ကီလိုမီတာ တစ်ရာ ခရီးနှင်ပြီး သခင်ဟောင်းဆီ ပြန်လာခဲ့တဲ့ ကုလားအုတ်

Image:wechat/Bayan Nur Daily

တိရစ္ဆာန် တွေရဲ့ သစ္စာရှိမှု၊သံ ယောဇဉ် ကြီးမှုနဲ့ အစွဲ အလန်း ကြီးမှု တွေ က တော့  လူတွေ ထက် တောင် ပိုတယ်လို့ ပြော လို့ရပါတယ်။သစ္စာရှိ၊သံ ယောဇဉ်ကြီး လွန်းတဲ့ သစ်ကုလား အုတ် လေး တစ်ကောင်ရဲ့ အ ကြောင်းကိုတော့ odditycentral မှာ  ဖော်ပြ ထားပါတယ်။သခင် ကို လွမ်းတဲ့ စိတ်နဲ့ သဲကန္တရ ကြီးကို ခရီးနှင်ပြီး ပြန်လာခဲ့တာပါ။ သခင် က တခြားသူဆီ ရောင်းလိုက်ပြီး (၈)လ အကြာ မှာတော့ သခင် ဟောင်းဆီ ပြန်လာခဲ့တာပါ။တရုတ်မီဒီယာ တွေမှာပါ သံယောဇဉ် ကြီးလွန်းတဲ့ သစ်ကုလားအုတ် လေး ဆိုပြီး ဖော်ပြခဲ့ပါတယ်။

Image:wechat/Bayan Nur Daily

တရုတ် မြောက်ပိုင်း မွန် ဂိုလီးယား  ကိုယ်ပိုင် အုပ် ချုပ် ခွင့်ရ ဒေသ ရဲ့ သဲကန္တရကြီး ကို ဖြတ် ကျော်လာ ခဲ့တာပါ။ သခင် ဟောင်းဆီ ပြန်လာ  ရောက် ချိန် မှာတော့ အကြာကြီး ခရီးနှင်လာရတဲ့ ဒဏ် ကြောင့် လို့  ကုလားအုတ်ရဲ့ ကိုယ်မှာ ဒဏ်ရာတွေ ပါ ရ နေခဲ့ပါတယ်။သ ခင် ဖြစ်သူ က တခြား လယ်သမား ဆီကို  ရောင်းစား လိုက် ပေမယ့် လည်း  ကုလား အုတ်က သံ ယောဇဉ် မပြတ် နိုင်ပဲ ပြန်လာခဲ့တာပါ။

READ
ဂီတပညာရှင် (11)ဦး ကွပ်မျက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြောက်ကိုရီးယား အမျိုးသမီး
Image:wechat/Bayan Nur Daily

Temur ဆိုတဲ့ အမျိုးသားနဲ့ ဇနီး ဖြစ်သူဟာ (၂၀၁၉) အောက်တိုဘာ တုန်းက ကုလား အုတ် ကို တခြားလူဆီ ရောင်း စား ခဲ့တာပါ။ကီလိုမီတာ တစ်ရာ လောက် တောင် ခရီးနှင်ပြီး သူ တို့ ဆီကို ပြန်လာတာ သိရ ချိန် မှာတော့ သူ့ ကုလားအုတ် ကို ပြန် လို ချင်လာခဲ့ပါတယ်။ပိုင်ရှင် သစ် ဆီ ရောက် စ မှာတော့ အဆင် ပြေ နေသလို ရှိခဲ့ ပေမယ့် တစ်ရက်မှာ တော့ ပြန် ပြေးလာခဲ့တာပါ။ ဒီ သတင်းကို ကြားလိုက် တော့ သူ့ကို ပြန်လိုချင်လာတယ်။ပိုင်ရှင် သစ် ကို ဆက်သွယ်ပြီး ဒီ အ ကောင်နဲ့ တခြား ငယ်တဲ့ ကုလား အုတ်ကို အစားထိုး လဲ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။တခြား သူကို ရောင်းလဲ မ ရောင်းတော့ဘူး..” လို့  Temur ရဲ့ ဇနီးဖြစ်သူ က ပြောခဲ့ပါတယ်။

READ
လိင်မှုဆိုင်ရာ ကျွမ်းကျင်သင်တန်းဖွင့်ခဲ့တဲ့ ရုရှ(၁၀)ဦးကို ထိုင်းရဲဖမ်းဆီးထိန်းသိမ်း

 

#SHWEMOM

SHARE