်းမှုတွေ ဆက်ဖြစ်ပေါ်နေတာပါ။

#No.2 – Vietnamese Dong

Currency code – VND

1 USD= 22886 VND

ဗီယက်နမ်ကတော့ အခုထိ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေ ရှိနေတုန်းပါ။Dong  ငွေကြေးကတော့ ကမ္ဘာ့တန် ဖိုးအနိမ့်ပါးဆုံး ငွေကြေးစာရင်းရဲ့ နံပါတ် နှစ်နေရာမှာရှိနေတုန်းပါ။

READ
စအိုဝမှ ပခုံးအထိ (၄)ပေအရှည် သံချောင်းကြီး ထုတ်ချင်းပေါက်သွားတဲ့ အလုပ်သမားတစ်ဦး

#No.3 – Indonesian Rupiah

fxssi.com

Currency code – IDR

1 USD = 14066 IDR

အင်ဒိုနီးရှားကတော့ အရှေ့တောင်အာရှမှာဆိုရင် စီးပွားရေးတည်ငြိမ်ပြီး ဖွံ့ဖြိုးတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ဒါပေမယ့်လည်း နိုင်ငံရဲ့ exchange rate ကတော့ အခုထိ ကျဆင်းနေတုန်းပါ။ အာဏာပိုင်တွေဘက်ကတော့ ငွေကြေး တန်ဖိုး ပိုမိုတောင့်တင်းလာဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

#No.4 – Guinean Franc

Currency code – GNF

1 USD = 9030 GNF

အခုထိ ငွေကြေး ဖောင်းကြွမှုတွေက မြင့်တက်နေတုန်းပါ။ဆင်းရဲမွဲတေမှုပြဿနာတွေ၊လူဆိုးဂိုဏ်းဝင်တွေက ချမ်းသာ ကြွယ်ဝနေတဲ့ ကိစ္စတွေကြောင့်ဂီနီမှာတော့ အခုထိ ငွေကြေးဖောင်းကြွမှုနှုန်းတွေက မြင့်တက်နေတုန်းပါ။

#No.5 – Lao or Laotian Kip

fxssi.com

Currency code – LAK

1 USD = 8415 LAK

လာအိုကတော့ ငွေကြေးတန်ဖိုး လျှော့ချထားတာမျိုး၊ တန်ဖိုးကျတာမျိုးမဟုတ်ပဲ ဒီစာရင်းထဲမှာ ပါဝင် လာတာပါ။ (၁၉၅၂) တည်းက ဒီတန်ဖိုး(low rate)ကို ထုတ်ပြန်ထားတာပါ။ ဒေါ်လာနဲ့ယှဉ်ရင်တော့ သူ့တန်ဖိုးက ကျနေပေမယ့် သူ့တန်ဖိုးနဲ့ သူတော့ဆက်ပြီး မြင့်တက်နေပါတယ်။

#No.6 – Sierra Leonean Leone

Currency code – SLL

1 USD = 8030 SLL

စီအာရာလီယွန်းကလည်း ဆင်းရဲတဲ့ အာဖရိက နိုင်ငံတွေထဲက တစ်နိုင်ငံပါ။နိုင်ငံတွင်းက အခြေအနေ တွေကြေင့် ငွေကြေး တန်ဖိုး ကျဆင်းနေတာပါ။နိုင်ငံရေးတွေရော၊အီဘိုလာရောဂါ ကိစ္စတွေကြောင့်ပါ အခုလိုတွေ ဖြစ်နေတာပါ။

#No.7 – Uzbek Som

Currency code – UZS

1 USD = 7874 UZS

(2017) စက်တင်ဘာ (၅) ကနေ စပြီး ငွေရေးကြေးရေး မူဝါဒကို ပြောင်းလဲ ပစ်ခဲ့ပါတယ်။အဲ့ဒီမှာပဲ 1 USD = 8100 UZS ဆိုပြီး ငွေကြေး လဲလှယ်မှု တန်ဖိုးဖြစ်ခဲ့တာပါ။ခန့်မှန်းခြေကတော့ တစ်ဒေါ်လာမှာ 8000-8150 UZS လာက် ရှိပါတယ်။

READ
AGT ဒိုင်တစ်ဦးကို မျက်ရည်ကျစေခဲ့တဲ့ (၁၂) နှစ်အရွယ် အဆိုတော်လေး

#No.8 – Paraguayan Guarani

Currency code – PYG

1 USD = 5673 PYG

ပါရာဂွေးကတော့ ဒုတိယမြောက် အဆင်းရဲဆုံး တောင်အမေရိကန် နိုင်ငံပါ။စီးပွားရေး ကပ်ဆိုက်ပြီး ဆင်းရဲမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ပညာရေးအဆင့်အတန်းနိမ့်ပါးမှုတွေ၊ဆင်းရဲမွဲတေမှု များပြား နေတာတွေ၊အလုပ်လက်မဲ့နှုန်း များနေတာတွေရဲ့ အကျိုးရလဒ် ကြောင့် အခုလို ငွေကြေးတန်ဖိုး နိမ့်ပါး နေတာပါ။

#No.9 – Cambodian Riel

fxssi.com

Currency code – KHR

1 USD = 4060 KHR

ကမ္ဘောဒီးယား ငွေကြေး  Riel  ရဲ့  exchange rate ကတော့ နိမ့်ပါးပါတယ်။နိုင်ငံခြား ငွေကြေး ကို အသုံး ပြု ကြတဲ့ ဒေသခံပြည်သူတွေ ကြားမှာလည်း အရမ်းကြီး သုံးစွဲတာမျိုးမရှိတဲ့ ငွေကြေး လို့ ပြောလို့ရပါတယ်။ကမ္ဘော ဒီးယား ပြည်သူ တော်တော်များများက ငွေပေးချေမှုတွေ မှာ အမေရိကန်ဒေါ်လာ ကို သုံးကြတာများပါတယ်။ဒီအချက်တွေက ငွေကြေး တန်ဖိုးကို နိမ့်ပါးစေတဲ့ အကြောင်းအရင်းတွေထဲ က တစ်ခုပါ။

No.10 – Burmese Kyat

fxssi.com

Currency code – MMK

1 USD = 1385 MMK

ဒါကတော့(၂၀၁၈) ဇွန်(၂၅)ရက်နေ့က ရထားတဲ့ နောက်ဆုံးရ ငွေကြေးတန်ဖိုးအပေါ် မူတည်ပြီး ထုတ်ပြန်ထား တဲ့ စာရင်းပါ။လက်ရှိ အနေအထားနဲ့ဆိုရင်တော့ နံပါတ်စဉ် အပြောင်းအလဲတွေ လည်း ရှိနိုင်ပါတယ်။(၂၀၁၈)စက်တင် ဘာ(၂၀)ရက်နေ့မှာ ဘဏ်တွေက ထုတ်ပြန်ထားတဲ့  exchange rate  ကတော့ တစ်ဒေါ်လာ ကို မြန်မာကျပ်ငွေက (၁၆၀၀) ကျော်လောက်အထိ မြင့်တက်သွားတာကို တွေ့ရပါတယ်။

Source fxssi.com

SHARE