သခင်ဖြစ်သူကို ကားလမ်းဘေးတစ်နေရာမှာ (၄) နှစ်တိုင် စောင့်ဆိုင်းနေခဲ့တဲ့ ခွေးလေး

dailymotion

(၂၀၁၉) ခုနှစ် စက်တင်ဘာလတုန်းက အာနူချစ်အမည်ရတဲ့ ထိုင်းအမျိုးသားတစ်ယောက်ဟာ မော်တော်ဆိုင်ကယ်မောင်းလာရင်း  ဟိုင်းဝေးလမ်းတစ်နေရာမှာ အထီးကျန်ဝမ်းနည်းနေပုံရတဲ့ ခွေးလေးတစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခွေးလေးဟာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံပါပဲ။

နောက်တစ်နေ့မှာလည်း အာနူချစ်က ကိစ္စရှိလို့ဆိုပြီး အရင်နေ့တုန်းက သွားခဲ့တဲ့ ဟိုင်းဝေးလမ်းအတိုင်း ပြန်သွားဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကားလမ်းဘေးမှာ သနားစဖွယ် ခွေးလေးက ရှိနေဆဲပါပဲ။ အာနူချစ်က သူ့မော်တော်ဆိုင်ကယ်ကို ရပ်ပြီး ခွေးလေးကို သွားကြည့်ပါတယ်။ ပြီးတဲ့နောက် ကားလမ်းပေါ်မှာ အထီးကျန်နေတဲ့ ခွေးလေးအကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတင်ခဲ့ပါတယ်။ ခွေးလေးရဲ့ အကြောင်းကတော့ ဒီလိုပါ။

screenshot from dailymotion

ဆာအိုဝါလက်ခ်အမည်ရတဲ့ အမျိုးသမီးတစ်ဦးကတော့ သူမဟာ (၂၀၁၆) ခုနှစ်ကတည်းက အဲ့ဒီခွေးလေးနဲ့ စသိခဲ့တာလို့ ပြောပြပါတယ်။ ခွေးလေးကို သနားတာနဲ့ သူမက မွေးဖို့ အိမ်ခေါ်လာပြီး တိရစ္ဆာန်ဆရာဝန်နဲ့ ပြပါတယ်။ ပြီးတော့ သူမက လီယိုဆိုပြီး နာမည်ပေးလိုက်ပါတယ်။ ဒါပေမယ့် လီယိုက သူမအိမ်မှာ ကြာကြာမနေပါဘူး။ ရက်နည်းနည်းလောက်ကြာတော့ လီယိုက ပျောက်သွားပါတယ်။ ဆာအိုဝါလက်ခ်က လိုက်ရှာတော့ လီယိုဟာ သူမနဲ့ အရင်ဆုံးစတွေ့ခဲ့တဲ့ ဟိုင်းဝေးလမ်းမကြီးဘေးမှာ ပြန်ရောက်နေတာကို တွေ့လိုက်ရပါတော့တယ်။

READ
မပြောင်းလဲတဲ့ အချစ်စစ်ဆိုတာရှိကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

ဒါနဲ့ပဲ သူမက ခွေးလေးကိုအိမ်ခေါ်မွေးဖို့ မကြိုးစားတော့ပဲ နေ့တိုင်း လီယိုရှိတဲ့နေရာကိုသာလာပြီး အစာရေစာ လာကျွေးနေခဲ့ပါတယ်။ မကြာပါဘူး။ အာနူချစ်ရဲ့ ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ လီယိုရဲ့ သတင်းကို လီယိုရဲ့ ကနဦးပိုင်ရှင်အဟောင်းက ဖတ်မိသွားပါတယ်။ လီယိုရဲ့ သခင်ဟောင်းကတော့ အမျိုးသမီးကြီး နွိုင်ဆိုသူပါ။ လီယိုဟာ (၂၀၁၅) ခုနှစ်မှာ နွိုင်နဲ့အတူလိုက်ပါလာရင်း ထရပ်ကားပေါ်ကနေ ကားလမ်းပေါ်ပြုတ်ကျကျန်ခဲ့တာ ဖြစ်ပါတယ်။ လီယိုသတင်းလည်း ကြားရော နွိုင်ဟာ လီိယိုနဲ့တွေ့ဆုံဖို့ လီယိုရှိရာ ဟိုင်းဝေးလမ်းမကြီးဘေးကို လာခဲ့ပါတယ်။ လီိယိုက နွိုင့်ကို ချက်ခြင်းမှတ်မိပြီး သူ့သခင်ကို ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် လီယိုက နွိုင်နဲ့ အိမ်ပြန်မလိုက်ခဲ့တော့ပါဘူး။

ဆာအိုဝါလက်ခ်ကလည်း သူမက လီိယိုကို တော်တော်ကြီး သံယောဇဉ်တွယ်နေပြီဖြစ်တဲ့အတွက် ဒီတိုင်းထားခဲ့ပေးပါလို့လည်း နွိုင့်ကို တောင်းဆိုခဲ့ပါတယ်။ ထိုအချိန်တည်းကစလို့ လီယိုဟာ နွိုင့်ကို စောင့်ဆိုင်းနေစရာ၊ ၀မ်းနည်းနေစရာမလိုတော့ပဲ ဆာအိုဝါလက်ခ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိသွားခဲ့ပြီဖြစ်ကြောင်း littlethings သတင်းအရ သိရပါတယ်။

READ
ပင်လယ်ထဲမှာ ဒုက္ခသည်(၁၉)ဦးကို ကယ်တင်ခဲ့တဲ့ မိန်းမပျိုလေး အိုလံပစ်ရေကူးမယ် ဖြစ်လာခဲ့

လင်းလင်း (ShweMom)

SHARE